အုတ်တိုက်၏ခန်.မှန်းတန်ဖိုးတွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
26380 Views

အုတ်တိုက်၏ခန်.မှန်းတန်ဖိုးတွက်နည်း

Knowledge | Posted by Si Thu Aung

ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

ထုထည်ခန်.မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်းထုထည်ကို၎င်းဒေသရှိ အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသောနည်းဖြစ်၏။

ထုထည်တွက်ရာတွင် အောက်ခံခုံဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက်ရ၏။ ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံမျက်နှာပြင်မှ လျောက်တန်း(Pole plate) အထက်ခေါင်မိုးအမြင့်၏ နှစ်ပုံတစ်ပုံ အထိအကွာအဝေးဖြစ်၏။

အုတ်တိုက်များတွင်မူ အမြင့်သည်အုတ်မြစ်အုတ်နံရံမှ မိကျောင်းတုံး ( Wall Plate) အထက်ခေါင်မိုးအမြင့်၏နှစ်ပုံတစ်ပုံအထိအကွာအဝေးဖြစ်၏။ အောက်ခံခုံ ဧရိယာအတွက် အတိုင်းအတာများမှာ အောက်ခံခုံ
ဧရိယာတွက်နည်းအတိုင်းပင်ဖြစ်၏။

ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ခန်.မှန်းတန်ဖိုးကို ထုထည်ခန်.မှန်းခြေနည်းဖြင့်ရှာ
မယ်ဆိုရင်။

အုတ်တိုက်၏အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ်အနားအထိ ( 15 ပေ)၊ အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင် အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူ
နစ်နှုန်းမှာ (1000)ကျပ်ဖြစ်သည်။

ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C

= (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’)
= 480 sq-ft + 224 sq-ft + 280 sq-ft
= 984 sq-ft

အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’)
= 22’

အုတ်တိုက်၏ ထုထည် = အောက်ခံခုံဧရိယာစုစုပေါင်း x အမြင့်
= 984 x 22
= 21648 ကုဗပေ

အုတ်တိုက်၏ ခန်.မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ် နှုန်း
= 21648 x 1000 ကျပ်
= 216.5 သိန်းခန်.

ထိုကြောင့် ပုံ (၃-၁) တွင်ဖေါ်ပြထားသော အုတ်တိုက်၏ ခန်.မှန်းတန်ဖိုးမှာ 216 သိန်း 5 သောင်းခန်.ကုန်ကျနိုင်ပါသည်။

မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ်မူတည်ပြီး အစားထိုးတွက်ယူပါရန်။

Credit: Nay Nann Thukha Construction

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service