မြေယာပြဿနာပြေလည်သွားသဖြင့် ကေတုမတီစက်မှုဥယျာဉ်မြို့တော်စီမံကိန်း ၂၀၁၆ ဇန်န၀ါရီတွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
804 Views

မြေယာပြဿနာပြေလည်သွားသဖြင့် ကေတုမတီစက်မှုဥယျာဉ်မြို့တော်စီမံကိန်း ၂၀၁၆ ဇန်န၀ါရီတွင် စတင်မည်

ကုမ္ပဏီနှင့် ဒေသခံ တောင်သူ လယ်သမား အကြား ဖြစ်ပွားနေသည့် မြေယာပြဿနာများပြေလည်သွား သဖြင့် တောင်ငူမြို့တွင် ကေတုမတီ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းကို ၂၀၁၆ ဇန်န၀ါရီ၌ ပြန်လည် အကောင် အထည်ဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရန်ကုန်-မန္တလေးအမြန် လမ်းမဘေးတွင် အကောင်အ ထည်ဖော် မည့် ကေတုမတီစက်မှု ဥယျာဉ်မြို့တော်စီမံကိန်းသည် ၂၀၁၃ ကတည်းက လုပ်ကိုင်ခွင့် ရရှိသော်လည်း လယ်သမားများ ဘ၀အာမခံချက်နှင့် မြေယာဝယ် ယူရေးအခက်အခဲများရှိသဖြင့် အကောင်အထည်ဖော် ရန် နှောင့် နှေးခဲ့ရခြင်း ဖြစ်သည်။

၂၀၁၅ ဇန်န၀ါရီတွင် အ ထက်ပါစီမံကိန်းနှင့် ပတ်သက်၍ ထောက်ခံပွဲနှင့် ကန့်ကွက်ပွဲ များ ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင် ကုမ္ပဏီဘက် က တောင်သူလယ်သမား များအတွက် ဦးဆောင်လုပ်ကိုင်ပေးနေသည့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်များနှင့် သုံးကြိမ်တွေ့ဆုံပြီးနောက်ညှိနှိုင်းအဆင်ပြေမည်ဖြစ်
ကြောင်း ထို ပါတီ၏ တောင်ငူ ခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးမိုးက ပြောကြားသည်။

‘‘စုစုပေါင်း သုံးကြိမ်ညှိနှိုင်း ခဲ့တယ်။ ကုမ္ပဏီကပေးထားတဲ့ ကတိတွေကိုတော့ စောင့်ကြည့် သွားရမယ့် သဘောရှိတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစီမံကိန်းကို CB ဘဏ်၊ တော်ဝင်ကေတုမတီ (တောင်ငူ) ဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ် ငန်းများနှင့် ကောင်းမြန်မာအောင် ကုမ္ပဏီ (ကေအမ်အေကုမ္ပဏီ) ဥက္ကဋ္ဌ လက်ရှိနိုင်ငံတော် သမ္မတအကြံပေးအဖြစ် လုပ်ကိုင်နေသည့် ဦးခင်မောင်အေးက အ ကောင်အထည်ဖော်ရန် စတင်ခဲ့ ခြင်း ဖြစ်သည်။ ထိုစီမံကိန်းအ တွက် မြေဧက တစ်သောင်းနှစ် ထောင်ကျော်အသုံးပြုရန် ရည် ရွယ်ထားသည်ဟု သိရသည်။

အဆိုပါစီမံကိန်းကို ဇန်န၀ါရီ တွင် အကောင်အထည်ဖော် မည် ဖြစ်ပြီး ပထမအဆင့် မြေဧက ၂၀၀ အကောင် အထည်ဖော်မည် ဖြစ်သည်။ ရလဒ်ပေါ်မူတည်၍ ဒုတိယ အဆင့်ဧက ၁,၀၀၀ ကျော်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း ကေတုမတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီဒါရိုက်တာ ဒေါ်ခင်ဌေး က ပြောသည်။

‘‘လက်ရှိမှာတော့ ကုမ္ပဏီ တစ်ခုပဲရှိသေးတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက ကမ်းလှမ်းတာပဲ ရှိသေးတော့ ဘယ်ကုမ္ပဏီပါမယ် ဆိုတာ အတိအကျမပြောနိုင်သေး ဘူး’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ကုမ္ပဏီဘက်က တောင်ငူဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန်နှင့် ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် သည်ဟု ဆိုသည်။ ၂၀၁၅ ဇန်န၀ါရီတွင် ကုမ္ပဏီဘက်က လယ်မြေတစ်ဧကလျှင် ကျပ်ရှစ်သိန်းခွဲအနည်းဆုံးပေး၍ ၀ယ်ယူပြီး လယ်ရောင်းသည့် လယ်သမားများအား အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းအပိုဆောင်းပေးခဲ့သည်ဟု ဆိုသည်။

သို့သော် ကန့်ကွက်သူများ က ယင်း စီမံကိန်းမြေနေ ရာတွင် ကျေးရွာပေါင်း ၆၀ မှ လယ်မြေများပါဝင် ပြီး ဘ၀အာမခံချက်မရှိဘဲ လယ် သမားများအား အလုပ်သမားများ ဖြစ်အောင် ပြုလုပ်သော စီမံကိန်း ဖြစ်နေ၍ဦးဆောင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း
တောင်ငူခရိုင်တောင်သူလယ်သမားပါတီဥက္ကဋ္ဌ ဦးကျော်စိုးမိုးက ပြောကြားသည်။

လယ်သမားများကန့်ကွက် ဆန္ဒပြမှုများကြောင့် ကုမ္ပဏီဘက် က ယင်းနှုန်းထားပေးခြင်းဖြစ်ပြီး ယခင်က ကျပ်ငါးသောင်းခန့်ပေးကာ ခြိမ်းခြောက် ၀ယ်ယူ ခဲ့ကြောင်း ဒေသခံလယ်သမားတစ်ဦးက ပြောသည်။ လက်ရှိတွင် ပေါက်ဈေးမြင့်နေသောကြောင့် လယ်ယာ မြေရောင်းချလိုသူများလာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service