တောင်ဒဂုံရှိ အငှားအိမ်ရာစီမံကိန်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် နေထိုင်ခွင့် လျှောက်ထားနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
1916 Views

တောင်ဒဂုံရှိ အငှားအိမ်ရာစီမံကိန်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် နေထိုင်ခွင့် လျှောက်ထားနိုင်ပြီ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်တွင် တည်ဆောက်နေသော အငှားအိမ်ရာစီမံကိန်းအား လာမည့်နှစ် မတ်လကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းက စပြီး ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ပြီဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

အိမ်အခန်းတစ်ခန်းလျှင် အိပ်ခန်း ၂ ခန်းစီပါဝင်သော အိမ်ခန်းပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် အဆိုပါ အငှားအိမ်ရာစီမံကိန်းတွင် ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း အစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်သည်။
အဆိုပါ အိမ်ရာကို မည်သည့်ကာလတွင် ပြည်သူများထံ အငှားချပေးမည်နည်းဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ အတိုက်အခံအမတ် ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် မေးမြန်းမှုအပေါ် ဝန်ကြီးဦးကျော်စိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် အခန်းပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်ဖြင့်သာ လျှောက်ထားနိုင်မည်ဟုလည်း ဆိုသည်။
"စီမံကိန်းတွင် ငှားရမ်းနေထိုင်လိုသူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအနေဖြင့် ငှားရမ်းနေထိုင်ခွင့် လျှောက်လွှာတင်သွင်းရမှာဖြစ်ပြီး လျှောက်လွှာနဲ့အတူ နေထိုင်ခန်းပိုင်ဆိုင်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပူးတွဲတင်ပြရန် လိုအပ်ပါတယ်" ဟု ဦးကျော်စိုးက ပြောသည်။

အဆိုပါ အငှားအိမ်ရာစီမံကိန်းအား ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ကျပ်ဘီလီယံပေါင်း ၂၀ (ကျပ်သန်းပေါင်း နှစ်သောင်း)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်အစိုးရအဖွဲ့က ယခုနှစ် ဇွန်လအတွင်းပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

အခန်းပေါင်း(၂၀၀၀)ခန့် ပါဝင်မည့် အဆိုပါ အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် လျှောက်ထားသူဦးရေမှာ အခန်းအရေအတွက်ထက် ပိုနေပါက မဲစနစ်ဖြင့် ငှားရမ်းခွင့်ပြုမည်ဟုလည်း ၀န်ကြီးဦးကျော်စိုးက ပြောသည်။ သို့သော် မည်သည့်နှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုမည်ကိုမူ ၀န်ကြီးဦးကျော်စိုးက လွှတ်တော်အစည်းအဝေးတွင် ပြောဆိုသွားခြင်း မရှိပေ။

Credit: Mizzima News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service