အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် သတ်မှတ် စံချိန်မီတဲ့ အိမ်ရာစီမံကိန်းတွေ နောက်ပိုင်း၊ပေါ်ထွက်လာမှာလား - Property News in Myanmar from iMyanmarHouse.com
1238 Views

အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် သတ်မှတ် စံချိန်မီတဲ့ အိမ်ရာစီမံကိန်းတွေ နောက်ပိုင်း၊ပေါ်ထွက်လာမှာလား

"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ လူမဆန် တဲ့ အထပ်မြင့်တိုက်တွေ အများအပြားပဲ ပေါ်ထွက်
လာခဲ့တယ်" လို့ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။ လူမဆန်ဘူးလို့ သုံးနှုန်းလိုက်တာကတော့ လက်ညှိုးထိုးမလွဲမြင်တွေ့ရမယ့် ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ရန်ကုန်မြို့ ပေါ်က အထပ်မြင့် အဆောက်အအုံတွေကိုဖြစ်ပါတယ်။

"တွေ့တဲ့အတိုင်း ဒီတိုက်တွေဟာ တစ်ခုနဲ့ တစ်တိုက် ကပ်လွန်းအားကြီးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဒီလိုတိုက်တွေ အများ ကြီးပဲပေါ်ထွက်လာခဲ့တယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းလုပ် ဆောင်တဲ့ Private Public Partnership (PPP) လို့ခေါ်တဲ့ စနစ်အရ ပုဂ္ဂလိကကုမ္ပဏီတွေက များများမြတ်တဲ့ ဒီလို တိုက်မျိုးတွေ အများကြီးပဲ ဆောက်ခဲ့ကြ တယ်" လို့ ဒေါက်တာကျော်လတ် က ပြောတယ်။

လူနေထိုင်တဲ့ အထပ်မြင့်တိုက်တွေမှာ ကားရပ်စရာနေရာတွေ ထည့်သွင်းပေး မထား ခြင်း၊ ကလေးငယ်တွေအတွက် ဆော့ကစားစရာ နေရာမရှိခြင်း၊ နေထိုင်သူတွေအတွက် စနစ် ကျတဲ့ အမှိုက်စွန့်ပစ်ပုံစံမရှိ ခြင်း၊ အဆောက်အအုံတစ်ခုနဲ့ တစ်ခုကြား ရှိသင့်တဲ့ အကွာ အဝေးမရှိခြင်း စတာတွေဟာ လူသားမဆန်ဘူးလို့ ပြော စရာဖြစ် လာတယ်လို့ သူက ပြောပါ တယ်။

"လူလတ်တန်းစားအများစုဟာ ဒီစနစ်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြ တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဆောက်ထားတဲ့ အဆောက်အအုံတွေဟာ ပြတင်းပေါက် အလုံအလောက်မရှိ တော့ သဘာဝအလင်းရောင် အပြည့်အ၀ မရနိုင်ဘူး။ ပြီးတော့ လေ၀င်လေ ထွက်လည်း မကောင်းပါဘူး။ လူနေထိုင်တဲ့ နေရာတစ်ခု ဆိုတာ သင့်လျော်တဲ့ လေ၀င်လေထွက် စနစ် ရှိကိုရှိရပါမယ်။ ဥပမာပြောရရင် အိမ်သာ မှာ လေ၀င်လေထွက်ပေါက် တစ်ပေါက် ရှိသင့်တာ မျိုးပေါ့" လို့ ဒေါက်တာကျော်လတ် က ပြောတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများအရ အဆောက်အအုံ ဆောက် လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ကန်ထရိုက် တာတွေဟာ လျှပ်စစ် မီတာ တပ်ဆင်ခြင်း၊ ထရန်စီဖော်မာတပ်ဆင်ခြင်း၊ အရေးပေါ် ထွက်ပေါက်တပ်ဆင်ခြင်း၊ ရေဆိုး စွန့်ပစ်ခြင်း နဲ့ အမှိုက်စွန့်ပစ်စနစ်၊ မီးဘေးလုံခြုံရေးစနစ်၊ လမ်းတံတားဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်း ၍ သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပေမယ့် လက်ရှိ လူလတ်တန်းစားတွေနေထိုင်နေကြရတဲ့ အထပ်မြင့်အဆောက်အအုံတွေဟာ အဓိကကျ တဲ့အခြေခံစနစ်တွေ ရှိမနေတာကို တွေ့ရမှာပါ။ "လက်ရှိ ကျွန်မနေတဲ့ တိုက်ကခုနစ်ထပ် ရှိတယ်။

ဒါပေမဲ့ အရေးပေါ်ထွက်ပေါက်တို့၊ မီးသတ်လှေကားတို့ မပါပါဘူး။ အရင်ငှားနေခဲ့တဲ့ တိုက်မှာတော့ နောက်ဖေးမှာ အရေးပေါ် လှေကားပါတယ်။ ဒါပေမဲ့ သံချောင်းသေး သေးလေးတွေနဲ့ အဖြစ်လုပ် ထားတာ" လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်သီရိက
ပြောတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service