တန်ဖိုးနည်းအိမ်ရာ အခန်း (၁၈၀၀)ကျော်အား အငှားအိမ်ရာ စနစ်သို့ ပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com
1823 Views

တန်ဖိုးနည်းအိမ်ရာ အခန်း (၁၈၀၀)ကျော်အား အငှားအိမ်ရာ စနစ်သို့ ပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်း အိမ်ရာများမှ အခန်းပေါင်း (၁၈၆၄)ခန်းအား ပြည်သူ့အငှားအိမ်ရာ အခန်းသို့ ပြောင်းလဲငှားရမ်းရန် စီစဉ်နေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

“အခု ရောင်းနေတဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းတွေမ၀ယ်နိုင်တဲ့သူတွေ များနေသေးတဲ့အတွက် အငှားအိမ်ရာ စနစ်ကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်”ဟုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

လက်ရှိ ရောင်းချနေသည့် တန်ဖိုးနည်း အိမ်ရာများ၊ ၀င်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်ခြင်း မရှိသည့်အပြင်၊ ကြိုတင်ငွေ (၃၀)ရာခိုင်နှုန်းကို မပေးဆောင်နိုင်သူ အများအပြားလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် ရွှေလင်ပန်းအိမ်ရာ အပိုင်း(၁)မှ အကျယ်အနည်းဆုံး (၅၂၂) စတုရန်းပေရှိသော အခန်းပေါင်း (၁၀၀၀)နှင့် ယုဇန (၉၄)ရပ်ကွက် တန်ဖိုးနည်း အိမ်ရာမှ (၈၆၄)ခန်းကို အငှားအိမ်ရာစနစ်သို့ ပြောင်းလဲ၍ နိုင်ငံတော် အစိုးရထံ တင်ပြထားကြောင်း သိရသည်။

“အိမ်ခန်းပေါက်ပေမဲ့ ပထမဆုံးအရစ်ကို ပေးသွင်းဖို့ ငွေကအခက်အခဲ ဖြစ်နေတယ်။ ဘဏ်ချေးငွေ ကျတော့လည်း နှစ်ကနည်းနေသေးတဲ့ အတွက် သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် သွားပြီးအကြောင်း မကြားနိုင်သေးတာ”ဟု ရွှေလင်ပန်းအိမ်ရာ မဲပေါက်ထားသူ ကုမ္ပဏီဝန်ထမ်း ဒေါ်ချိုချိုလတ်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာ အခန်းများအား အငှားအိမ်ရာ အခန်းပြောင်းလဲငှားရမ်းရန် ကျပ်သိန်း (၁၂၀)အခန်း ဖြစ်ပါက တစ်လလျှင် (၅၀၀၀၀)ကျပ်နှင့် နှစ် (၂၀) အရင်း ကြေသည်ထိ ပေးခြင်းစသည့် နှုန်းထားများဖြင့် ငှားရမ်းရန် စီစဉ်နေကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်များ ဖြည့်တင်းနိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန လမ်းညွှန်ချက်ဖြင့် တန်ဖိုးနည်းအိမ်ရာ (၁၀) ခုအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

Credit: Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service