သဘာဝ ဘေးအန္တရာယ်နှင့် မြေငှားနေသူတို့၏ အခွင့်အရေး - Property Knowledge in Myanmar from iMyanmarHouse.com
1473 Views

သဘာဝ ဘေးအန္တရာယ်နှင့် မြေငှားနေသူတို့၏ အခွင့်အရေး

Knowledge | Posted by Zarni Kyaw

တစ်နေ့က မိတ်ဆွေတစ်ဦး စာရေးသူ၏ ရုံးခန်းသို့ ရောက်လာပါသည်။

''ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ဈေးကွက်ဂျာနယ်ထဲမှာ သူငယ်ချင်းရဲ့ သဘာဝဘေးအန္တရာယ်နှင့် အိမ်ငှားတို့၏ အခွင့်အရေး ဆောင်းပါးကို ဖတ်ရတယ်''

''အေး၊ အခုကာလမှာ သဘာဝအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြရလို့ ဗဟုသုတအဖြစ် ရေးလိုက်တာပါ''

''သူငယ်ချင်းရဲ့ ဆောင်းပါးအရဆိုရင် ငှားရမ်းနေထိုင်တဲ့ အဆောက်အအုံဟာ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးသွားလို့ အိမ်ရှင်က အသစ်ပြန်ဆောက်တဲ့အခါ နေအိမ်သစ်မှာ အိမ်ငှားများ ပြန်နေမဖြစ်ဘူးဆိုတဲ့ သဘောကို တွေ့ရတယ်''

''အေးလေ၊ သဘာဝဘေး အန္တရာယ်တစ်ခုခုကြောင့် အဆောက်အအုံ ပျက်သွားမှတော့ ပြန်ထားဖို့ မဖြစ်နိုင်တော့ဘူးပေါ့''

''အင်း- အခုဟာက မြေကွက်ကို ငှားတာဖြစ်နေတော့''

''မြေကွက် ငှားရမ်းပြီး မြေပေါ်မှာ အဆောက်အအုံ ဆောက်လုပ်နေထိုင်ခွင့်ပေးတာမျိုး မဟုတ်လား''

''နယ်မှာ ရေကြီးတာနဲ့ အိမ်ပါသွားတယ် ဆိုပါတော့။ အခု ငှားထားတဲ့ မြေပေါ်မှာ အိမ်ပြန်ဆောက်တော့ ပြဿသာနာဖြစ်တော့တာပဲ။ မြေရှင်က တားမြစ်တယ်လို့ ပြောတယ်။ အဲဒီလို ကိစ္စတွေကြတော့ ဥပဒေဘယ်လိုရှိလဲ သူငယ်ချင်း''

''အေး၊ ဟုတ်တယ် အထူးသဖြင့် မြို့ကြီးတွေထက် နယ်တွေ၊ ကျေးရွာတွေမှာ မြေငှားကြတာတွေ ရှိကြတယ်၊ လယ်သမားတွေဆိုရင် လယ်မြေထဲမှာပဲ မြေငှားပြီး တဲဆောက်နေကြတာ''

''ငါ့ဇာတိရွာမှာဆိုရင် ဒီလိုပဲ မြေငှားပြီး အိမ်ဆောက်နေကြတာပဲ။ ဟိုတုန်းကတော့ မြေငှားရမ်းခကလည်း ဘာရှိမလဲကွာ။ ရာဂဏန်းတောင် မရှိဘူး။ အတော်နေရာကောင်းပြီး မြေကွက်လည်း ကျယ်မှ ရာဂဏန်းပဲရှိတာ။ ရပ်ဆွေ ရပ်မျိုးဆိုတော့လည်း မြေငှားရမ်းခ မှန်မှန်ပေးနေရင်ပြီးတာပဲလေ။ ဘာပြဿနာမှ မရှိကြဘူး''

''အခုတော့လည်း မြေဈေးက ကြီးလာတော့ အမှုအခင်းတွေ ဖြစ်ကြတာပေါ့ သူငယ်ချင်းရယ်။ အခုမြို့ကြီးတွေမှာလည်း မြေငှားပြီး အဆောက်အအုံဆောက် စီးပွားရေးလုပ်တဲ့ အခြေအနေတွေ ရှိနေပြီ''

''ဟုတ်လား၊ ရှင်းပြပါအုံး သူငယ်ချင်း''

''နာမည်ကြီး လက်ဖက်ရည်ဆိုင်တွေ၊ ပုဂ္ဂလိက ဘဏ်တွေ၊ ကားအရောင်းပြခန်းတွေဟာ မြေကိုငှားပြီး မိမိစရိတ်နဲ့ အဆောက်အအုံဆောက်လုပ်ကြတာတွေဖြစ်တယ်''

''အင်း၊ ဟုတ်တယ်၊ ပုဂ္ဂလိက ဘဏ်တွေဟာ မူလအဆောက်အအုံကို ပြန်လည်ပြုပြင်ပြီး ဘဏ်အဆောက်အအုံ ပုံစံဆောက်လုပ် ဖွင့်လှစ်ကြတာတွေ့ရတာပဲ''

''အဲဒါ နှစ်အကန့်အသတ်နဲ့ မြေငှားကြတာပဲဖြစ်တယ်၊ အနည်းဆုံး ၁ဝ နှစ်ကနေ ၁၅ နှစ်၊ အနှစ် ၂ဝ၊ ၂၅ နှစ် စသဖြင့် ငှားရမ်းကြတယ်''

''နယ်တွေ၊ ကျေးရွာကြီးတွေမှာလည်း ဗီဒီယိုပြတဲ့ ရုံတွေဆိုရင် မြေကို နှစ်ချုပ်နဲ့ငှားပြီး ဆောက်လုပ်ဖွင့်ကြတာပဲ''

''တိုက်ခန်းတွေကို မြေငှားပြီး ဆောက်တာရှိတယ်လို့လည်း ကြားဖူးတယ်''

''ဟုတ်တယ်၊ အရင်အစိုးရ လက်ထက်က ဝန်ကြီးဌာနက မြေတွေကို အနှစ် ၂ဝ၊ ၂၅ နှစ် စသဖြင့် ငှားရမ်းပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို အဆောက်အအုံ၊ တာဝါတွေ ဆောက်လုပ်ခွင့်ပြုတာရှိတယ်''

''တိုက်ခန်းတွေ ရောင်းရတဲ့ အကျိုးအမြတ်တွေက စီးပွားရေးသမားတွေက ခံစားတဲ့ သဘောလား''

"စနစ်ကတော့ တိုက်ခန်း အချို့တစ်ဝက်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ရုံးအဖြစ်ဖွင့်တာတွေ စတဲ့ ရပိုင်ခွင့်တွေတော့ ရှိတာပေါ့။ အဓိက အချက်ကတော့ မြေငှားတဲ့ကာလ နှစ်ပြည့်သွားတဲ့အခါ အဲဒီအဆောက်အအုံရဲ့ စီမံခန့်ခွဲခွင့် အစစအရာရာဟာ မြေပိုင်ရှင်က ခံစားခွင့်ရမှာပဲဖြစ်တယ်။ ဆောက်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်က ခံစားခွင့်လုံးဝမရှိတော့ဘဲ လွှဲပြောင်းပေးလိုက်ရတဲ့သဘော ဖြစ်တယ်''

''မြေငှားရမ်းတဲ့ နှစ်စေ့သွားရင် အဆောက်အအုံကို မြေပိုင်ရှင်ထံလွှဲပေးရတဲ့ သဘောလို့ ဆိုရမလား''

''မှန်တယ်၊ ဥပမာ- မြေငှားပြီး ဆောက်လုပ်ထားတဲ့ ရုပ်ရှင်ရုံတွေ၊ ဗီဒီယိုရုံတွေ၊ ကားအရောင်း ပြခန်းတွေ၊ စားသောက်ဆိုင်တွေဟာ မြေငှားရမ်းတဲ့ ကာလပြည့်ရင် အဆောက်အအုံကို ထားခဲ့ပြီး မြေရှင်ကို လွှဲပြောင်းအပ်နှံတဲ့ စနစ် ဖြစ်တယ်။ နှစ်ကြာရှည် ငှားပြီး ဆောက်ထားတဲ့ အဆောက်အအုံဆိုတော့ မြေငှားရမ်းကာလပြည့်ချိန်မှာ အဆောက်အအုံက ဟောင်းနွမ်းနေပြီလည်းဖြစ်ပါတယ်''

''စီးပွားရေးကောင်းတဲ့ နေရာဆိုရင် မြေရှင်
ထံပြန်အပ်လိုက်ရတော့ နှမြောစရာမဖြစ်ဘူးလား''

''ဒီလိုတွက်ရင်တော့ ဟုတ်တာပေါ့၊ စားသောက်ဆိုင်တွေ ဖွင့်တဲ့နေရာတွေဆိုရင် မြေရှင်က ဆက်ပြီးဖွင့်တာတွေ ရှိတာပေါ့၊ဘယ်လိုပဲဖြစ်ဖြစ် မြေကွက်ကိုငှားရမ်းပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံဟာ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးသွားလို့ ငှားရမ်းကာလသက်တမ်းမကုန်သေးရင်တော့ မြေငှားရမ်းထားသူက မြေပေါ်မှာ အဆောက်အအုံသစ် ထပ်မံဆောက်ခွင့် ရှိတယ်။

ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ''မောင် ကျော်ကျော်နှင့် မောင်ကျော်ငြိမ်း ပါ ၂ ဦး၊ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး၊ စာမျက်နှာ ၄၃၅ မှာ အိမ်ငှားမောင်ကျော်ငြိမ်းတို့က အငှားချထားသည့် မြေပေါ်က အိမ်မီးလောင်သွား၍ မီးလောင်ပြင် မြေပေါ်တွင် အိမ်သစ်ဆောက်လုပ်နေထိုင်သည်။ မောင်ကျော် ကျော်က
မောင်ကျော်ငြိမ်းတို့ကို မြေပေါ် ကျူးကျော်နေ ထိုင် သူအ ဖြစ် ဖယ်ရှားပေးရန် တရားစွဲဆို သည်။

တရားရုံးချုပ်က ဆုံးဖြတ် သုံးသပ်သည်မှာ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးဥပဒေအရ ပုဒ် မ ၂ (ဃ)တွင် ဥပစာဆိုသည်မှာ အဆောက်အအုံသာမက အ ဆောက်အအုံတည်ရာမြေလည်း ပါဝင်သည်။ ထို့ကြောင့် မောင် ကျော်ငြိမ်းတို့ မြေပေါ်တွင် အိမ် ဆောက်နေခြင်း မှာ ပုဒ်မ ၂ (ဆ) အရ၊ အိမ်ငှားအဖြစ်နေခြင်းသာ ဖြစ်သည်''ဟု ဆုံးဖြတ်ခဲ့ပါသည်။

ဒါကြောင့် မြေငှားအဖြစ် အဆောက်အအုံဆောက်လုပ် နေထိုင်သူများဟာ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် အဆောက်အအုံ ပျက်စီးသွားခဲ့ရင်အိမ်ငှားအဖြစ် ပြန်လည်ဆောက်လုပ်နေထိုင်ခွင့် ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

Credit: ဈေးကွက်ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service