အိမ်မြေ တိုက်ခန်း ရောင်းပေါင်စာချုပ်က ခိုင်မာမှုမရှိပါ - Property Knowledge in Myanmar from iMyanmarHouse.com
7020 Views

အိမ်မြေ တိုက်ခန်း ရောင်းပေါင်စာချုပ်က ခိုင်မာမှုမရှိပါ

Knowledge | Posted by Aye Myat Thu

ရပ်ကွက်ထဲမှာ နားလည်မှုနဲ. မြေ၊အိမ်၊ တိုက်ခန်းတွေကို ရောင်းပေါင်စာချုပ်ချုပ်ဆိုပြီး ပေါင်ကြတာတွေက ဥပဒေအရခိုင်မာမှု မရှိပေမဲ့ လက်ခံကြသူတွေ ရှိတယ်လို.သိရပါတယ်။

ရောင်းပေါင်စာချုပ်ချုပ်ဆိုပြီး တိုက်ခန်းဆိုရင် အခန်းပိတ်မှ လက်ခံကြတာများတယ်။ ပေါင်တဲ့အခါမှာလည်း တချို.က ကာလတန်ဖိုးရဲ.တစ်ဝက်လောက်အထိပေးပါတယ်။ တချို.သူတွေကျတော့ ကာလတန်ဖိုးရဲ. သုံးပုံတစ်ပုံ၊ တချို.က သုံးပုံနှစ်ပုံကိုသာ ချေးယူခွင့်ပြုကြတယ်လို.သိရတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘ တရားဝင်ခွင့်ပြုထားတာ မဟုတ်ပါဘူး၊ နားလည်မှုနဲ.ပဲ လုပ်နေကြတာ၊ ဒါပေမဲ့ တချို. ရောင်းပေါင်စာချုပ်တွေနဲ. ငွေချေးပြီးဆုံးသွားကြတာတွေများတယ်၊ အတိုးနှုန်းနဲ. ငွေအရင်း မဆပ်နိုင်ကြတာလေ၊ စာချုပ်ကာလက ခြောက်လချုပ်တာများတယ်’ လို.ရှင်းပြပါတယ်။

အပေါင်ထားတဲ့အခါမှာ အတိုးနှုန်းက သုံးကျပ်ကနေ ခုနစ်ကျပ်လောက်အထိ ရှိတယ်လို.ဆိုတယ်။ ရောင်းပေါင်စာချုပ်ချုပ်ဆိုကြတာက အပေါင်ခံသူကလည်း သူ.ဘက်က ခိုင်မာမှုရှိအောင် လုပ်တာ ဖြစ်သလို အပေါင်ထားသူ အတွက်ကတော့ ငွေမဆပ်နိုင်တာနဲ. တစ်ပါတည်း ဆုံးရှုံးသွားနိုင်ပါတယ်။ ပြင်ပဈေးကွက်မှာ သည်လို ဆုံးရှုံးသွားတဲ့ သူတွေရှိတယ် လို.လည်း သိရတယ်။ တရားဝင်ခွင့် ပြုထားတာ မဟုတ်ပေမဲ့ ရပ်ကွက်တွေထဲမှာ အခုလို အပေါင်ခံတဲ့သူတွေ ရှိပါတယ်။

အပေါင်ထားတဲ့သူအများစုက ပြည်ပထွက်ခွာဖို.အတွက် မိသားစု အရေးပေါ်ငွေလိုတာကြောင့်နဲ. ဝယ်ရောင်း(အိမ်ခြံမြေ)ဈေးကွက်ထဲဝင်ပြီး ဈေးကစားရင်းနဲ. ငွေမလည်တော့တာကြောင့် ပေါင်ကြတဲ့သူတွေများတယ်လို. သိရတယ်။

အကျိုးဆောင်ဒေါ်ကေသီက ‘တိုက်ခန်းအပေါင်ထားရင်တော့ အများစုက အခန်းကနေ ဖယ်ပေးရတယ်၊ ရောင်းပေါင် စာချုပ်ချုပ်ကြပြီးသော့အပ်ရတယ်၊ ပေါင်သူရဲဈ အမည်ပေါက်ဖြစ်ရတယ်၊ အတိုးက ပုံမှန်က သုံးကျပ်နဲ. ယူကြပေမဲ့ တချို.က ခြောက်ကျပ်ယူတာတွေရှိတယ်၊ ဒါက တရားယင် လုပ်ခင့်မရှိပေမဲ့ နားလည်မှုနဲ. ပေါင်လို.ရတယ်။ အတိုးက တစ်လတစ်ခါ ဆိုတော့ များတယ် ပေးရတာ၊ သက်တမ်းကိုတော့ နှစ်ဦးသဘောတူ ကန်.သတ်ကြတယ်’ လို.ပြောပါတယ်။

ဂရန်မြေကွက်နဲ. လုံးချင်းအိမ်တွေက ဘဏ်မှာ အပေါင်ထားလို.ရပေမဲ့ တိုက်ခန်းကတော့ မရဘူးလို. အကျိုးဆောင်တချို.ရဲ. ပြောပြချက်အရသိရပါတယ်။ အပေါင်ခံထားပြီး ဆုံးသွားတဲ့ အခန်း၊ အိမ်တွေကို ပြန်ရောင်းကြတာ ရှိပေမဲ့ တချို.တွေက အပေါင်ထားတဲ့ နေရာရဲ. ကာလတန်ဖိုးကိုဖြတ်ပြီး ငွေပြန်အမ်းပေးကြပါတယ်။ ရှားပေမဲ့ အများစုက အပိုင်ပေးလိုက်ရတာလို. သိရတယ်။ တချို.ကတော့ အပေါင်ခံထားသူနဲ. ညှိနှိုင်းပြီး ကာလတန်ဖိုးနဲ. ရောင်းလိုက်တာမျိုးလည်း ရှိတယ်လို. သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင်ဦးကျော်ဝင်းက ‘အပေါင်ခံတဲ့ အလုပ်တော့ စိတ်ဝင်စားပေမဲ့ နားမလည်လို. မလုပ်ရဲတာ၊ ဥပဒေအရ မခိုင်မာတော့ ပြဿနာ ဖြစ်ခဲ့ရင် ရှင်းရခက်မယ်၊ သေချာစစ်ဆေးပြီးမှ လုပ်သင့်တဲ့အလုပ်ပါ၊ ဒါပေမဲ့ ဈေးကွက်ထဲမှာ ဈေးဝင်ကစားကြတဲ့ ဝယ်ရောင်းသမားလေးတွေ တချို. ငွေလည်နိုင်တော့ပဲ ငွေကျပ်ပြီးအပေါင်ထားငွေလှည့်ကြတယ်၊ ပွဲစားအချင်းချင်း ငွေလှည့်ကြတာလဲ ရှိတယ်’ လို.ပြောပါတယ်။

သူကပဲ အပေါင်ထားတာက တရားဝင်ဖြစ်တဲ့ဘဏ်မှာ အပေါင်ထားတာတောင် ဟိုတလောက တာမွေဘက်မှာ ပြဿနာဖြစ်သွားတာ သိကြတဲ့ အတိုင်းပဲလေ၊ တိုက်ခန်းသမားတွေက မသိဘဲ မြေရှင်က ဘဏ်မှာ အပေါင်ထားပြီး ပြန်မရွေးဘဲ အဆုံးခံလိုက်တယ်၊ ဆုံးသွားလို. ဘဏ်က တရားဥပဒေအရလုပ်တော့ အမှုဖြစ်ကြရော။ အန္တရာယ်များတဲ့ အလုပ်ပါ။ ဖြစ်နိုင်ရင် အပြတ်ရောင်းပြီး ကိုယ့်ငွေနဲ. သင့်တော်တဲ့နေရာမှာ ပြန်ဝယ်နေ။ အပေါင်ထားတာတော့ အားမပေးဘူးလို.ရှင်းပြပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service