အိမ်ပြန်ပြင်ဆောက်တော့မယ်ဆိုရင် ဘာတွေကိုပြင်ဆင်ထား ရမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
2465 Views

အိမ်ပြန်ပြင်ဆောက်တော့မယ်ဆိုရင် ဘာတွေကိုပြင်ဆင်ထား ရမလဲ

Knowledge | Posted by Hnin Ei Khin

ကျွန်တော်တို့ နေထိုင်တဲ့ နေအိမ်တွေက နှစ်ရှည်လများကြာရှည် လာခဲ့လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မတော်တဆဖြစ်ပေါ်လာတဲ့ ရာသီဥ တုရိုက်ခတ်မှုဒဏ်ကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ဟောင်း နွမ်းပျက်စီးလာခဲ့ကြပါတယ်။ ဒီလိုမျိုးဖြစ်လာတဲ့ အခြေအနေတွေမှာ ဆက်ပြီးတော့ နေထိုင်လို့ရနိုင်၊ မရနိုင်ကို အိမ်တွေရဲ့ပျက်စီးမှုအနေ အထားကို ကြည့်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ ပျက်စီးယိုယွင်းမှု နည်းတဲ့ နေအိမ်တွေဆိုရင်တော့ ဆက်ပြီးတော့ နေထိုင်လို့ရသေးတဲ့ အတွက် မိသားစုတွေက မပြင်ဆင်ပဲ နေထိုင်ကြပြီး အချို့ဆို လုံးဝ ကိုနေထိုင်လို့မရနိုင်တော့လောက်အောင်ကို ပြိုကျတော့မယ့် နေ အိမ်တွေဆိုရင်တော့ ပြန်လည်ပြင်ဆင် တည်ဆောက်ရတော့မှာပါ။

ဒီ့အတွက်ကြောင့် ဒီလိုမျိုး နေအိမ်တွေကို အသစ်ပြန်တည်ဆောက် တော့မယ်ဆိုရင်လည်းကြိုတင်ပြင်ဆင်ထားရမယ့် အကြောင်းအရာ လေးတွေကို ဗဟုသုတအနေနဲ့သိရှိနိုင်အောင် ရေးသားဖော်ပြပေး လိုက်ပါတယ်။

၁။ အိမ်အသစ်ပြင်ဆင်မှုအတွက် အဓိကအရေးကြီးတာကတော့ ပြင်ဆင်မှုစရိတ်ပါပဲ။ ကုန်ကျမယ့်အသုံးစရိတ်ကို ကြိုတင်ပြီး ခန့်မှန်း ထားသင့်ပါတယ်။ အိမ်ရဲ့ဘယ်အပိုင်းအထိပြင်ဆင်မလဲ။ ဘယ်လိုပုံ စံ၊ ဘယ်လောက်အနေအထားထိ ပြင်ဆင်သွားမလဲဆိုတာတွေကို ကုန်ကျစရိတ် တွက်ချက်ထားရပါမယ်။ ကုန်ကျမယ့် စရိတ်ကို ကြို တင်ခန့်မှန်းပြီး အသုံးစရိတ်အလုံအလောက် ထားရှိရင်တောင်မှ ပြင်ဆင်ရင်း ပြင်ဆင်ရင်းနဲ့ တစ်ခါတစ်လေမှာ မလောက်ငတော့တဲ့ အနေအထားတွေတောင် ဖြစ်လာနိုင်တာမို့လို့ပါ။

၂။ ကိုယ့်အိမ်ပြင်လိုက်ပြီးရင် ဘယ်လိုပုံစံအနေအထားမျိုး ထွက် လာနိုင်မလဲဆိုတာ ကြိုတင်ပြီး မှန်းဆပုံဖော်ထားသင့်ပါတယ်။ အိမ် ပြင်ဆောက်ပေးမယ့် ကန်ထရိုက်တာပဲဖြစ်ဖြစ်၊ လက်သမားခေါင်း ဆောင်ပဲဖြစ်ဖြစ် တို့နဲ့တိုင်ပင်ပြီး ကိုယ်ဘယ်လိုအိမ်အနေအထားပုံ စံပြင်ဆင်လို့ရနိုင်မလဲနဲ့ ဘယ်လိုမျိုးလိုချင်လဲဆိုတာ ပြောပြပြီး အ ကြမ်းဖျင်းပုံဖော် ရွေးဆွဲတာမျိုးတွေ လုပ်ထားပါ။ ဘယ်နှစ်ခန်း ပြင်မယ်၊ ဘယ်လိုပြင်မယ် ဆိုတာတွေကို စကားနဲ့ပြောတာထက် အိမ်ပုံစံလေးပုံဖော်ရေးဆွဲထားလိုက်ခြင်းက ပိုပြီး ထင်ထင်ရှားရှား မြင်တွေ့နိုင်မယ်။ ပိုပြီးတော့လည်း တိကျမှုရှိလာနိုင်တာကြောင့်ပါ။

၃။ အနည်းဆုံး ငါးနှစ်ခံနိုင်ရည်ရှိအောင် ပြင်ဆင်ပါ။ အိမ်ရဲ့အကြီး စားပြင်ဆင်တာဖြစ်ဖြစ်၊ အသေးစားပြင်ဆင်တာဖြစ်ဖြစ် နှစ်နဲ့ချီပြီး ခံနိုင်ရည်ရှိအောင်ပြင်ဆင်သင့်ပါတယ်။ အဆိုးရွားဆုံး၊ အကြမ်းတမ်း ဆုံး နေမယ်ဆိုရင်တောင် အနည်းဆုံးငါးနှစ်လောက် ခံနိုင်ရည်ရှိသင့် ပါတယ်။ အိမ်ရဲ့ခိုင်ခံ့မှုအတွက် ပြင်ဆင်ကတည်းက အရည်အသွေး ကောင်းတဲ့ အိမ်ဆောက်ပစ္စည်းတွေကို ထည့်သွင်းအသုံးပြု တည် ဆောက်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် နေပြီးလို့မှမကြာခင် မှာပဲ အိမ်ကပြန်လည်ယိုင်နဲ့ယိုယွင်းလာပြီး တဖန်ပြန်လည်ပြင်ဆင် ရတော့မယ့် အနေအထားကို ရောက်ရှိလာပြန်ကာ သင်တို့အတွက် အသုံးစရိတ် ထပ်မံကုန်ကျရပြန်တော့မှာပါ။

၎။ ဆောက်လုပ်မယ့် အင်ဂျင်နီယာ၊ ကန်ထရိုက်တာတွေရဲ့ အကြံ ဥာဏ်ကို ရယူပါ။ ကိုယ့်အိမ်လေးရဲ့ လုံခြုံစိတ်ချမှု၊ ခိုင်ခံ့မှုနဲ့ အရည် အသွေး၊ ဒီဇိုင်းစသဖြင့် နည်းလမ်းကောင်း၊ စိတ်ကူးအတွေးအခေါ် အကြံဥာဏ်ကောင်းတွေကို မေးမြန်းပါ။ နောက် အိမ်ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိဖူးတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ဘေးပတ် ဝန်းကျင်က အိမ်နီးနားချင်းတွေ ဆီကနည်း နည်းလမ်းအတွေ့အကြုံ တွေကို ရယူသင့်ပါတယ်။ ဒါမှလည်း အိမ်ပြင်ဆင်ခြင်းမှ ဖြစ်ပေါ်လာ တဲ့ အခြေအနေတွေအတွက် ကြိုပြီးပြင်ဆင်မှုတွေ လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။

၅။ တိကျသေချာတဲ့ အချိန်ဇယားနဲ့ အိမ်ဆောက်လုပ်မှုကို စတင်ပါ။ ဘယ်ရက်မှ စတင်ပြီး ဘယ်ရက်မှာ အဆုံးသတ်ပြီးစီးမလဲဆိုတာကို ကိုယ့်ဘက်က တိကျသေချာအောင် အစီအစဉ်တကျလုပ်တတ်ဖို့လို ပါတယ်။ ဘယ်နေ့မှာ အိမ်ရဲ့ဘယ်အပိုင်းကိုလုပ်မယ်။ ဘယ်အပိုင်း ကို ဘယ်နေ့အထိပြီးစီးရမလဲဆိုတာတွေက ဘာ့ကြောင့်အရေးပါသ လဲဆိုရင် အချိန်တွေကော၊ လူတွေကော၊ ငွေကြေးတွေကော အလ ဟဿမဖြစ်ဖို့အတွက်ပါ။ အိမ်ပြင်ဆင်နေတဲ့ အချိန်မှာ ကိုယ်က တခြားနေရာကိုပြောင်းနေတာဖြစ်ဖြစ်၊ ဒါမှမဟုတ် နေလို့ရမယ့် ကိုယ့်အိမ်ဟောင်းလေးမှာပဲ ကပ်နေတာဖြစ်ဖြစ် လုပ်ရတော့မှာပါ။ ဒီ့အတွက်ကြောင့် အိမ်ကိုဘယ်နေ့စပြီးပြင်ဆင်မလဲနဲ့ ဘယ်နေ့က စပြီး တက်နေလို့ရမလဲဆိုတာ တိကျသေချာသင့်ပါတယ်။ ကိုယ့် အိမ်ကို ဆောက်လုပ်မယ့် ကန်ထရိုက်နဲ့ လက်သမားအဖွဲ့တွေ ကို လည်း ရက်ချိန်းအတိအကျနဲ့ ဆောက်လုပ်မှုကိုအပ်မှ မိမိရဲ့ အိမ် အစီအစဉ်တကျနဲ့ သပ်သပ်ရပ်ရပ်ဆောက်လုပ်ပြီးစီးသွားနိုင်မှာပဲ ဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service