သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့်ပြုထားသည် လုပ်ငန်းတစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းကို မြန်မာ့အာမခံ လုပ်ငန်း၌ ထားရှိရဟု ဆို - Property News in Myanmar from iMyanmarHouse.com
1532 Views

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့်ပြုထားသည် လုပ်ငန်းတစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းကို မြန်မာ့အာမခံ လုပ်ငန်း၌ ထားရှိရဟု ဆို

သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများအား လုပ်ငန်း အပြည့်အ၀ လုပ်ကိုင်ခွင့်ပြုထားခြင်း မဟုတ်ဘဲ မြန်မာ့အာမခံ လုပ်ငန်းနှင့် တွဲဖက်၍ လုပ်ကိုင်ရကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

အထူးစီးပွားရေးဇုန် အတွင်း လုပ်ကိုင်ခွင့်ပြုရာတွင် လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများထံတွင် လာရောက် အာမခံထားသည့် လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်းတွင် ၁၀ ရာခိုင်နှုန်းအား မြန်မာ့အာမခံ လုပ်ငန်းထံ ပြန်လည်ထားရှိရခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြား အာမခံ ကုမ္ပဏီတွေကို SEZ ထဲမှာ လုပ်ပိုင်ခွင့် ပေးထားတာက လုပ်သမျှ လုပ်ငန်းတိုင်းရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းက မြန်မာ့အာမခံကို ပေးရတယ်။ အာမခံထားတဲ့ အခါမှာ မလျော်ရဘူး။ ပရီမီယံကြေး ရတယ်ဆိုရင်လည်း ၁၀ ရာခိုင်နှုန်းကို မြန်မာ့အာမခံက ရမယ်။ တကယ်လို့ လျော်ရင်လည်း ၁၀ ရာခိုင်နှုန်းကို မြန်မာ့အာမခံက လျော်မယ်။ အခုလို သတ်မှတ်ထားတယ်ဆိုတာ နိုင်ငံခြား အာမခံ ကုမ္ပဏီတွေကို စပြီး လုပ်ခွင့်မပေးခင် ကတည်းက မြန်မာ့ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားတာ ဖြစ်ပါတယ်” ဟု မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ် ရုံးခွဲလာရောက် ဖွင့်လှစ်ထားသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများအနက် ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီသုံးခုကို သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်အာမခံ ကုမ္ပဏီများ ဖြစ်သည့် Tokio Marine & Nichido fire Insuracne co.ltd ,Sompo Japan Insurance Inc,Mitsui Sumi tomo Insurance co.ltd စသည့် ကုမ္ပဏီသုံးခုကို လုပ်ကိုင်ခွင့်ပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုပ်ငန်း လုပ်ကိုင်ခွင့် ပေးရာတွင် အဆိုပါ ကုမ္ပဏီများကို အမြဲတမ်း လိုင်စင်ချထားပေးခြင်း မဟုတ်ဘဲ ယာယီလိုင်စင် တစ်နှစ်သက်တမ်းသာ ပေးထားခြင်းဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။ ယာယီလိုင်စင် သက်တမ်းသာ ပေးထားရခြင်းမှာ လုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကို စောင့်ကြည့်သွားမည် ဖြစ်ပြီး ယင်းနောက်တွင်သာ အမြဲတမ်းလိုင်စင် ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများ အနေဖြင့် လိုင်စင်ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးသွင်းရန် လိုအပ်ကာ နှစ်စဉ်ကြေး အမေရိကန် ဒေါ်လာ တစ်သောင်း ပေးသွင်းရကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်း လုပ်ကိုင်လိုသည့် နိုင်ငံခြားအာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ဌာနေ ကိုယ်စားလှယ်ရုံးခွဲ လာရောက် ဖွင့်လှစ်ထားသည့် သက်တမ်း သုံးနှစ်ရှိရမည်ဖြစ်ကာ၊ လုပ်ငန်း အတွေ့အကြုံ အနေဖြင့် လုပ်သက်အနည်းဆုံးနှစ် ၃၀ ရှိရမည် ဖြစ်ကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမည့် ပမာဏသည်လည်း အနည်းဆုံး အမေရိကန် ဒေါ်လာ သုံးဘီလျံ ရှိရန် လိုအပ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြားအာမခံ ကုမ္ပဏီများ သည် အာမခံ ပရီမီယံနှုန်းထားကိုမူ မြန်မာ့ အာမခံကြီးကြပ်ရေး အဖွဲ့မှ သတ်မှတ်ထားသည့် နှုန်းအတိုင်း တစ်ပြေးညီ လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၀ ကျော် ခွင့်ပြုပေးထားပြီး နိုင်ငံတကာမှ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း၄၀၀ ကျော် မြှုပ်နှံထားကြောင်း သိရသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service