ဒလမြို့နယ်တွင် အိမ်ခြံမြေအရောင်းအ၀ယ် အေးစက် - Property News in Myanmar from iMyanmarHouse.com
1151 Views

ဒလမြို့နယ်တွင် အိမ်ခြံမြေအရောင်းအ၀ယ် အေးစက်

မြန်မာ-ကိုရီးယားချစ် ကြည်ရေး (ဒလ)တံတားတည်ဆောက်ရန် လွှတ်တော်က အတည်ပြုလိုက်သော်လည်း ဒလ မြို့နယ်တွင် အိမ်ခြံမြေဈေးကွက်အ ရောင်းအ၀ယ်မဖြစ်ဘဲ အေးစက်
နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

ဒလတံတားတည်ဆောက် ရေးစီမံကိန်းကို ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာခဲ့ပြီးနောက် ဒလမြို့ နယ်တွင် အိမ်ခြံမြေဈေးများ မြင့် တက်လာခဲ့ဖူးသည်။

သို့သော်စီမံကိန်းအကောင် အထည်ဖော်ရန် လွှတ်တော်က အ တည်ပြုပြီးနောက် လျော်ကြေး ကိစ္စများနှင့် ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံပြီးဖြစ်သော် လည်း အိမ်ခြံမြေ၀ယ်လက်များ ဒလမြို့နယ်သို့ ဆင်းလာခြင်းမရှိသေးကြောင်း Golden Land အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ကိုမင်းမင်းထွန်းက ပြောသည်။

‘အ၀ယ်ကလည်း စိတ်ဝင် စားတယ်။ ၀ယ်ဖို့က ခက်နေတယ်။စီမံကိန်းက လုပ်မယ်ဆိုလိုက် ပျက်သွားလိုက်ဆိုတော့ ရင်းနှီးမြှုပ်နှံ ထားတဲ့ ပိုက်ဆံတွေက ကြာပြီဆို တော့ မ၀ယ်ရဲဘူးဖြစ်နေတယ်’’ ဟု ကိုမင်းမင်းထွန်းက ဆက်လက်ပြောကြားသည်။

အရောင်းအ၀ယ်အေးစက် နေသည်မှာ သုံးလခန့်ကြာပြီ ဖြစ်ပြီး ဒလတံတားစီမံကိန်း စတင် သည့်အချိန်မှသာ အရောင်းအ၀ယ် ပြန်ဖြစ်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။

၂၀၁၄ တွင် တံတားစီမံကိန်းအကောင်အထည်ဖော်မည်ဟု သတင်း အတည်ပြုပြီးနောက် တွင် ပေ ၄၀× ၆၀ မြေတစ်ကွက် လျှင် ယခင်ပေါက်ဈေး ကျပ်သိန်း ၃၀၀ ခန့်မှသိန်း၁,၀၀၀အထိတစ်ဟုန်ထိုး ဈေးမြင့်တက်သွား
ကြောင်းဒလမြို့နယ်မှအိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

ထိုသို့ဈေးမြင့်တက်လာသ ကဲ့သို့ မြေကွက်အရောင်းအ၀ယ် များမှာလည်း ကြိုက်ရောင်း၊
ကြိုက်ဝယ်ဈေးဖြစ်သွားပြီး မြေကွက်တစ်ကွက်လျှင် အနိမ့်ဆုံးကျပ်သိန်း ၁,၀၀၀ ကျော်အထိ ပေးဝယ်သူများရှိလာကြောင်း ၎င်းတို့က ပြောသည်။

လက်ရှိတွင် အိမ်အငှားဈေး ကွက်ကိုသာ အားကိုးနေရပြီး တစ်လလျှင် ကျပ်သုံးသောင်းမှ ကျပ် တစ်သိန်းအထိ ပေးရသည့် နှုန်း ထားများ အငှားသွက်နေ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ဒလတံတား အကျယ်မှာ မီတာ ၄၀ ရှိပြီး လက်ရှိလမ်းအ ကျယ်မှာ မီတာ ၃၀ ကျော်သာရှိ ခြင်းကြောင့် လိုနေသည့် မြေနေ ရာအတွက် မြေသိမ်းခြင်းနှင့် ငှားရမ်းခြင်းများလုပ်ဆောင်မည်ဖြစ် ပြီး အဆိုပါမြေသိမ်းခြင်းနှင့်ငှားရမ်းခြင်းများအတွက်
လျော်ကြေးပေးမည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာနက သတင်းရရှိသည်။

Credit :7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service