ပုဇွန်တောင်မှ မင်္ဂလာဒုံဥယျာဉ်အထိ ဖောက်လုပ်မည့် အထပ်မြင့်လမ်းစီမံကိန်းအစိုးရထံ တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
3202 Views

ပုဇွန်တောင်မှ မင်္ဂလာဒုံဥယျာဉ်အထိ ဖောက်လုပ်မည့် အထပ်မြင့်လမ်းစီမံကိန်းအစိုးရထံ တင်ပြမည်

ရန်ကုန်မြို့လယ် ပုဇွန် တောင်မှ မြို့ပြင် မင်္ဂလာဒုံစက်မှု မြို့အထိ တည်ဆောက်မည့် အ ထပ်မြင့်လမ်း စီမံကိန်းကို ပြည် ထောင်စု အစိုးရအဖွဲ့ထံသို့ တင် ပြမည်ဖြစ်ပြီး လုပ်ကိုင်ရန် တင်ပြ ထားသည့် ကုမ္ပဏီများအမြန်ဆုံးခွင့်ပြုမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းကပြော သည်။

‘‘ပြည်ထောင်စု အစိုးရအဖွဲ့ ကို တင်ပြမယ်။ ပြီးရင်လုပ်ကိုင် မယ့် ကုမ္ပဏီနဲ့စာချုပ်ချုပ်မယ်’’ဟု ၎င်းက 7Day Daily အား ပြော သည်။ရန်ကုန်မြို့တွင် ခုံးကျော်တံ တားများ လတ်တလောတည် ဆောက်လုပ်ကိုင်ခွင့်ရရှိထား သည့် Capital Diamond Star Group (CDSG) ကုမ္ပဏီနှင့်ကိုရီး ယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းလုပ်ကိုင် မည့် ယင်းစီမံကန်းမှာ ကနဦးအ ဆိုပြုချက် (Concept Proposal) ပထမအဆင့်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် သည်။

စီမံကိန်းကို Yangon Urban Expressway Development Project ဟု အမည်ပေးထားပြီး ကိုရီးယားနိုင်ငံမှ တည်ဆောက် ရေး ကုမ္ပဏီများဖြစ်သည့် Lotte E&C, Halla Corporation နှင့် ပြည်တွင်းကုမ္ပဏီဖြစ်သည့် ဒိုင်း မွန်းစတားကုမ္ပဏီတို့ ပူးတွဲလုပ် ကိုင်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း တစ်ခုဖြစ်သည်။

စီမံကိန်းတွင်ရန်ကုန်မြို့လယ်ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ရေကျော်လမ်းဆုံအလွန်မှ မင်္ဂလာဒုံဥယျာဉ်စက်မှုမြို့အထိ ၂၀ဒသမ၅ကီလိုမီတာအရှည်ရှိသော လေးလမ်းသွားတံတားကို ပထမ အဆင့်အဖြစ် တည်ဆောက်မည် ဖြစ်သည်။

ဒုတိယအဆင့်အဖြစ် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိဆက်သွယ် ဆောင်ရွက်ရန် လျာထားသော စီမံကိန်းဖြစ်၍ ရင်းနှီးမြှုပ်နှံမှု လွန် စွာကြီးမားသည့် စီမံကိန်းတစ်ခု လည်း ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ငွေ ကြေးကောက်ခံမည့် တိုးဂိတ်သုံးခုပါဝင်မည်ဖြစ်ပြီးကားတစ်စီးလျှင် ဖြတ်သန်းခ
ငွေကျပ်တစ်ထောင်မှ ထောင့်သုံးရာအထိ ကောက်ခံ မည်ဖြစ်ကာ အဆိုပါနှုန်းထားကို လည်း ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ကုမ္ပဏီတို့က ပြန်လည် ဆွေးနွေးမည်ဖြစ်ကြောင်း သိရ သည်။

‘‘ကုမ္ပဏီကတော့ ငွေ ကောက်ခံဂိတ်တွေကနေ နှစ်ပိုင်း အတွင်းသူတို့ကုန်ကျထားတဲ့ငွေကိုအရင်းကျေအောင်ပြန်
လုပ်မှာ ပဲ’’ဟုအမြဲတမ်းအတွင်းဝန်ဦး ကျော်လင်းကဆိုသည်။

စီမံကိန်းအတွက် ခန့်မှန်းခြေ ကုန်ကျစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၆၂၀ ကျော် ကုန်ကျနိုင် မည်ဖြစ်ပြီး စီမံကိန်းကာလကို အ စိုးရက စတင်ခွင့်ပြုပါက ငါးနှစ် အတွင်းပြီးစီးရန် တည်ဆောက် မည်ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရရှိ သည့် ကုမ္ပဏီများက ထုတ်ပြန် ထားသည်။

နိုင်ငံတော်သမ္မတနှင့် နီးစပ် ပြီး အစိုးရ၏ စီမံကိန်းအကြီးစား များတွင် မကြာခဏလုပ်ကိုင်ခွင့် ရရှိလေ့ရှိသည့် ဦးကိုကိုကြီးပိုင် ဆိုင်သော Capital Diamond Star Group (CDSG) ကုမ္ပဏီ သည် ယခုစီမံကိန်းကိုအစိုးရထံမှ ခွင့်ပြုချက်ရရှိရန်အလွန်နီးစပ်နေ ပြီဟုစီးပွားရေးလုပ်ငန်းရှင်များအ ကြား ယခုရက်ပိုင်းအတွင်း သ တင်းများထွက်ပေါ်နေသည်။

‘‘နှစ်ထပ်လမ်းစီမံကိန်းက တကယ်လိုနေပြီလို့ ကျွန်တော်တို့ပညာရှင်တွေမကြာခဏထောက်
ပြခဲ့ကြပါတယ်။ တကယ်လိုနေတဲ့ စီမံကိန်းပါ။ အရင်က ဘန် ကောက်လို မြို့မျိုးမှာလည်း အခု ရန်ကုန်မှာ လတ်တလောဖြစ်နေ တဲ့ ပုံစံမျိုးတွေကြုံခဲ့ရလို့ နှစ်ထပ် လမ်းစီမံကိန်းနဲ့ ဖြေရှင်းခဲ့တာတွေ က သာဓကရှိပါတယ်’’ဟု မြို့ပြ စီမံကိန်းပညာရှင် ဦးဝင်းမြင့်က သုံးသပ်သည်။

ရင်းနှီးမြှုပ်နှံမှုကြီးမားပြီး ရည်ရွယ်ချက်အလွန်ကောင်းမွန် သည့် စီမံကိန်းအတွက် အတွေ့ အကြုံရှိ ကုမ္ပဏီကြီးတစ်ခုကလုပ်ကိုင်ခွင့်ရရှိသည်မှာ ကောင်းမွန်
သော်လည်း ယခုစီမံကိန်းမှာ တည်ဆောက်ပြီးကာလ၌ လမ်း အသုံးပြုခွင့်ကောက်ခံမှုနှင့်ပတ် သက်၍ အကျိုးအမြတ်များစွာ ရ ရှိနိုင်သည့် စီမံကိန်းတစ်ခုဖြစ်လာ နိုင်ကြောင်း အစိုးရ၏စီမံကိန်းများ တွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင် လေ့ရှိသူ လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။

ယခုစီမံကိန်းနှင့်ပတ်သက် ၍ Capital Diamond Star Group (CDSG) ဒါရိုက်တာအဖွဲ့ ထံသို့ဆက်သွယ်မေးမြန်းသော် လည်း တာဝန်ယူဖြေကြားပေး မည့်သူမရှိပေ။

‘‘ဒီစီမံကိန်းက လုပ်ထုံးလုပ် နည်းနဲ့ မညီဘူး။ တိုင်းဒေသကြီး လွှတ်တော်က သဘောထားယူ သင့်တယ်။ ကုမ္ပဏီတစ်ခုတည်းက တင်ဒါတင်သွင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုစီမံကိန်းကို လုပ်ချင်တဲ့ ကုမ္ပဏီတွေအများကြီးရှိတယ်။ ရင်းနှီးမြှုပ်နှံမှုကြီးမားလို့ အစိုးရက သူရဲ့ ဘတ်ဂျက်နဲ့ပဲလုပ် သင့်တယ်။ အခုလုပ်ကိုင်ခွင့်ရ သွားတဲ့ ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းကနေ အကျိုးအမြတ်တွေအများ ကြီးရနိုင်တယ်။ လွှတ်တော်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မြို့ပြဖွံ့ဖြိုး မှုစီမံကိန်းဆိုပြီး အစီအစဉ်တွေ အများကြီးရှိတယ်။ အဲဒီထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့အတွက် ပြည် သူ့ကိုယ်စားလှယ်တွေရဲ့ အသံ အများကြီးလိုတယ်။ ဥပဒေတွေ လည်း ပြဋ္ဌာန်းဖို့ လိုဦးမယ်။ ဒီနှစ် ထပ်လမ်းစီမံကိန်းက ရွေးကောက် ပွဲနီးမှ ပေါ်လာတာက သဘာဝ မကျဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်က ပြောသည်။

Capital Diamond Star Group (CDSG) သည် လက်ရှိ ရန်ကုန်မြို့တွင် ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်းနှင့် မြေနီကုန်းခုံး ကျော်တံတားစီမံကိန်းများတည် ဆောက်ထားသည့် ကုမ္ပဏီဖြစ် သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service