အုတ်ကို ရေစိမ်ဆောက်ရန် တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
1065 Views

အုတ်ကို ရေစိမ်ဆောက်ရန် တိုက်တွန်း

အဆောက်အဦနံရံများ ပြိုကျအက်ကွဲခြင်း မရှိစေရန် အုတ်များကို ရေစိမ်ဆောက်လုပ်ဖို့ ဧရာဝတီတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကြည်က တိုက်တွန်း ပြောကြားလိုက်သည်။

အောက်တိုဘာလ (၁၇) ရက်နေ့က ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သော ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရေစိမ်ပြီး ဆောင်ရွက် ပေးသင့်ပါတယ်။ အဓိကအုတ်ကို ရေစိမ်ရတဲ့ အကြောင်းရင်းကတော့ အုတ်ကိုစိမ်ရင် အုတ်ရေ၀နေမယ်၊ ရေ၀ရင် မဆလာမှာရှိတဲ့ ရေနဲ့ အုတ်မှာရှိတဲ့ ရေအတူတူဖြစ်နေတဲ့ အတွက်ကြောင့် ပိုကောင်းလာမယ်”ဟု ၎င်းက ပြောသည်။

အုတ်ကို ရေမစိမ်ဘဲ ဆောက်လုပ်ပါက မဆလာဖျော်သည့်ရေကို စုပ်ထုပ်ယူပြီး အုတ်နံရံများ ကွဲအက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဦးမြင့်ကြည်က ဆိုသည်။

ကွန်ကရစ်လောင်းရာတွင် သတ်မှတ်နှုန်းထား အရည်အသွေးများ ပြည့်မီအောင် ဆောင်ရွက်ရန်၊ မျက်နှာကြက်၊ ကြမ်းခင်း အမိုးတို့ကိုလည်း စံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်ရန်လည်း ဦးမြင့်ကြည်က တိုက်တွန်းပြောကြားလိုက်သည်။

စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ခြင်း မရှိသည့် ကုမ္ပဏီများကို နာမည်ပျက်စာရင်း (Black List) သွင်း ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ယင်းနေ့ကပင် ပြောကြားလိုက်သည်။

ယမန်နေ့က ပြုလုပ်သော တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း ဒေသကြီးအတွင်း တင်ဒါ ခေါ်ယူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်နှင့် မန်နေဂျာ စုစုပေါင်း (၆၀၀) ခန့် တက်ရောက်ခဲ့သည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service