ရန်ကုန်မြို့ကို Mega City အဖြစ် ပြောင်းလဲရန် ကာလတိုစီမံကိန်း ကုန်ကျစရိတ် ကန်ဒေါ်လာ လေးဘီလီယံကျော် ရှိ - Property News in Myanmar from iMyanmarHouse.com
1017 Views

ရန်ကုန်မြို့ကို Mega City အဖြစ် ပြောင်းလဲရန် ကာလတိုစီမံကိန်း ကုန်ကျစရိတ် ကန်ဒေါ်လာ လေးဘီလီယံကျော် ရှိ

ရန်ကုန်မြို့ကို Mega City မြို့တော်အဖြစ် အကောင်အထည်ဖော်မည်ဖြစ်ပြီး ကာလတိုစီမံကိန်း တစ်ခုထဲတွင်ပင် စီမံကိန်းပေါင်း ၇၇ ခုရှိကာ အမေရိကန်ဒေါ်လာ လေးဘီလီယံခွဲ ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။

Mega City မြို့တော် ဖြစ်လာနိုင်မည့် စီမံကိန်းကို ၂၀၄၀ အထိ ကာလတို၊ ကာလလတ်၊ ကာလရှည်ဟူ၍ ရေးဆွဲထားခြင်း ဖြစ်ပြီး ကာလတိုစီမံကိန်းအတွက် ၂၀၁၈ အထိ အပြီးသတ်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဦးတိုးအောင်က ဆိုသည်။

‘‘ဒီစီမံကိန်းတွေကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် နောက်ဆက်လုပ်မယ့် စီမံကိန်းတွေကိုပါ လုပ်သွားနိုင်မယ့် သဘောပါ’’ဟု ၎င်းက ပြောသည်။

လက်ရှိ ရန်ကုန်၏ မြို့ပြဖွံ့ဖြိုးမှုပုံစံမှာ လာမည့်နှစ် ၂၀ အတွင်း Mega City ဖြစ်လာနိုင်သောကြောင့် မြို့ပြ၏ သယ်ယူပို့ဆောင်ရေး မြို့သစ်ချဲ့ထွင်ရေး အဆောက်အအုံများ ဆောက်လုပ်မှုနေရာ ကန့်သတ်ခြင်း၊ အစိမ်းရောင်ဧရိယာ ထိန်းသိမ်းခြင်းများ ပြုလုပ်ရန် ပြီးခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်ပြထားပြီး အများပြည်သူကိုလည်း ချပြထားကြောင်း ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့သည် ၃၀၆ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့တွင်းပိုင်း ကျပ်တည်းမှုကို ဖြေလျှော့ရန် မြို့ဧရိယာကို ဘေးသို့ချဲ့နိုင်သမျှချဲ့၍ လုပ်ဆောင်ရမည်ဟု ဂျပန်နိုင်ငံကအကြံပေးခဲ့ပြီးအဆိုပါအစီအစဉ်ကို မြန်မာအစိုးရကလည်း အကောင်အထည်ဖော်နေကြောင်း မြို့ပြစီမံကိန်းများနှင့်ပတ်သက်၍ ဆောင်းပါးများ ရေးသားနေသူ မြင့်မိုရ်ဆွေက သုံးသပ်သည်။

‘‘ကမ္ဘာနိုင်ငံတွေက မြို့ကြီးတွေမှာ မြို့ဧရိယာက ဘေးကို ထပ်ချဲ့လို့ မရရင်အပေါ်ကို တက်ကြတယ်။ ရန်ကုန်ကျတော့ ဘေးကို အများကြီး ထပ်ချဲ့လို့ရသေးတယ်’’ဟု ၎င်းကဆိုသည်။

သို့သော် ဘေးချဲ့ထွင်ရာတွင် အခြေခံအဆောက်အအုံများ ပြည့်စုံပြီး စနစ်ကျသည့် မြို့သစ်ငယ်များဖြစ်ရန်လိုအပ်ကြောင်း မြင့်မိုရ်ဆွေက ပြောသည်။

Mega City မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ဆောင်ရွက်မည့် အခြေခံအဆောက်အအုံများအတွက် ငွေကြေး၊ နည်းပညာနှင့်အခြားအထောက်အပံ့များကိုလည်း ပြည်ပနိုင်ငံများမှ ရယူဆောင်ရွက်သွားနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရည်ရွယ်ထားသည်။

ရန်ကုန်မြို့ ချဲ့ထွင်ရန် အနောက်တောင်ပိုင်းမြို့သစ်၊ ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူးမြို့နယ်တို့တွင် မြို့သစ်စီမံကိန်းများ တည်ဆောက်ရန် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀)ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သည်။

Credit:7Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service