အိန္ဒိယ ပင်စင်စား အဖိုးအိုတစ်ဦး တပ်ဂ်ျမဟာ ပုံတူတစ်ခုကို တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
1483 Views

အိန္ဒိယ ပင်စင်စား အဖိုးအိုတစ်ဦး တပ်ဂ်ျမဟာ ပုံတူတစ်ခုကို တည်ဆောက်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ အသက် (၈၀)အရွယ် အဖိုးအိုတစ်ဦးသည် သမိုင်းဝင် တပ်ဂ်ျမဟာ အဆောက်အဦပုံစံတူ တစ်ခုကို ၎င်း၏ ကွယ်လွန်သူ ဇနီးအတွက် ရည်ရွယ်ပြီး ဥယျာဉ်ထဲတွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ဂ်ျမဟာပုံတူမှာ ကုန်ကျစရိတ် ပေါင်တစ်သိန်းတစ်သောင်းခန့်ရှိကာ အဖိုးအို ဖိုင်ဇူလ်ဟာဆန် ကွာဒရီမှာ တစ်ဘ၀စာ စုဆောင်းငွေများ အားလုံးကို သုံးထားခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ အဖိုးအိုဖိုင်ဇူလ်သည် ထိုရုပ်တုကို ၎င်း၏ ဥယျာဉ်ထဲတွင် သုံးနှစ်ခန့်ကြာအောင် လုပ်ခဲ့သည်ဆိုသည်။

၎င်းသည် မြောက်ပိုင်း အိန္ဒိယပြည်နယ် ဥတ္တရာပရာဒေ့ရှ်ရှိ ကေဆာကာလန်ဟု ခေါ်သည့် ရွာငယ်လေးမှ ဖြစ်သည်။ ၎င်းသည် ဇနီးဖြစ်သူနှင့် (၅၃)နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်သွားသော ဇနီးကို အမှတ်ရသောအားဖြင့် ထိုသို့လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ၎င်းတို့ ဇနီးမောင်နှံမှာ ငယ်စဉ်ကပင် တပ်ဂ်ျမဟာ အဆောက်အဦးကို အလွန် သဘောကျခဲ့၍ ထိုသို့လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်းဆိုသည်။ တပ်ဂ်ျမဟာ အဆောက်အဦးမှာ မဂိုဘုရင် ရှားဂျာဟန်က ၎င်း၏ဇနီးသည် အတွက် ၁၆၃၂ တွင် အမှတ်တရ တည်ဆောက်ခဲ့သည့် ဗိမာန်ဖြစ်သည်။

“အရင်ဆုံးကျွန်တော်ဟာ မြေတစ်ကွက်ကို
ပေါင်ခြောက်သောင်းနဲ့ ရောင်းခဲ့ပါတယ်။ ဇနီးသည်ရဲ့ စုဆောင်းထားတဲ့ ရွှေငွေတွေကိုလည်း ပေါင်တစ်သောင်းခွဲနဲ့ ရောင်းလိုက်ပြီး တပ်ဂ်ျမဟာ ပြတိုက်က ပညာရှင်တစ်ဦး အကူအညီနဲ့ ဒီလိုပုံစံတူ ဆောက်ခဲ့တာပါ”ဟု အဖိုးအို ဖိုင်ဇူလ်က ဆိုသည်။

ဖိုင်ဇူလ်သည် ဇနီးသည် သေဆုံးပြီးနောက် ၎င်း၏ ဥယျာဉ်ခြံထဲတွင်ပင် အလောင်းကို မြှုပ်နှံထားခဲ့ပြီး၊ ထိုနေရာတွင် တပ်ဂ်ျမဟာပုံစံတူကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဖိုင်ဇူလ်က ၎င်း၏ညီဖြစ်သူကို ၎င်းကွယ်လွန်ပါက ထိုတပ်ဂ်ျမဟာပုံစံတူ အဆောက်အဦတွင် မြှုပ်နှံပေးရန် မှာကြားထားကြောင်းလည်း ဆိုသည်။ ဒါက “ကျွန်တော့် နောက်ဆုံးဆန္ဒပါ။ ဒီအဆောက်အဦ ပြီးဆုံးသွားတာကို မသေခင်မှာ ကျွန်တော်မြင်ချင်ခဲ့တယ်”ဟု ပြောသည်။

Credit: Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service