ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
888 Views

ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂)

၉။ Cell Phone Building ၊ ကူမင်း
တရုတ်တောင်ပိုင်းယူနန်ပြည်နယ် ကူမင်းမြို့မှာရှိတဲ့ ခေတ်ဟောင်းစတိုင် ဟန်းဆက်ပုံစံ အဆောက်အအုံ ဖြစ်ပါတယ်။

၁၀။ Marina City ၊ ချီကာဂို
၁၉၆၀ ပြည့်လွန်နှစ်တွေက ဗိသုကာပညာရှင် ဘားထရန်း ဂိုးလ်ဒ်ဘာ့ဂ်က တစ်ခုစီရဲ့အတွင်းမှာ ၈၉၆ ပါကင်ထက်မနည်းပါဝင်တဲ့ ပုံပါ အဆောက်အအုံနှစ်ခုကို ဒီဇိုင်းထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

၁၁။ Porsche Design Tower (ပေါ်ရှေးဒီဇိုင်းတာဝါ) ၊ မိုင်ယာမီ(အမေရိကန်)
ပေါ်ရှေးကားကုမ္ပဏီက နောက်နှစ်မှာ တည်ဆောက်ပြီးစီးမယ့် အထပ် ၆၀ မြင့် တိုက်ပဲ ဖြစ်ပါတယ်။

၁၂။ Tour Traingle ၊ ပဲရစ် ခေါ် ပါရီ
မြို့ကြီးတော်တော်များများမှာ မိုးမျှော်တိုက်မြင့်တွေ များပြားလာတဲ့အချိန်မှာ ပါရီကတော့ အဆောက်အအုံတည်ဆောက်မှုစည်းမျဉ်းတွေ တင်းကြပ်နေဆဲပါပဲ။ ဒါပေမဲ့ ဒီတားမြစ်ချက်ကို ၂၀၁၀ ပြည့်နှစ်မှာ ရုပ်သိမ်းခဲ့ပြီး ၄၂ ထပ်အမြင့်ရှိ မှန်သားအတိ ပိရမစ်ကို ၂၀၂၀ ပြည့်နှစ်မှာ လက်တွေ့တွေ့မြင်ရတော့မှာပါ။

၁၃။ Cross Towers ၊ ဆိုးလ်(တောင်ကိုရီးယား)
တိုက်မြင့်နှစ်ခုကို အလျားလိုက်တိုက်တွေနဲ့ ကြားထဲ ဆက်နွယ်ချိတ်ဆက်ထားတဲ့ ဒီဇိုင်းပါ။ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်ရဖို့ စောင့်ဆိုင်းနေဆဲဆိုပေမယ့် ဖြစ်နိုင်ခြေအများကြီးရှိတယ်လို့ သိရပါတယ်။

၁၄။ Tower Infinity ၊ ဆိုးလ် (တောင်ကိုရီးယား)
ဒါလည်း ဆိုးလ်မှာ မကြာခင် တွေ့မြင်ရတော့မယ့် မီတာ ၄၅၀ အမြင့်ရှိ တာဝါ ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး မမြင်တွေ့နိုင်သော တာဝါလို့ ဒီဇိုင်နာတွေက တင်စားထားပါတယ်။

၁၅။ Full Moon Tower ၊ ဘာကူ (အဇာဘိုင်ဂျန်)
Full Moon and Crescent Moon Hotels (လပြည့်ဝန်းဟိုတယ်နှင့် လခြမ်းဟိုတယ်) လို့ အမည်ရတဲ့ အဆောက်အအုံနှစ်ခု အဇာဘိုင်ဂျန်မြို့တော် ဘာကူမှာ မကြာခင် တည်ရှိလာတော့မှာပါ။

၁၆။ Phoenix Towers ၊ ၀ူဟန်(တရုတ်)
ဗြိတိန်ဗိသုကာပညာရှင်များအဖွဲ့ Chetwoods က တရုတ်နိုင်ငံ ၀ူဟန်မြို့မှာ ပုံပါမိုးမျှော်တိုက်မြင့်စုံတွဲအား တည်ဆောက်မယ့် အစီအစဉ်တွေကို ထုတ်ပြန်ထားပါတယ်။ တည်ဆောက်ပြီးစီးရင် ဒီရောင်စုံတာဝါနှစ်ခုထဲက ပိုမြင့်တဲ့တာဝါက လက်ရှိကမ္ဘာ့အမြင့်ဆုံးတာဝါ Burj Khalifa ထက် ၁၇၂ မီတာ ပိုမြင့်မှာပဲ ဖြစ်ပါတယ်။ များမကြာမီ (၂၀၁၇ သို့ ၂၀၁၈ တွင် ဖွင့်လှစ်ပါက) ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည့် ဆော်ဒီအာရေဗျ၏ Kingdom Tower ကိုလည်း သာလွန်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အထူးဆန်းဆုံး မိုးမျှော်တိုက်များ အပိုင်း (၂) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service