ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း စတင်အကောင်အထည်ဖော် - Property News in Myanmar from iMyanmarHouse.com
1510 Views

ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း စတင်အကောင်အထည်ဖော်

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုဖြေလျှော့စေရေးအတွက် ငွေကျပ် ၁၅ ဒသမ ၈ ဘီလီယံ ကုန်ကျခံတည် ဆောက်မည့် မရမ်းကုန်းမြို့နယ်ရှိ (၈)မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း (8 Miles Junction Flyover Bridge) ကို စတင်အကောင်အထည်ဖော်တည်ဆောက်နေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Crown Advance Construction ကုမ္ပဏီလီမိတက် က တည်ဆောက်မည့် ကမ္ဘာအေးဘုရား လမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းဆုံ ပြည်လမ်းမကြီးပေါ်၌ တည်ရှိ သည့် ခုံးကျော်တံတားသစ်စီမံကိန်းတွင် ပင်မတံတားအရှည်မှာ ၄၆၅ မီတာနှင့် ချဉ်းကပ်တံတားအရှည်မှာ တစ်ဖက်တစ်ချက်စီ၌ မီတာ ၃ဝ စီပါဝင်ကာ ပင်မနှင့် ချဉ်းကပ်တံတားအရှည် စုစုပေါင်း ၅၂၅ မီတာရှိကြောင်း သိရသည်။

တံတားသစ်၏ အမျိုးအစားမှာ သံမဏိသံပေါင် အမျိုးအစားဖြစ် ပြီး ယာဉ်တစ်စီးချင်း တံတား ခံနိုင် ဝန် အလေးချိန်မှာ ၇၅ တန်ခံနိုင် ရည်ရှိကာ တံတားကင်းလွတ်အမြင့် မှာ ၈ မိုင်လမ်းဆုံနေရာ၌ ၆ ဒသမ ၅ မီတာရှိကြောင်း သိရသည်။ ပင်မ တံတားအရှည်တွင် ကွန်ကရစ် RC တိုင် ၁၄ တိုင်ရှိပြီး ကမ်းကပ်ခုံ နှစ်ခု ပါဝင်ကာ ချဉ်းကပ်တံတားတိုင်များ၏ တစ်ဖက်တစ်ချက်စီ၌ ကွန်ကရစ် RC တိုင် လေးတိုင်စီနှင့် ကမ်းကပ်ခုံ တစ်ခုစီပါဝင်ကြောင်း သိရသည်။

လက်ရှိအနေအထားအရ ပင်မ တံတားအရှည်၏ ကွန်ကရစ် RC တိုင် ၁၄ တိုင်အနက် တိုင်ကိုးတိုင် အတွက်ကို အုတ်မြစ်ဘိုးပိုင်လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပြီး အလုံးရေအတွက်အရ ၃၆ လုံး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

Crown Advance Constru- ction ကုမ္မဏီလီမိတက်မှ စီမံကိန်း ဒါရိုက်တာ ဦးသန်းဆွေက ''တံတား စီမံကိန်းလုပ်ငန်းခွင် ဧရိယာအတွက် လမ်းအလယ် ကို ပေ ၃ဝ ယူထားပြီး လက်ရှိ စီမံကိန်းဧရိယာရဲ့ ဘေး တစ်ဖက်တစ်ချက် စီမှာ ယာဉ်များ နှစ်လမ်းစီသွားလို့ရအောင် တစ်ဖက် တစ်ချက်စီ ဝဲ၊ ယာကို အကျယ် ၂၁ ပေစီလမ်းချဲ့ပြီး ဆောင်ရွက်ပေးထား ပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုမရှိ အောင် တစ်ဖက်တစ်ချက်စီမှာ ယာဉ်နှစ်စီးစီသွားဖို့ ဆောင် ရွက်ပေး ထားတာပါ။ ဒါလည်း နဂိုရှိနေတဲ့ ပလက်ဖောင်းအဟောင်းကို ဖျက်ပြီး ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက် ပေးလိုက်တာပါ။
တကယ်လို့ တံတား သစ် စီမံကိန်းပြီးစီးသွားရင်လည်း ဒီလို ဘေးတစ်ဖက်တစ်ချက်စီ မှာဘဲ ယာဉ်များ နှစ်လမ်းစီသွားလို့ရအောင် အတတ်နိုင် ဆုံးဆောင်ရွက်ပေး သွား မှာပါ၊ တံတားသစ်ကြီးအချိန်မီပြီးစီးရေးနှင့် အရေ အသွေးကောင်း မွန် အောင်ဆောင်ရွက်သွားမှာပါ၊ အဓိက ယာဉ်ကြောကျပ်တာကို ဖြေရှင်းတဲ့ အနေနဲ့ တည်ဆောက်တာဆိုတော့ တံတားသစ်တည်ဆောက်ပြီးစီးသွား ရင် လမ်းဆုံမီးပွိုင့်မှာ ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ ခြင်း မရှိတော့ဘဲ တောက်လျှောက် မောင်းနှင်နိုင်ကြတော့မှာပါ'' ဟု ပြောကြားသည်။

တံတားသစ် တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက တံတားပေါ် ၌ ယာဉ်လေးလမ်းသွား ဖြစ်သွားမည်ဖြစ်ပြီး တံတားသစ်၏ အောက်တစ်ဖက် တစ်ချက်စီ လမ်း ဝဲ၊ ယာ၌ ယာဉ်များဖြတ်သန်းသွား လာ နိုင်ရန် အတွက် နှစ်လမ်းသွားစီပါဝင် မည်ဖြစ်ကြောင်း၊ ထို့အပြင် မရမ်း ကုန်းမြို့နယ် ရှိ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ် စီမံကိန်း(8 Miles Junction Flyover Bridge) အား ၂ဝ၁၆ ခုနှစ် မတ်လ ကုန် အပြီးသတ်တည်ဆောက်သွား မည်ဖြစ်ပြီး တံတားသစ်စီမံကိန်း အတွက် ပြီးခဲ့သည့်စက်တင်ဘာ ၆ ရက်က ပန္နက်တင် စတင်ခဲ့ကြောင်း ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ် စီမံကိန်းမှ သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service