အရောင်းအေးတဲ့ မြေဈေးကွက် အရှုပ်အရှင်းသတိထားဖို့ လိုအပ်ဆဲ - Property News in Myanmar from iMyanmarHouse.com
1152 Views

အရောင်းအေးတဲ့ မြေဈေးကွက် အရှုပ်အရှင်းသတိထားဖို့ လိုအပ်ဆဲ

အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအ၀ယ်သိပ်မဖြစ်ပေမယ့် အလုပ်လုပ်မယ်ဆိုရင်တော့ ပိုင်ဆိုင်မှုအရှုပ်အရှင်း ကိစ္စရပ်တွေကို သတိထား အလုပ်လုပ်ဖို့ လိုအပ်ဆဲဖြစ်ကြောင်း အတွေ့အကြုံ ရင့်ကျက်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ က ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ ပိုင်ဆိုင်မှုအရှုပ် အရှင်းကိစ္စရပ်တွေ၊ စာချုပ်စာတမ်းကိစ္စ ရပ်တွေ၊ လိမ်လည်မှု ကိစ္စရပ်တွေဟာ အရောင်းအ၀ယ်ကောင်းနေစဉ်မှာ ဂရုပြု လုပ်ဆောင်ရမှာ ဖြစ်သလို အရောင်းအ၀ယ် အေးနေချိန်မှာ အလုပ်လုပ်မယ်ဆိုရင် လည်း ပေါ့ပေါ့လျော့လျော့ မလုပ်ဘဲ အလေးထား လုပ်ဆောင်ဖို့လိုအပ်ကြောင်း သိရပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ လည်ပတ်မှု ကောင်းနေပြီး အခုရောင်း၊ အခုပြန်ဝယ်ပုံစံမျိုးနဲ့ အုံးအုံးကျွက်ကျွက်ဖြစ်နေချိန် လက်ပြောင်းလက်လွှဲနဲ့ အမြန်ရောင်းဝယ်လို့ရနေချိန်မျိုးမှာ ခပ်သွက်သွက်အလုပ်လုပ် တတ်ရင်တော့ အရှုပ်အရှင်းကိစ္စတွေဟာ ကိုယ့်လက်ထဲက လွတ်သွားနိုင်ပေမယ့် ဈေးကွက်အေးပြီး အရောင်းအ၀ယ်မဖြစ် ချိန်ဆိုရင်
ကောင်းကောင်း ဒုက္ခရောက်ရ မယ့် ကိစ္စဖြစ်ကြောင်း အကျိုးဆောင်တချို့ က ပြောပါတယ်။

အရောင်းအ၀ယ် အရှုပ်အရှင်းမှာ စာချုပ် စာတမ်းအတုသာမက အစစ်အတိုင်း ထပ်နေတာမျိုးလည်း တွေ့ရ တတ်တဲ့အတွက် မြေရောင်းဝယ်ရာမှာ တတ်ကျွမ်း နားလည်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ၊ ရှေ့နေရှေ့ရပ်တွေရဲ့ အကူအညီဟာများစွာ အရေးပါနေပါတယ်။

ရောင်းမှားဝယ်မှား ကိစ္စဟာ တန်ဖိုးနည်းတဲ့ အိမ်မြေတွေသာမက တန်ဖိုးများတာတွေမှာပါ တွေ့ရ တတ်ကြောင်း သိရပါတယ်။ ဈေးကွက်အေးနေတဲ့ လတ်တလောအခြေအနေမှာတော့ အရှုပ်အရှင်းကိစ္စ အများဆုံး သတိထားကြရမှာက လယ်မြေနဲ့ လယ်ယာမြေရောင်းဝယ်ခြင်း ကိစ္စတွေလို့ အကျိုးဆောင်တချို့က ပြောပါတယ်။

မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာဆိုရင် ပြင်ဦးလွင်နယ်ဘက်မှာ ဖြစ်တတ်ပြီး၊ လူနေကျဲပါးတဲ့ အကွက်အကွင်းတွေဘက်မှာ အရပ်စာချုပ်တွေချုပ်ဆိုကာ ရောင်းဝယ်နေထိုင်တာတွေရှိကြောင်းနဲ့ ဖြေရှင်းဖို့ခက်ခဲတဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်ကြောင်းလည်း ပြောပါတယ်။
အိမ်မြေရောင်းဝယ်ရာ မှာတချို့ဝယ်ယူသူတွေ ဟာပိုင်ဆိုင်မှုမခိုင်မာမှန်း သိပေမယ့်ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းတန်းဖြစ်နေတဲ့အတွက် နောက်မှ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင်လည်း ဖြစ်တဲ့အလျောက် ကြည့်ရှင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့စွန့်စား ပြီး ၀ယ်ယူကြတာမျိုးရှိကြောင်းလည်း သိရပါတယ်။

ဒီလိုဝယ်ယူခြင်းအတွက် ဘာမှတ်ချက်မှ မပေးလိုပေမယ့် ရေရှည်နေထိုင်ဖို့ စိတ်ကူး၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနဲ့ ၀ယ်ယူ မယ်ဆိုရင်တော့ တတ်ကျွမ်းသူတွေရဲ့အကူအညီနဲ့ အဘက်ဘက်က ပြည့်စုံအောင် စိစစ်သွားသင့်ကြောင်း အကျိုးဆောင်တချို့က အကြံပြုကြပါတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service