သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(၁) ဖွင့်လှစ်ချိန်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
1379 Views

သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(၁) ဖွင့်လှစ်ချိန်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီးဟုဆို

သီလ၀ါအထူးစီးပွားရေး ဇုန် စတင်ဖွင့်လှစ်ချိန်တွင် ဂျပန် ကုမ္ပဏီများ အပါအ၀င် နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုအားရင်းနှီးမြှုပ်နှံခွင့်ပြုထား ကြောင်းသီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှသတင်းရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း ​(၁)ကို စက်တင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိ ကြောင်းသိရသည်။

‘‘သီလ၀ါ အထူးစီးပွားရေး ဇုန်က ရန်ကုန်မြို့ပြင်မှာရှိပြီး စီး ပွားရေးဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်း တွေရမှာဖြစ်တယ်’’ဟု ဂျပန်နိုင်ငံ စီးပွားရေး၊ကုန်သွယ်ရေးနှင့် စက် မှုလက်မှုဝန်ကြီး မစ္စတာယိုဆုကဲ တာကာဂျိက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီက မြန်မာနိုင်ငံ တွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သည် ကုမ္ပဏီပေါင်း ၂၁၁ ခုသာ ရှိပြီး လက်ရှိတွင် ကုမ္ပဏီပေါင်း ၂၆၀ အထိ တိုးမြှင့်လာပြီဖြစ် သည်။

သီလ၀ါအထူးစီးပွားရေးဇုန် တွင် မြေနေရာကို ၂၀၁၄ မေလက စတင်ရောင်းချပေးခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီအများ စုဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီလ၀ါ အထူးစီးပွားရေးဇုန် ဒုတိယပိုင်းအဖြစ် ဟက်တာ ၅၀၀(ဧက ၁၂၅၀) ကို ထပ်မံအကောင်အထည်ဖော်ရန် စက်တင်ဘာ ၂၃ ရက်က ဂျပန်- မြန်မာနှစ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ကို ရန်ကုန်မြို့တောင်ဘက် ကီလို မီတာ ၂၀ အကွာရှိ ကျောက်တန်း မြို့နယ်တွင် ၂၀၁၃ နိုဝင်ဘာက စတင်အုတ်မြစ်ချပြီး ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်ခဲ့သည်။

တည်ဆောက်အကောင်အ ထည်ဖော်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီစီးချိန်တွင် အပိုင်း(၁)ကို စတင် ဖွင့်လှစ်ခြင်းဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service