ရန်ကုန်မြို့သစ်စီမံကိန်း နောက်ဆုံးအဆင့် တင်ဒါယှဉ်ပြိုင်မှုတွင် ကုမ္ပဏီသုံးခုသာ ကျန်ရှိ - Property News in Myanmar from iMyanmarHouse.com
1093 Views

ရန်ကုန်မြို့သစ်စီမံကိန်း နောက်ဆုံးအဆင့် တင်ဒါယှဉ်ပြိုင်မှုတွင် ကုမ္ပဏီသုံးခုသာ ကျန်ရှိ

ရန်ကုန်မြို့သစ်စီမံကိန်း ၏နောက်ဆုံးအဆင့် တင်ဒါယှဉ် ပြိုင်မှုတွင် ကုမ္ပဏီ သုံးခုသာကျန်ရှိတော့ကြောင်း သတင်းရရှိ သည်။

စုစုပေါင်း ကုမ္ပဏီ ၂၀ လာရောက်လျှောက်ထားသော် လည်း တင်ဒါဖွင့်ဖောက်စစ်ဆေး သည့်စက်တင်ဘာ ၂၂ ရက်တွင် ကုမ္ပဏီသုံးခုသာ လာရောက်သ ဖြင့် နောက်ဆုံးအဆင့်၌ ကုမ္ပဏီ သုံးခုသာ ကျန်ရှိတော့ခြင်း ဖြစ် သည်။

နောက်ဆုံးကျန်ရှိသည့်ကုမ္ပ ဏီသုံးခုမှာ ရန်ကုန်အနောက် တောင်ဒေသဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Busi-ness Capital City Development Ltd၊ နှင့် ရွှေပုပ္ပားအပြည်ပြည်ဆိုင် ရာဆောက်လုပ်ရေးကုမ္ပဏီတို့ ဖြစ်သည်။

မြို့သစ်စီမံကိန်း တစ်ခုကို ကုမ္ပဏီ တစ်ခုတည်း ပေးမည် ဆိုခြင်းနှင့် ကုမ္ပဏီသုံးခုစလုံးအား တစ်ပြိုင်နက်တည်း လုပ်ကိုင်ခွင့် ပေးမည့်အစီအစဉ်ကိုမူ တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့်ဆွေး နွေးဆဲသာဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။

တင်ဒါ စတင် ခေါ်ယူစဉ်က ကုမ္ပဏီပေါင်း ၅၀ ခန့် လာ ရောက်တင်ပြသော်လည်း တင်ဒါ ဖွင့်ဖောက်စစ်ဆေးသည့် စက်တင်ဘာ ၂၂ ရက်တွင် ကုမ္ပဏီသုံးခုကသာ လာရောက်တင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းအဆိုပြုလွှာကို ဇူလိုင် ၁၂ ရက်က ခေါ်ယူခဲ့ပြီး သုံးလကျော်အကြာတွင် ပဏာမတင်ဒါများ ပြုပြင်စစ်ဆေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရာရှိများ၊ တတ်သိပညာရှင်များရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စီမံကိန်း တစ်ခုလုံး လုပ် ကိုင်ခွင့်ရရန် အဆိုပြုသည့် ကုမ္ပဏီများရှိသကဲ့သို့ စီမံကိန်း၏တစ် စိတ်တစ်ပိုင်းကို လုပ်ကိုင်ခွင့်ရ မည့် ကုမ္ပဏီများလည်း ရှိသဖြင့် တင်ပြလာသည့် ပုံစံပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်မည်ဟု အထက် ပါအရာရှိက ဆိုသည်။

‘‘ဖြစ်နိုင်ရင် အမြန်ဆုံးဖြစ် စေချင်တယ်။ ကျွန်တော်တို့ဒေသ က ရန်ကုန်ရဲ့တစ်ဖက်ကမ်းမှာရှိ ပြီး ဒီနေ့အထိ မီးမရသေးတဲ့ရွာ တွေ၊ လမ်းမရှိသေးတဲ့ ရွာတွေ အများကြီးရှိသေးတယ်’’ ဟု ရန် ကုန်တစ်ဖက်ကမ်းဒေသ ဖွံ့ဖြိုး ရေး ကော်မတီဝင် ဦးမင်းစိုးက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ သြဂုတ်တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စတင်ကြေညာခဲ့ပြီး ထိုစဉ်က စီမံကိန်းတည်ဆောက်ရန် မြန်မာ့စေတနာ မြို့သစ် အများပိုင် လီမိတက်အား ရွေးချယ်ခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်မှုများရှိခဲ့၍ စီမံကိန်း ရပ်တန့်ထားခဲ့သည်။

ယခုစီမံကိန်းအပြင် မြေဧက သုံးသိန်းခန့်တွင် ရန်ကုန် အ နောက်တောင်ပိုင်းမြို့သစ်၊ ရန် ကုန် အရှေ့ပိုင်းမြောက်ပိုင်းမြို့ သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူးမြို့သစ် စီမံကိန်းများပါဝင်သည့် မဟာရန် ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း (၂၀၄၀)ကို လွှတ်တော်၌ အတည်ပြုခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service