တိုးပွားလာမယ့် လူဦးရေအတွက် အဆောက်အအုံတွေ အသင့်ဖြစ်ပြီလား - Property News in Myanmar from iMyanmarHouse.com
984 Views

တိုးပွားလာမယ့် လူဦးရေအတွက် အဆောက်အအုံတွေ အသင့်ဖြစ်ပြီလား

ရန်ကုန်မြို့ကိုလာရောက်နေထိုင်တဲ့ လူဦးရေဟာ တစ်နှစ်ကို (၃) သိန်းလောက်အထိ ရှိပြီး မြို့ပေါ်နေလူဦးရေဟာ လာမယ့် (၂၀၃၀) ပြည့်နှစ်အတွင်း (၃၆) ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်အစိုးရကလည်း မြို့ပြလူနေကျပ်တည်းတဲ့ ပြသနာကို မြို့ငယ် (၇) ခုခွဲပြီး တိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) တို့ကလည်း ရန်ကုန်အနီးအနားမှာရှိတဲ့ မြေဧက (၄) သောင်းလောက်ကို တိုးချဲ့ဖို့ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြို့မြေရဲ့ တောင်ဘက်အချမ်းကို ဦးတည်တိုးတက်နေတာကြောင့် အစိုးရက အခုနောက်ပိုင်း ရန်ကုန်မြို့ရဲ့ အရှေ့ဘက်တွေဖြစ်တဲ့ ဒဂုံလေးမြို့နယ်နဲ့ အဲသည်မြို့နယ်တွေရဲ့ ဆက်စပ်မြို့နယ်တွေကို တိုးချဲ့ဖို့ အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်အကောင်အထည်ဖော်နေပါတယ်။

မြို့ပြလူဦးရေကျပ်တည်းမှု ပြသနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့ အထပ်မြင့် အဆောက်အအုံ အသစ်တွေ တိုးချဲ့ဆောက်လုပ်တာနဲ့ လူနေရပ်ကွက်အသစ်တွေ တိုးချဲ့ အကောင်အထည်ဖော်တာတွေ ဖြစ်တယ်။

အဆောက်အအုံ ဥပဒေအများစုကတော့ Down Town မြို့နယ်တွေကို မြို့မြေလွတ်ရှားပါးတာကြောင့် သက်သာခွင့်တွေ ပေးထားပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ နောက်ထပ်မြို့ပြနေထိုင်မှု ကျပ်တည်းမှုတွေ မဖြစ်ပေါ်အောင် အဆောက်အအုံ တည်ဆောက်မှု ကန့်သတ်ထားရှိထားပါတယ်။

68 Residences က အုပ်ချုပ်မှုဒါရိုက်တာ မပြည့်ပြည့်ကလည်း "မြို့မြေအိမ်ရာ ကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက အထပ် (၃၀) (၄၀) အဆောက်အအုံတွေ ဆောက်တာမျိုး အဆောက်အအုံ အဟောင်းတွေကို ပြန်လည်ပြင်ဆင်တာမျိုး လုပ်သင့်တယ်"လို့ သူ့အမြင်ကို ပြောပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service