ဟံသာဝတီ လေဆိပ်စီမံကိန်း JICA စစ်တမ်းအပေါ် မူတည် - Property News in Myanmar from iMyanmarHouse.com
1670 Views

ဟံသာဝတီ လေဆိပ်စီမံကိန်း JICA စစ်တမ်းအပေါ် မူတည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆောက်လုပ်ရန် အတွက် ဂျပန်နိုင်ငံ အခြေစိုက် JICA အဖွဲ့အစည်းမှ ဟံသာဝတီ မြေနေရာအား လုပ်ဆောင်ရန် သင့်မသင့် စစ်တမ်း ကောက်ယူနေရာ လေဆိပ် ဆောက်လုပ်ရန် ၎င်းစစ်တမ်းပေါ်တွင် မူတည်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီဌာန ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဦးမင်းလွင်က ပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆောက်လုပ်ရန် အတွက် ၂၀၁၂ ခုနှစ် ကပင်တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် လေဆိပ် ဆောက်လုပ်ရန် ငွေကြေးပမာဏ မတတ်နိုင်သဖြင့် နှောင့်နှေးနေရခြင်း ဖြစ်ပြီး စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် Oda ရယူဖို့ အစိုးရထံ တင်ပြထားကာ တင်ဒါပြန်လည် ခေါ်ယူပြီး ကုမ္ပဏီ ပြန်လည် ရွေးချယ်ခဲ့သည့်အတွက် ၂၀၁၈ခုနှစ်တွင် စီမံကိန်း စတင် အကောင်အထည်ဖော်ရန် သတ်မှတ်ထားသော်လည်း ၂၀၂၀ခုနှစ် နောက်ဆုံးထား လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ဂျပန် JICA ဘက်ကလည်း အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ဖို့အတွက် ပြည့်စုံမှုရှိလား၊ မရှိလားဆိုတာကို Fisibal Study လုပ်နေတယ်။ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ရင်တော့ တစ်လ၊ နှစ်လနဲ့ မပြီးဘူး။ ၂၀၁၆မှာ ထွက်မယ်။ ဟံသာဝတီမှာ လုပ်လို့ သင့်မသင့်ဆိုတာ Yes or No ထွက်မယ်။ မသင့်ဘူးဆိုရင် သူတို့ပြောတဲ့ ဒီနေရာဟာ လုပ်ရန် မသင့်ဘူး ဆိုရင်တော့ ရပ်သွားမှာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ လေဆိပ်နှင့် ပတ်သက်၍ ယခုလကုန်၌ တင်ဒါအောင်သည့် ကုမ္ပဏီ လက်မှတ်ရေးထိုးရန်ရှိပြီး လေဆိပ်နှင့် ပတ်သက်၍ Public Announcement (လူထု အသိပေးခြင်း) များ လုပ်ဆောင်ရန်ရှိကြောင်း၊ ၎င်းလေဆိပ်အား ၂၀၁၈ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် လျာထားသော်လည်း ကုမ္ပဏီများ အနေဖြင့် ငွေကြေးကဏ္ဍ အဆင်မပြေမှုများကြောင့် ကြန့်ကြာနေရာ ၂၀၂၀ ခုနှစ်တွင် နောက်ဆုံးထား ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း (၆၉)ကွင်းရှိပြီး လက်ရှိ ပြေးဆွဲလျက်ရှိသည့် လေယာဉ်ကွင်းမှာ (၃၃)ကွင်း ရှိသည်။ ၎င်း(၃၃)ကွင်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးကွင်းရှိရာ ရန်ကုန်- အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ယခင်က အကောင်းဆုံး လေဆိပ်ဖြစ်ခဲ့ပြီး Parking Area ရှားပါးခြင်း၊ မြေနေရာ အခက်အခဲများကြောင့် ဟံသာဝတီ လေဆိပ်အား ထပ်မံ တည်ဆောက်ရခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service