ကန်ထရိုက်တာ ၊ ကြိုပွိုင်အသုံးငွေ နှင့် ရှုပ်ထွေးမှု များ - Property News in Myanmar from iMyanmarHouse.com
1536 Views

ကန်ထရိုက်တာ ၊ ကြိုပွိုင်အသုံးငွေ နှင့် ရှုပ်ထွေးမှု များ

၁၉၉၀ ပြည့်နှစ်မှ စတင်ပြီး မဟာရန်ကုန်မြို့တော်ကြီးမှာ ကန်ထရိုက်တိုက်တွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောက်လုပ်လာခဲ့သလို ဆေက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ ၊ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတွေလည်း အများအပြား ပေါ်ထွတ်လာခဲ့ပါတယ်။
ယနေ့ အချိန်ထိ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကန်ထရိုက်တာတွေ၊
ကုမ္မဏီတွေထဲမှာလည်း တိုက်တစ်တိုက်လုံးကို အပြီး အပြတ် မိမိငွေနဲ့ ဆောက်နိုင်ပြီး မှ ပြန်လည်ရောင်းချနိုင်တဲ့ ငွေကြေးအင်အားတောင့်တင်းတဲ့ လူတွေရှိသလို ၊ ငွေကြေးအင်အားချို့တဲ့ ပြီး ပြင်ပကနေ အတိုးနဲ့ ချေးယူဆောက်ကြတဲ့ ကန်ထရိုက်တာတွေ၊ ဆောက်လုပ်ရေး ကုမ္မဏီတွေ အများအပြား တွေ့မြင်လာရသလို တိုက်မဆောက်လုပ်ခင် နဲ့ ဆောက်လုပ်ဆဲ အခြေအနေ တွေမှာ ငွေကြိုတင်ရယူရောင်းချတဲ့ ကြိုပွိုင့်စနစ်ဆိုတာလည်း တပါတည်းပေါ်ပေါက်လာခဲ့ပါတယ်။

ကြိုပွိုင့်စနစ်မှာ ရဲ့အားသာချက်ကတော့ ဆောက်လုပ်သူ ကန်ထရိုက်တာတွေ အနေနဲ့ တိုက်တစ်
တိုက်လုံး ဆောက်လုပ်လူနေထိုင်မှု ကျတဲ့ အပြီးအစီးအချိန်အထိ ငွေကို အမြောက်အမြား ရင်နှီး
ထားစရာ မလိုတဲ့ အားသာချက် ရှိသလို အခန်းဝယ်ယူသူဘက်ကလည်း ငွေကို တစ်ကြိမ်တည်းတစ်
လုံးတစ်ခဲတည်းပေးချေစရာ မလိုဘဲ အလီလီပေးချေနိုင်တဲ့ အပြင် တိုက်ခန်းအပြီးအပြတ်
တည်ဆောက်ပြီးလို့ အပြင်ကို ပြန်လည်ေ၇ာင်းချတဲ့ ဈေးထက်လည်း အများကြီး သက်သာတာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေတဲ့ စနစ်ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ဒီကြိုပွိုင့် စနစ်ကို ဖျတ်ဆီးစေတဲ့ အကြောင်းရင်းများစွာ ရှိတဲ့ အနက်က ကန်ထရိုက်
တာအချို့ရဲ့လိမ်လည်လှည့်ဖျားပြီး အခန်းတစ်ခန်းကို ၀ယ်သူ နှစ်ယောက်သုံးယောက်ကို ရောင်ချ
ထားတဲ့ ပြသနာတွေ၊ မြေရှင်ရမယ့် အခန်းတွေကို လက်ညှိးထိုးပြီး ပေါင်နှံထားတာကြောင့် အပြန်အ
လှန်တရားစွဲဆိုရမှု တွေ ၊ ဒါ့အပြင် အဆောက်အအုံ ဆောက်လုပ်ဖို့ အတွက် မြေရှင်တွေဆီကနေ မြေဂရန်အစစ်ကို တောင်းထားပြီး အပြင်မှာ ပေါင်နှံထားတာတွေ အပြင် အခန်းဝယ်ယူသူ နှင့်မြေရှင်ကြားက ကတိက၀တ်တွေ မပြတ်သားမှု တွေကလည်း ကြိုပွိုင့်တိုက်ခန်း
အရောင်းအ၀ယ်ဈေးကွက်ကို ယုံကြည်မှု ကျဆင်းစေပါတယ်။

““ ဖြစ်နိုင်ရင်တော့ တိုက်တစ်လုံးကို အပြီးအစီး ကိုယ့်ငွေနဲ့ ကိုယ်ဆောက်နိုင်မှဘဲ လုပ်ငန်းတွေလုပ်
သင့်တယ် ”“ ဆိုပြီး ရွှေကမ္ဘာ မောင်မောင် ဆောက်လုပ်ရေး ကုမ္မဏီမှ ဥက္ကဌ ဦးမောင်မောင်က
ဆိုသည်။ အရေးကြီးဆုံး အချက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ နဲ့ အိမ်ခြံမြေ ဈေးကွက်က
အပြန်အလှန်မှီခို ရပ်တည်နေရတဲ့ အနေအထားကြောင့်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး မှာ
အိမ်ခြံမြေ အရှိန်အဟုန် ကောင်းမွန်တဲ့ ကာလတွေ ဖြစ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်၊ ၁၉၉၆ ၊ ၂၀၁၂ ခုနှစ်
ကနေ၂၀၁၄ ခုနှစ်နှစ်လယ်လောက်အထိ အရောင်းအ၀ယ်တွေ ဈေးကွက်ကောင်းမွန်ခဲ့သလို ဆောက်
လုပ်ရေး လုပ်ငန်းတွေလည်း အခန်းတွေ ရောင်းမလောက်တဲ့ အထိ အလုပ်အကိုင်ကောင်းခဲ့တာ
ကြောင့် ကြိုပွိုင့် အခန်းရောင်းဝယ်မှု တွေလည်း အဆင်ပြေခဲ့သလို မသမာ မှု အနည်းငယ်ရှိခဲ့ပေမယ့် ဈေးကွက်ကောင်းမွန်လည်ပတ်နေတာကြောင့် ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ်ကို ကြီးမားတဲ့ ရိုက်ခတ်မှု တွေ မကြုံခဲ့ရပါဘူး။

"၁၉၉၃၊ ၁၉၉၆ ၊ ၂၀၁၂ ခုနှစ်တွေမှာတိုက်ခန်းတွေကိုမဆောက်ခင်ကတည်းကကြိုတင်ရောင်းချပြီး
အရစ်ကျစနစ်နဲ့ငွေချေတဲ့ ကြိုပွိုင့် စနစ်နဲ့ အရောင်းအ၀ယ်လုပ်တဲ့ ကြိုပွိုင့် တိုက်ခန်းတွေ အလုပ်ဖြစ်
ခဲသလို မြေဈေး အဆမတန်ကြီးလာတဲ့ အတွက် ကြောင့် ကန်ထရိုက်တွေလည်း အဆင်ပြေတဲ့နည်းနဲ့ ဆောက်ကြရင်း ကြိုပွိုင့်တိုက်ခန်းတွေပေါ်လာခဲ့တာပါ" ဟု ဆောက်လုပ်ရေး လုပ်ငန်းများ
တွင် လုပ်ငန်းခွင်မန်နေဂျာအတွေ့အကြုံရှိခဲ့သူ ဦးညွန့်ရှိန်က ပြောသည်။
မြေဈေးနှုန်းများမြင့်မားခြင်း သည် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပိုင်းကို အခက်အခဲဖြစ်စေခဲ့သည့် အပြင် ဈေးမြင့်သည့်မြေပေါ်တွင် တည်ဆောက်သည့်
တိုက်ခန်းများ တန်ဖိုးမြင့်မားသည့်အတွက် နေထိုင်လိုသူများလည်း လွယ်ကူစွာမ၀ယ်ယူနိုင်သည့်အခြေအနေများ ဖြစ်ခဲ့ရကြောင်း ၎င်းကပြောသည်။

ရောင်းသူ၊ ၀ယ်သူများအတွက် ပိုမိုအဆင်ပြေစေသည့် ကြိုပွိုင့်တိုက်ခန်း များတည်ဆောက်မှုသည် ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် မြင်တွေ့ နေရပြီး ရန်ကုန်မြို့၌အိမ်ပိုင်၊ အခန်းပိုင် မရှိသေးသူများအတွက် လည်း အရစ်ကျငွေပေးချေ သည့်စနစ်ဖြင့် ၀ယ်ယူနေထိုင်လိုသည့် အာသီသ များကြောင့် ကြိုပွိုင့်ဈေးကွက် ကြီးမားစွာ ပေါ်ထွက်လာခြင်းဖြစ်ပြီးကြိုပွိုင့်တိုက်ခန်းများကို အမှန်တကယ် နေထိုင်ရန် အတွက် ၀ယ်ယူသူများ ရှိသလို တိုက်ခန်းအပြီးတွင် မြင့်မားလာမည့် ဈေးနှုန်း နှင့် ချိန်ဆကာ ရင်းနှီးမြုပ်နှံမှု သဘောဖြင့် အရောင်းအ၀ယ်ပြုလုပ်ရန်အတွက် ၀ယ်ယူမှုများလည်း ရှိကြောင်း ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းဝယ်ယူနေထိုင်သူများ ကဆိုသည်။

တိုက်ခန်းတွေကိုဝယ်ပြီး အရောင်းအ၀ယ် လုပ်တဲ့သူတွေလည်း ရှိတယ်။ တချို့က အရစ်ကျငွေပေးချေတာ မပြီးသေးခင်မှာတင် အမြတ်နည်းနည်းနဲ့ ပြန်ရောင်းပြီး နောက်ထပ် ကြိုပွိုင့် တိုက်ခန်းတွေ ပြန်ဝယ်ပြန်ရောင်းလုပ်ကြ တယ်။ တချို့ကတော့ ငွေအကြေချေပြီး အခန်း
ရတော့မှ အမြတ်များများတင်ပြီးပြန်ရောင်းကြတယ်။ တကယ်နေထိုင်ချင်လို့ ၀ယ်ယူ တဲ့ သူတွေလည်းရှိတယ်၊ အခုကျွန်တော်နေနေတဲ့ တိုက်ဆို ကြိုပွိုင့်နဲ့ဘဲ ၀ယ်ထားတာ၊ တကယ်နေဖို့ ၀ယ်တဲ့ လူက သုံးခန်းလောက်ဘဲ ရှိပြီး ကျန်တဲ့အခန်းတွေက ၀ယ်ရောင်းသမားတွေ ၀ယ်ထားကြတာ၊ သူတို့က အခန်းတွေအများကြီး ၀ယ်ထားတော့ ကန်ထရိုက်နဲ့ သူတို့ကြားမှာလည်း တိုက်ပြီးသွားတာတောင် အခုထက်ထိ ငွေပေးငွေယူ အရှုပ်အရှင်းက မပြီးသေးဘူး ”” ဆိုပြီး ကမာရွတ်မြို့နယ်အတွင်း ကြိုပွိုင့်စနစ်ဖြင့်တိုက်ခန်းဝယ်ယူနေထိုင်သည့် ကိုတိုးတိုးက ပြောသည်။

ကြိုပွိုင့်တိုက်ခန်းများတွင် ကန်ထရိုက်တာများမှ အချိန်မီ အခန်းမအပ်နိုင်သည့် ပြသနာ၊ မြေရှင်နှင့်ပူး
ပေါင်းဆောင်ရွက်ရသည့် အတွက် မြေပိုင်ဆိုင်မှု များကို ပြန်ည်စီစစ်ရာတွင် ခိုင်မာမှု ရှိမရှိကို သက်
ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များမှ စီစစ်နေသည့် အတွက် ဆောက်လုပ်ခွင့်ရရှိရန် အတွက်ကြန့်
ကြာနေသည့် ပြသနာများ အပြင် ကြိုပွိုင့်တိုက်ခန်းဈေးနှုန်း အပြာင်းအလဲ ဖြစ်နေသည့် ပြသနာ များ
ဖြစ်ပေါ်လာနေသည့် အတွက် ကြိုပွိုင့်တိုက်ခန်းများကို ၀ယ်ယူမည်ဆိုပါက စာချုပ်စာတမ်းများဖြင့်
အခိုင်အမာချုပ်ဆို ပြီးမှသာ ၀ယ်ယူရန် အရေးကြီးသည့် အပြင် အိမ်ခြံမြေ ကျွမ်းကျင်သည့် ရှေ့နေများနှင့်တိုင်ပင်ပြီးမှသာ စာချုပ်ချုပ်ဆို ၀ယ်ယူသင့်သည်။

““ သတ်မှတ်ရက်မှာ အခန်းမအပ်နိုင်ရင်တ စ်ရက်ကို ဘယ်လောက်ပြန်လျော်မလဲ ဆိုတဲ့ အချက်ကိုပါ
ထည့်ချုပ်ရမယ်၊ တစ်ခါတစ်လေ စာချုပ်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူတဲ့ ကန်ထရိုက်တာတွေ
လည်းအများကြီးရှိတယ်၊ လုပ်ငန်းအပ်နစတငှ်ံပြီး နှစ်နှစ် အတွင်း လူနေထိုင်ခွင့် ကျတဲ့ အထိ လုပ်ဖို့စာချုပ်ထားတာတောင် တစ်ခါတစ်လေ ဈေးကွက်မကောင်းလို့ အရောင်းအ၀ယ်မဖြစ်ရင် မြေကြီးမတူသေးဘဲ နှစ်နဲ့ချီပြစ်ထားတာတွေရှိတယ် ၊ တရားစွဲရင်လည်း သူတို့က လုပ်ငန်းစမှ အကြုံး
ဝင်တယ် ဆိုပြီး လုပ်ကြတယ်၊ ဒါကြောင့် မြေရှင်၊ ကန်ထရိုက်တာ ၊ ကြိုပွိုင့်အခန်းဝယ်သူတွေကြားမှာ
ခိုင်မာတဲ့ စာချုပ်ရှိဖို့လိုတယ် ”” ဆိုပြီး အိမ်ခြံမြေ ဥပဒေ ဆိုင်ရာ အကြံပေးလုပ်ငန်းများကို နှစ်ပေါင်း
နှစ်ဆယ်ကျော်အထိ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးထွန်းအေးက ပြောသည်။

တရားဝင်လိုင်စင်ရ ကန်ထရိုက်တာများ၏ ကြိုပွိုင့်တိုက်ခန်းတည်ဆောက်မှု များပြားလာခြင်းနှင့်အတူ လိုင်စင်မဲ့ ကန်ထရိုက်များ၏ကြိုပွိုင့်တိုက်ခန်းတည်ဆောက် မှုများလည်း အများအပြား ပေါ်ထွက်ခဲ့ပြီး အခန်းများကို ဈေးနှုန်းကိုလည်း သက်သာစွာရောင်းချလာသည့် အတွက် တရားဝင်လိုင်စင်ဖြင့်လုပ်
ကိုင်နေသည့် ကန်ထရိုက်တာ များ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသလို ယခုကဲ့သို့ အိမ်ခြံမြေ အ
ရောင်းအ၀ယ်အေးနေသည့် ယနေ့အချိန်တွင် လိုင်စင်မဲ့ ကန်ထရိုက်တာ အချို့၏ မသမာသောလုပ်
ရပ်အချို့ကြောင့်လည်း ကြိုပွိုင့်တိုက်ခန်းဝယ်ယူမှုများ ဈေးကွက်အတွင်း သိသိသာသာ
ကျဆင်းသွားကြောင်း တရားဝင် ကန်ထရိုက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

" အခန်းတစ်ခန်းကို သိန်း ၁၅၀ နဲ့ ကြိုပွိုင့်ရောင်းတဲ့အချိန်မှာ သူတို့ တွေကတစ်ခန်းကို သိန်း ၁၂၀ နဲ့ ရောင်းနိုင် တယ်။ လိုင်စင်မဲ့ဆောက်ကြတော့ စည်ပင်မှာ လိုင်စင်ကြေးလည်းသွင်းစရာမလို သလို ကြိုပွိုင့်ရောင်းထားတဲ့ ပိုက်ဆံတွေနဲ့ ပြီးစလွယ်ဆောက်ပြီး မြန်မြန်ရောင်းထုတ်ကြတယ်၊ တခြားကုန်ကျ စရိတ်တွေလည်းမရှိဘူး။ ဒီတော့ သူတို့က ပေါပေါရောင်း၊ မြန်မြန်ဆောက်ပြီးပျောက်သွားကြတယ်"ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် ကြိုပွိုင့်တိုက်ခန်းများ တည်ဆောက်မှုအများဆုံးမှာ သင်္ဃန်းကျွန်း မြို့နယ် နှင့်လှိုင်မြို့နယ်ဖြစ်ပြီး အခန်းဈေးနှုန်းများမှာ အနိမ့် ဆုံး ကျပ် သိန်း ၁၅၀ မှ အမြင့်ဆုံး သိန်း ၂၅၀ ထိရှိပြီး လမ်းနှင့်အထပ်အမြင့်ပေါ်လိုက်၍ ဈေးနှုန်းကွဲပြားသည်။
ဒဂုံမြို့သစ် (မြောက် ပိုင်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များ တွင်လည်း
တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားရှိပြီး လှိုင်မြို့နယ်လမ်းသွယ်များရှိ
ကြိုပွိုင့်အခန်းများမှာ ကျပ် သိန်း ၄၀၀ မှ ၄၅၀ ခန့် ပေါက်ဈေးရှိသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service