အိမ်နဲ့ပတ်သက်တဲ့ မြန်မာတို့ရဲ့ ရှေးအယူအဆများနှင့် ဗဟုသုတများ - Property Knowledge in Myanmar from iMyanmarHouse.com
6973 Views

အိမ်နဲ့ပတ်သက်တဲ့ မြန်မာတို့ရဲ့ ရှေးအယူအဆများနှင့် ဗဟုသုတများ

Knowledge | Posted by Si Thu Aung

အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ
အိမ်ဆောက်ရက်ရွေးနည်း
အိမ်ဆောက်လရွေးနည်း
မသုံးအပ်သောသစ် (၈)မျိုး
အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး
အိမ်၊ကျောင်း ဆောက်ရာတွင် မပြုအပ်သောအရာများ

သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့အရာပါ။ သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလို သတ္တ၀ါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာအပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။
ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊ မရှိသင့်တဲ့ အပင်တချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ ဘူးလို့ဘဲဆိုဆို၊ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြော
ဗဟုသုတအဖြစ်နဲ့ဘဲဖြစ်ဖြစ်သိရအောင် အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာ အယူတချို့ ကိုဖော်ပြပေးလိုက်ပါတယ်…။

အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ

-အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။

-အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင်-တောင်ဘက်တွင် သျှစ်သျှားပင်၊ဖီးခြမ်းငှက်ပျော၊သဘောင်္ပင် များ

-မြောက်ဘက်တွင် ထန်းပင်၊ဆန်းပင်၊သဖန်းပင်နှင့် သျှစ်သျှားပင်..

အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။

အိမ်ဆောက်ရက်ရွေးနည်း

တနင်္ဂနွေ – ဒုက္ခဆင်းရဲရောက်တတ်သည်။
တနလာင်္ - နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ – ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး၊စနေ – သုခချမ်းသာရမည်။
ကြာသာပတေး – ချမ်းသာကြွယ်ဝမည်။
သောကြာ – သုံးလကြာလျှင် သုခပွားမည်။

အိမ်ဆောက်လရွေးနည်း

တန်ခူးလ– ချမ်းသာကြွယ်ဝမည်။
ကဆုန်လ — ဆန်ရေစပါး ပေါကြွယ်ဝမည်။
ဝါခေါင်လ — ဥစ္စာတိုးပွားမည်။
နတ်တော်လ — ထင်ပေါ်ကျော်စောမည်။
ပြာသိုလ — လူအများချီးမွမ်းမှုရမည်။
တပေါင်းလ — ချမ်းသာကြွယ်ဝမည်။

ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများကြုံရတတ်သည်။

ယနေ့ခေတ်မှာအိမ်ကို သစ်သားအခြေပြုပြီး မဆောက်တော့သလောက် ပါဘဲ။ ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့
အဓိကပါဝင်ပစ္စည်းဖြစ်နေပါသေးတယ်။
ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကိုအလွန်စိစစ်ပါတယ်။
ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။

မသုံးအပ်သောသစ် (၈)မျိုး

၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)
၎။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)
၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ (၁၁)မျိုး

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၎။ ညောင်
၅။ သျှစ်သျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

အိမ်၊ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ။
၃။ တိုင်တို (ထောက်တို) ကိုကြမ်းပေါ် မပိုစေရ။
၎။ ကြမ်းခင်းတိုင်တွင် ၀ါးမတင်ရ။
၅။ ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။
၆။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။
၇။ အိမ်ဆောက်မပြီးခင် ၀န်းမခတ်ရ။
၈။ ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ကို အလယ်တည့်တည့်တွင်မဆက်ရ။
၉။ အမျိုးမတူသော သစ်ချင်းမဆက်ရ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။

တိုးတက်လာသောယနေ့ခေတ် အနေအထားအရ အထက်ပါအကြောင်းအရာတို့အား လုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။
ဒါပေမယ့်လို့ ” ရှေးသုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ” စကားလိုမျိုးပါဘဲ။ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့သဘောပါ။
ဖတ်ရှုသူအားလုံး သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများပိုင်ဆိုင်နိုင်ကြပါစေ။

Credit:The Precious Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service