ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီယာနိုဗာက အင်္ဂလန်ရှိ နေအိမ်ကို ပေါင် ၃ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
864 Views

ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီယာနိုဗာက အင်္ဂလန်ရှိ နေအိမ်ကို ပေါင် ၃ သန်းဖြင့် ရောင်းချမည်

ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီယာနိုဗာက ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး အဲ့ဒီအိမ်မှာ နေလာခဲ့တာပါ။ ဒါပေမဲ့ ခုတော့ သူမက အဲ့ဒီအိမ်ကို ရောင်းချဖို့ ဆုံးဖြတ်ပြီး ဈေးကွက်တင်လိုက်ပါပြီ။
အင်္ဂလန်တောင်ပိုင်း West Sussex ကောင်တီ Selham ရွာမှာရှိတဲ့ ၁၈ ရာစုက ချောင်းတစ်ခုနံဘေးတည်ရှိပြီး ချောင်းရေအားနဲ့ လည်ပတ်တဲ့ သီးနှံကြိတ်ခွဲစက်ရုံကို အသွင်ပြောင်းထားတဲ့ အဆိုပါ အိမ်ကို သူမက ပေါင် ၃ သန်းနဲ့ ဈေးခေါ်ထားတယ်လို့ သိရပါတယ်။

ဗိုဒီယာနိုဗာဟာ အဲ့ဒီအိမ်ကို ၂၀၀၅ ခုနှစ်က ခင်ပွန်းဟောင်း ဂျပ်စတင်ပို့မန်းနဲ့အတူ ၀ယ်ယူခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ သူတို့ လမ်းမခွဲခင်အထိ သူတို့ရဲ့ ကလေးသုံးယောက်နဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့ကြတာပါ။

အသက် ၄၅ နှစ်ရှိ ပို့မန်းဟာ ဗြိတိန်ရဲ့ ၅၃ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ပေါင် ၁ ဒသမ ၂ သန်းခန့် ချမ်းသာကြွယ်ဝတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဗိုဒီယာနိုဗာ့ရဲ့ ကမ္ဘာတစ်လွှား အိမ်ပေါင်းများစွာထဲက ယခုဖော်ပြပါ အိမ်လေးရဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံးအချက်ကတော့ အိမ်ပြင်ရှိရေကူးကန်ကို ရေအောက်ခုံးတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ အိမ်တွင်းရေကူးကန်ပဲဖြစ်တယ်လို့သိရပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီယာနိုဗာက အင်္ဂလန်ရှိ နေအိမ်ကို ပေါင် ၃ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီယာနိုဗာက အင်္ဂလန်ရှိ နေအိမ်ကို ပေါင် ၃ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီယာနိုဗာက အင်္ဂလန်ရှိ နေအိမ်ကို ပေါင် ၃ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service