နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ အတတ်ပညာကျွမ်းကျင်ရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
636 Views

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ အတတ်ပညာကျွမ်းကျင်ရန် လိုအပ်

ဆောက်လုပ်ရေးလုပ်ငန်း လုပ် ကိုင်သူများအနေဖြင့် လုပ်ငန်းပိုင်း၌ ကျွမ်းကျင်မှုရှိရန်နှင့် စံနှုန်း သတ်မှတ် ချက်များအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူ 68 Residence မှ ဒေါက်တာအောင်ကျော်မင်းက ပြောသည်။

”အရည်အသွေးရှိတဲ့ အဆောက် အအုံတစ်လုံး ဆောက်လုပ်မယ်ဆိုရင် ပန်းရန်၊ လက်သမားကလည်း အရေး ကြီးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေ ဝင်လာလို့ ရှိရင် ကျွမ်းကျင်မှုရှိတဲ့ အတတ်ပညာရှင်တွေ လိုအပ်လာ ပါပြီ။ ကုမ္ပဏီကြီးတွေမှာ လုပ်မယ် ဆိုရင်တော့ Certificate တွေ လိုလာ ပြီ။ စက်မှု (၁) နားက ဗီယက်နမ်က ဆောက်တဲ့ အဆောက်အအုံဆိုရင် မြန်မာပြည်က လုပ်သားတွေနဲ့ အဆင် မပြေလို့ နိုင်ငံခြားကခေါ်ပြီး ဆောက် လုပ်ရတဲ့အတွက် မြန်မာနိုင်ငံက အင်ဂျင်နီယာတွေရော၊ လုပ်သား တွေပါ ကျွမ်းကျင်မှု ရှိဖို့ လိုအပ်ပါ တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အင် ဂျင်နီယာကောင်စီမှလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ ချိန်တွင် ကျွမ်းကျင်အင်ဂျင်နီယာများ ဖြစ်စေရန် Professional Engineer လက်မှတ်များ ထုတ်ပေးလျက် ရှိ ကြောင်းသိရသည်။

”၂ဝ၁၆ ခုနှစ်မှာAEC တွေ ဝင်ရောက်လာပြီဆိုရင် မြန်မာနိုင်ငံ က အရည်အချင်းရှိတဲ့ အင်ဂျင်နီယာ တွေအနေနဲ့ နိုင်ငံတကာနဲ့ တန်းတူ အလုပ်လုပ်ကိုင်နိုင်အောင် ကျွမ်း ကျင်အဆင့် အင်ဂျင်နီယာ လက် မှတ်တွေကို ထုတ်ပေးနေတာ ဖြစ် တယ်။ နိုင်ငံတကာက ဝင်ရောက်လာ တဲ့အချိန်မှာ ကျွမ်းကျင်လက်မှတ် မရထားဘူးဆိုရင်တော့ လုပ်ပိုင်ခွင့် တွေ ဆုံးရှုံးသွားမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အတွင်းရေးမှူး ဒေါ်စီသန်းက ပြော သည်။

”ကျွန်တော်တို့က အခုမြင်တွေ့ နေရတာက ဈေးကွက်ထဲမှာ မီး မကျက်တဲ့ အုတ်တွေ တွေ့ရတယ်။ အဆောက်အအုံ ဆောက်လုပ်တဲ့ သူတွေအနေနဲ့ အုတ်ကို ထောင်၊ သောင်းချီပြီး ဝယ်ရတဲ့အတွက် အဆင် မပြေမှုတွေ ကြုံရပါတယ်။ အခုက အဆောက်အအုံ မဆောက်ခင် အုတ် တွေကို ရေစိမ်ရမလို ဖြစ်နေတယ်။ သံချောင်းတွေ၊ သစ်တွေဆိုလည်း ဈေးကွက်ထဲမှာ ဆိုဒ်မပြည့်ဘူး။ အဲဒါ ကြောင့် အဆောက်အအုံတစ်လုံး ဆောက်လုပ်ရာမှာ ပစ္စည်းရဲ့ အရည် အသွေးက အရေးကြီးတယ်။ အဲဒါ ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အသေးစိတ် စိစစ်ပြီး ကြည့်မှသာ အရည်အသွေးပြည့်မီတဲ့ အဆောက် အအုံတွေ ဖြစ်လာမှာပါ”ဟု 68 Residence မှ ဒေါက်တာအောင် ကျော်မင်းက ပြောသည်။

”အရင်က အိမ်ခြံမြေ အခွန် အဖြစ် ၂ ရာခိုင်နှုန်းပဲ ဆောင်ရပေ မယ့် လွန်ခဲ့တဲ့ သုံးလလောက်က စပြီး ၅ ရာခိုင်နှုန်း ပေးဆောင်ရ တယ်။ အဲဒီအချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးရုံဆောက်ဖို့ ကျပ်သိန်း ၆,ဝဝဝ ကို ၅,၇ဝဝ နဲ့ တင်ဒါအောင်တယ်။ တင်ဒါအောင် တဲ့ ကုမ္ပဏီအနေနဲ့ကလည်း အခွန်ကို ၂ ရာခိုင်နှုန်းနဲ့သာ တွတ်ချက်ထား တာ ဆိုတော့ လုပ်ငန်းလုပ်ရတာ အဆင်မပြေတော့ဘူး။ ကျွန်တော် တို့ နိုင်ငံမှာ ဥပဒေတစ်ခု ထုတ် ပြန်တယ်ဆိုရင် ပြည်သူလူထုကို ကြိုတင်အသိပေးမှု မရှိဘူး။ အခု ထုတ်ပြန် အခုချက်ချင်း အကျုံးဝင် သွားတဲ့အတွက် လုပ်ငန်းလုပ်ကိုင်သူ တွေအနေနဲ့ အခက်အခဲတွေ အများ ကြီး ရင်ဆိုင်ရတယ်။ အဲဒါကြောင့် ဆောက်လုပ်တဲ့ သူတွေ အနေနဲ့ လည်း အရည်အသွေးအပိုင်းတွေ နိမ့်ကျသွားနိုင်တယ်”ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

အဆောက်အအုံ ဆောက်လုပ် ရာ၌ အခြေခံလုပ်ငန်းများဖြစ်သည့် ပန်းရန်လုပ်ငန်း၊ လက်သမားလုပ်ငန်း စသည့် အခြေခံကျသောလုပ်ငန်း အဆင့်များအား မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ၍ သင်တန်းများခေါ်ယူပြီး ကျွမ်းကျင် အဆင့် (၁) မှ (၄) အထိ သတ်မှတ်ကာ လက်မှတ်များထုတ်ပေးမှသာ နောင် တစ်ချိန်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာချိန်တွင် အဆင် ပြေစွာ လုပ်ကိုင်နိုင်မည် ဖြစ်သည်။

Credit : The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service