အိမ်ခြံမြေ အခွန်ရရှိမှု သိသိသာသာ လျော့ကျ - Property News in Myanmar from iMyanmarHouse.com
996 Views

အိမ်ခြံမြေ အခွန်ရရှိမှု သိသိသာသာ လျော့ကျ

ဧပြီမှ သြဂုတ်လကုန်အထိ ငါးလတာ ကာလအတွင်း အိမ်ခြံမြေအခွန် ကျပ် ၁၀ ဘီလီယံခန့် ကောက်ခံရရှိပြီးဖြစ်ကာ ပြီးခဲ့သည့်နှစ်ကာလတူ ကောက်ခံရရှိခဲ့သည့် နှုန်းထားနှင့် နှိုင်းယှဉ် ပါက ကျပ် ၂၂ ဘီလီယံခန့်လျော့ နည်းနေကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း ယခင် ဘဏ္ဍာနှစ်ကာလတူတွင် အိမ်ခြံ မြေရောင်းချခြင်းအပေါ် ကောက် ခံသည့် အခွန်ကျပ် ၃၂ ဘီလီယံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခင်ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် အိမ်ခြံမြေအခွန် ကျပ် ၇၀ ဘီလီယံအထိ ကောက်ခံရရှိခဲ့သည်။

‘‘အိမ်ခြံမြေအခွန်က ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းရင်တော်တော်လေးကျ သွားတယ်။ အရောင်းအ၀ယ်နည်း တာတွေလည်း ပါမယ်။ အိမ်ခြံမြေအခွန်ရုံးမှာ တန်ဖိုးဖြတ်တာတွေ လည်း နည်းသွားတယ်’’ဟု ပြည် တွင်းအခွန်များ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်ပါက အိမ်ခြံမြေတန်ဖိုးဖြတ် ရုံးတွင် လမ်းအလိုက်သတ်မှတ် ထားသည့် တစ်ပေပတ်လည်နှုန်း ထားများအတိုင်း တန်ဖိုးဖြတ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၌ အိမ်ခြံမြေခွန်ထမ်းဆောင်ရသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်နေသူအချို့သည် အိမ်ခြံမြေတန်ဖိုးဖြတ်ခြင်းနှင့် သတ်မှတ် ထားသည့် တံဆိပ်ခေါင်းများမ ကပ်ဘဲ အရောင်းအ၀ယ်ပြုလုပ် နေကြခြင်းတို့ကြောင့် အိမ်ခြံမြေအခွန်ဆောင်သည့် ပမာဏနည်းပါးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်ပါက အရောင်းအ၀ယ်ဖြစ် သည့် ငွေကြေးနှင့် ကိုက်ညီသည့် တံဆိပ်ခေါင်း ကပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်း မကပ်ဘဲ ချုပ်ဆို ထားသည့် စာချုပ်များသည် တရားဥပဒေအရ အကျုံးဝင်ခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိပါက သတ်မှတ်တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

အိမ်ခြံမြေ အခွန်နှုန်းထား များမှာ တစ်ကျပ်မှ သိန်းတစ် ထောင်အထိ အခွန် ၃ ရာခိုင် နှုန်း၊ ကျပ် သိန်းတစ်ထောင်ကျော်မှ သိန်းငါးထောင်အထိ ၅ ရာခိုင်နှုန်း၊ သိန်းငါးထောင်ကျော်မှ သိန်း တစ်သောင်းအထိ ၁၀ ရာခိုင် နှုန်း၊ သိန်းတစ်သောင်းကျော်မှ သိန်းတစ်သောင်းခွဲအထိ ၂၀ ရာခိုင်နှုန်းနှင့် သိန်းတစ်သောင်းခွဲအထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။

Credit: 7 daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service