မန္တလေးဖွံ့ဖြိုးမှုအတွက် မြေနှင့်အခြေခံ အဆောက်အအုံလိုအပ်ချက်ရှိ - Property News in Myanmar from iMyanmarHouse.com
864 Views

မန္တလေးဖွံ့ဖြိုးမှုအတွက် မြေနှင့်အခြေခံ အဆောက်အအုံလိုအပ်ချက်ရှိ

မန္တလေးတိုင်းဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျသော ဒေသဖြစ်ကာရင်းနှီးမြှုပ်နှံသူများအ
တွက် အလားအလာအလွန်ကောင်းသော စီးပွားရေး ၀န်းကျင်ဖြစ် လာနိုင်သော်လည်း မြေဈေးနှုန်းကြီးမြင့်မှုနှင့် အခြေခံအဆောက်အအုံလိုအပ်ချက် များရှိနေကြောင်း ၂၀၁၅၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ဆိုင်ရာ လေ့လာချက်စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို နောင်အနာဂတ်တွင် မန္တလေးတိုင်းဒေသကြီး၌ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတိုးတက်ကောင်းမွန် လာနိုင်ခြင်းရှိ၊ မရှိ သိရှိနိုင်ရန် ၂၀၁၅ ခုနှစ်၊ ဩဂုတ် လအတွင်းက မန္တလေးတိုင်းဒေသ ကြီး အပါအ၀င် အနီးအနားရှိ တိုင်းဒေသကြီး၊ ပြည်နယ်များက ကဏ္ဍပေါင်းစုံ၌ လုပ်ငန်း အသီးသီးတွင်လက်ရှိရင်းနှီးမြှုပ်နှံလုပ်ကိုင်
နေသူများတွေ့ကြုံနေရသည့်စိန်ခေါ်မှု ပြသာနာများကို
အခြေခံမေးမြန်း ကောက်ယူထားခြင်းဖြစ်ကာစစ်တမ်းတွင်အသေးစားအလတ်စားလုပ်ငန်း ၇၅ ရာခိုင် နှုန်းနှင့် လုပ်သားအင်အား ထောင်ကျော် ရှိသည့် အကြီးစားလုပ်ငန်း ၂၅ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။

၎င်းစစ်တမ်းကိုဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်
ရွက်ရေးအေဂျင်စီ (JICA)၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာ ဈေးကွက်
သုတေသနနှင့် ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် (MMRD)တို့ ပူးပေါင်းကောက် ယူခဲ့ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရန်နှင့် စီးပွားရေးအခွင့်အလမ်းများကို သိရှိစေရန် ရည်ရွယ်ကောက်ယူခြင်းဖြစ်ကြောင်း မြန်မာဈေးကွက်သုတေသနနှင့် ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်သုတေသနမန်နေဂျာ ဦးအာကာစိုးက ပြောသည်။

"အဓိက ကျွန်တော်တို့ကတော့ နောင်အနာဂတ်မှာ မန္တလေးဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုး တက်လာစေဖို့ ဒီလိုကောက်ခဲ့တာပါ။ စစ်တမ်းရဲ့ တွေ့ရှိချက် တွေကြောင့် အစိုးရနဲ့ လက်ရှိ လုပ်ငန်းရှင် တွေအကြားအခွင့်အလမ်းတွေ ပိုမိုဖန်တီးလာနိုင်စေဖို့ရည်ရွယ်ပါတယ်"ဟုဦးအာကာစိုး
ကပြောသည်။

မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ပြဧရိယာနှင့် တတိယ လူနေမှု အထူထပ်ဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ကာဗဟိုအချက်အချာကျပြီး မြန်မာ နိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုလုပ်နေသော တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် လမ်းပန်းဆက်သွယ်ရေးအရ နီးကပ်မှုရှိသည်။

ကုန်သွယ်မှုအချက်အချာကျသည့် ရန်ကုန်နှင့်လည်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သည့် အတွက် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရန် အလားအလာကောင်းမွန်ကြောင်း ဖော်ပြထားသည်။

သို့သော် လုပ်ငန်းစတင်လုပ်ကိုင်သည့်အချိန်တွင် လိုင်စင်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပါမစ်များ ရရှိရန်ကြန့်ကြာနေသေးခြင်း၊ ကုန်သွယ်မှုပြုရာတွင် အဓိကဖြစ်သည့် ပို့ဆောင်ရေးကဏ္ဍတွင် လမ်းများမကောင်းခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှု မလုံလောက်ခြင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးပြီး မြေယာဈေးနှုန်းကြီးမား မှုနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များလည်း ရှိနေသေးကြောင်း၊ လုပ်ငန်းလုပ်ကိုင်နိုင် ရန် အစိုးရ၏ပံ့ပိုးမှုများ လိုအပ်နေပြီး လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက်လည်းစိန်ခေါ်မှု
များရှိနေသေးကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

လက်ရှိစီးပွားရေးလုပ်ငန်းလည်ပတ်နေမှုတွင် ကုန်ကြမ်းပစ္စည်းဝယ်ယူရန် လွယ်ကူခြင်း ကုန်သွယ်ရောင်းဝယ်မှုလွယ်ကူ ခြင်းများကြောင့် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၂၀၁၄ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ၏ ၅၆ ရာခိုင်နှုန်းမှာ ရောင်းအား တက်လာသည်ဟု ဆိုသည်။

မန္တလေးမြို့ရှိ အခြေခံလုပ်သား လစာမှာ ၁၃၀,၀၀၀
ကျပ်နှင့် ၀န်ထမ်း များမှာ ၁၈၀,၀၀၀ကျပ် ၀န်းကျင်ခန့် ရှိကြောင်း ဖော်ပြထားသည်။ အနာဂတ်တွင် မန္တလေးတိုင်း ဒေသကြီး၌ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ် ငန်းများ၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတိုးတက်ကောင်းမွန်
လာနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင်နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များရရှိပါကာ မြေအနေအထား
ကောင်းမွန်သောကြောင့်တိုးတက်လာနိုင်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းများလည်းတိုးတက်
လာနိုင်ကြောင်း ဖော်ပြထားသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service