အိမ်ခြံမြေဈေးကွက် ပြန်အတက်ကို စောင့်ကြည့်နေကြ - Property News in Myanmar from iMyanmarHouse.com
1874 Views

အိမ်ခြံမြေဈေးကွက် ပြန်အတက်ကို စောင့်ကြည့်နေကြ

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဈေးကွက်ပြန်
တက်လာတဲ့ အချိန်ကို စောင့်ဝယ်ဖို့ စောင့်ကြည့်နေ ကြတယ်လို့ သိရပါတယ်။

"ဒီမှာဖြစ်နေတဲ့ ပြသနာက တကယ်ဈေးကျချိန်မှာ ပုံမှန်ထက် ထက်ဝက်လျှော့ရောင်းရင်တောင် ၀ယ်မယ့်သူမရှိတဲ့ အခြေအနေ ဖြစ်နေတယ်၊ ဈေးကွက်ကလည်း လူအများစုက ဈေးနှုန်းသက်သာတာထက် ၀ယ်ရောင်းပြန်ဖြစ်တာကို ပိုစိတ်ဝင်စားကြတယ်"လို့ အိမ်ခြံမြေအကျိုးဆောင် ကိုဝင်းနိုင်က သူ့အမြင်ကို ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ရဲ့ အရောင်းအ၀ယ် အခြေအနေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တကယ်နေထိုင်သူတွေထက် ၀ယ်ရောင်းနဲ့ အငှားဈေးကွက်ကိုသာ အဓိကထား ရပ်တည်နေတာကြောင့် အခုလိုဈေးနှုန်းကျဆင်းနေချိန်မှာ အ၀ယ်မလိုက်တဲ့ အခြေအေနေတွေ ပိုဖြစ်နေတာပါ။ အရင်က ဈေးကွက်အတွင်း သိန်းထောင်ချီ ပေါက်ဈေးရှိတဲ့ အတွင်းမြေကွက်အများစုဟာ အခုနှစ်အတွင်းမှာတော့ သိန်းရာဂဏန်း လောက်အထိ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ တချို့မြေကွက်တွေမှာတော့ လမ်းမတန်းမြေတွေလောက်သာ အကျအဆင်းနည်းပြီး ရပ်ကွကအတွင်းအကွက်တွေရဲ့ တိုက်ခန်းတွေမှာတော့ ဈေးနှုန်းကကျဆင်းတာ ပိုသိသာတယ်လို့ သိရပါတယ်။

တောင်ဝင်ဆောက်လုပ်ရေးက ဦးကိုကိုထွေးက "အခုဖြစ်နေတာက တစ်စတုရန်းပေကို ငါးသိန်းလောက်ကနေ နှစ်သိန်းလောက်ရောင်းရင်တောင် ထပ်ကျမယ် ထင်လို့မ၀ယ်ကြဘူး၊ တကယ်ဈေးတွေ တက်လာပြီး သုံးသိန်းလောက်ဖြစ်မှ ၀ယ်ကြတာက မြန်မာပြည်စီးပွားရေးလောကရဲ့ အစဉ်အလာလို ဖြစ်နေတယ်"လို့ ပြောပါတယ်။

စီးပွားရေးအရ ဈေးကွက်ကစားသူတွေက ပိုမိုများပြားနေတာကြောင့် အခုလိုအရှုံးများတဲ့ အိမ်ခြံမြေကို ၀ယ်ရောင်းမလုပ်ဘဲ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကတော့ အမှန်တကယ် လိုအပ်တဲ့ တိုက်ခန်းနဲ့ လုံးချင်းအိမ်တွေလောက်သာ ပုံမှန်ဈေးနဲ့ အရောင်းအ၀ယ် ဖြစ်ပေါ်နေပြီး ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတော့ မရှိသလောက်နည်းနေသေးတယ်လို့ သိရပါတယ်။

ဈေးကွက်ထဲမှာ ရောင်းလိုအားများနေတဲ့ အိမ်ခြံမြေအမျိုးအစားတွေကတော့ အဆင့်မြင့်အိမ်ရာ၊ ကွန်ဒို၊ မြေကွက်စတဲ့ မြေတွေကို အဓိကရောင်းချင်နေကြတာ ဖြစ်ပါတယ်။ အဆင့်မြင့်အိမ်ရာနဲ့ ကွန်ဒိုတိုက်ခန်းဈေးကွက်တွေကတော့ အခုနောက်ပိုင်း တစ်စတုရန်းပေကို ကျပ်တစ်သိန်းလောက်အထိ လျှော့ဈေးနြ့ ရောင်းချလာကြတယ်လို့ သိရပါတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service