တစ်လ ကျပ် (၃၀,၀၀၀) နှုန်းဖြင့် အရစ်ကျ ၀ယ်ယူနိုင်သည့်အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
1521 Views

တစ်လ ကျပ် (၃၀,၀၀၀) နှုန်းဖြင့် အရစ်ကျ ၀ယ်ယူနိုင်သည့်အိမ်ရာ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ်(၃၀) အရစ်ကျဖြင့်
ပေးသွင်းနိုင်မည့် အိမ်ရာစီမံကိန်းတစ်ခုအား
ဖော်ဆောင်သွားရန်သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်
ကခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သြဂုတ် (၃၁) ရက်တွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် အိမ်ရာစီမံကိန်းသစ် မိတ်ဆက်ပွဲမှ သိရသည်။

၎င်းစီမံကိန်းအား The Infrastructure of Myanmar မှ တာဝန်ယူဖော်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိတွင် အိမ်ရာစီမံကိန်း စတင်နိုင်ရန် မြေသားစမ်းသပ်မှုများ လုပ်ဆောင်ရခြင်း မရှိသေးကြောင်း သိရသည်။

"အိမ်ရာစီမံကိန်း ဘယ်တော့စမယ် ဆိုတာကတော့ အတိအကျ မဖော်ပြနိုင်သေးဘူး။ ကျွန်တော်တို့ MoU ထိုးဖို့ လုပ်နေတယ်။

အဲဒီအဆင်းပြီးရင်တော့ မြေသားစမ်းသပ်မယ်။ ပြီးရင်တော့ စီမံကိန်း စတင်နိုင်မှာပါ။ ကျွန်တော်တို့က အိမ်ရာထက် လမ်းတွေ၊ ရေမြောင်းတွေကိုဦးစားပေးစနစ်နဲ့ ဖော်ဆောင်သွားမှာပါ"ဟု The Infrastructure of Myanmar မှ ဒါရိုက်တာ ဦးခင်မောင်တိုးက ပြောသည်။

အဆိုပါစီမံကိန်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး အကျယ်အ၀န်းမှာ မြေဧက (၂၀) ရှိကြောင်း သိရသည်။

ယင်းမြေသည် လယ်ယာမြေ မဟုတ်သည့်အတွက် အရှုပ်အရှင်းကင်းပြီး မြေလွတ်မြေရိုင်း ဖြစ်သည့်အပြင် စက်မှုဇုန်စတင်တည်စဉ် က စက်မှုဇုန် လုပ်သားများအတွက် တည်ဆောက်ပေးရန်လျာထားသည့်စက်မှုလုပ်သားများရွာ နေရာတွင် ဖြစ်ကြောင်းသိရသည်။

"လက်ရှိမှာအဲဒီနေရာကအမည်ခံနေရာ ဖြစ်နေတယ်။ မြေလွတ်မြေရိုင်းနေရာ ဖြစ်နေတော့ လျော်ကြေးကိစ္စ ရှင်းတယ်။ ဒါပေမယ့် အခု အဲဒီနေရာကို တစ်ဧက သိန်း (၁၃၀)ပေးသွင်းရမယ် ကျွန်တော့်ဆီမှာ ရောက်လာတဲ့ စာမှာခေါင်းစဉ်ကစီမံခန့်ခွဲမှုရန်ပုံငွေဖြစ်နေတာကြောင့် ငွေသွင်းဖို့ ပြန်လည် ဆွေးနွေးနေပါတယ်။

တကယ်ဆို မြေရောင်းတယ်ဆိုတဲ့ ခေါင်းစဉ်မျိုး ကမှဖြစ်သင့်တာပါ"ဟု ဦးခင်မောင်တိုးက ပြောသည်။

ယင်းအိမ်ရာစီမံကိန်း အတွက် ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၅ ဒသမ ၆ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပြီး အိမ်ခန်းပေါင်းအကျယ် ပေ (၂၀×၃၀) ရှိပြီး၊ စတုရန်းပေ (၆၀၀) အကျယ်ရှိသည့် အခန်းပေါင်း ၂,၅၆၀ ခန်းဆောက်လုပ်သွားမည် ဖြစ်သည်။

ထို့နောက် ယင်းစီမံကိန်းအား နှစ်နှစ်အတွင်း အပြီးသတ် အကောင်အထည် ဖော်သွားမည်ဖြစ်ရာတိုက်ခန်းတစ်ခန်းအား တစ်လလျှင် ကျပ် (၃၀,၀၀၀) နှုန်းဖြင့် နှစ် (၃၀)အရစ်ကျ ပေးသွင်းကာဝယ်ယူနိုင်မည်
ဖြစ်ကြောင်းသိရသည်။

"အခန်းတိုင်းကတော့ ဈေးနှုန်းကအတူတူပါပဲ။ ဆောက်လုပ်မှာကလည်းတစ်တိုက်ကို လေးထပ်နှုန်းနဲ့ ဆောက်လုပ်မှာ ဖြစ်တယ်။ နှစ်(၃၀)စီမံကိန်းနဲ့အကြွေးရောင်းမှာ
ဖြစ်တာကြောင့် သေချာပါတယ်။ နှစ် (၃၀) အတွင်း ပျက်စီးနိုင်မှု လုံးဝမရှိပါဘူး"ဟု မြဌေးကြွယ်လင်း ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးစောသန်းမြက ပြောသည်။

၎င်းအိမ်ရာအတွင်း ပါရှိသည့် တိုက်ခန်းတိုင်းတွင် အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ ပါရှိပြီး မီးဖိုချောင်နောက်တွင် အမှိုက်စွန့်ပစ်သည့်စနစ်ကိုပါတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျှော့နည်းစေမည်ဖြစ်ကြောင်း သိရသည်။


The Infrastructure of Myanmar အနေဖြင့် အိမ်ရာစီမံကိန်းများကို မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ဒေသကြီး(၁၄)ခုတွင်အခန်းပေါင်း နှစ်သန်းခန့် ဆောက်လုပ်သွားရန်ရည်ရွယ်ပြီး ပထမဆုံးအနေဖြင့် ကရင်ပြည်နယ်တွင် စတင်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်လည်း အိမ်ရာစီမံကိန်း ဖော်ဆောင်သွားရန် ခွင့်ပြုစာ ထွက်ရှိပြီးသား ဖြစ်ကြောင်း၊ ယင်းဒေသများတွင် စီမံကိန်းများ ပြီးစီးပါက လူနေသိပ်သည်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်းယင်းစီမံကိန်းလုပ်ဆောင်ရန် လျှောက်ထားခဲ့သော်လည်း မြေနေရာအခြေအနေကြောင့်စီမံကိန်းအကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Credit : Kyu Kyu Ko (T.T.T)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service