ရန်ကုန်တွင် အသင့်နေတိုက်ခန်း ငှားရမ်းသည့်ဈေးကွက် တွင်ကျယ် - Property News in Myanmar from iMyanmarHouse.com
1080 Views

ရန်ကုန်တွင် အသင့်နေတိုက်ခန်း ငှားရမ်းသည့်ဈေးကွက် တွင်ကျယ်

ရန်ကုန်မြို့တွင်း၌ အိမ်တွင်း ပရိဘောဂပစ္စည်းများ ပါဝင်သည့် တိုက်ခန်းအငှားဈေးကွက်မှာ ယခုနှစ် အတွင်း ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။

”အရင်ကတည်းက ပရိဘောဂ ပါတဲ့ တိုက်ခန်းတွေကို ငှားကြတယ်။ ဒါပေမယ့် ကွန်ဒိုတွေကြီးပဲ များတယ်။ အခုက ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက် ခန်းမှာပါ ပရိဘောဂ အပြည့်အစုံနဲ့ ငှားလာကြတယ်”ဟု မြန်မာ့အဖိုး တန်မြေ အိမ်ခြံမြေဝန်ဆောင်မှု လုပ် ငန်းမှ မပိုးစန္ဒီက ပြောသည်။

ပရိဘောဂ အပြည့်အစုံဖြင့် ငှားရမ်းပေးနေသည့် တိုက်ခန်းများ၏ ဈေးနှုန်းမှ တစ်လလျှင် ၁၄ သိန်း ဝန်းကျင်မှ စတင်၍ ဒေါ်လာ ၈,ဝဝဝ ဝန်းကျင်အထိရှိကြောင်း သိရသည်။ ယင်းငှားရမ်းသည့် တိုက်ခန်းများ၌ ၁၈ ပေ ထ ပေ ၆ဝ အကျယ်ရှိသည့် ရိုးရိုး တိုက်ခန်းများ ပါဝင်သလို ကွန်ဒို တိုက်ခန်းများ၊ လုံးချင်းအိမ်ရာများ လည်း ပါဝင်သည်။

လက်ရှိတွင် ပရိဘောဂပစ္စည်း များပါဝင်သည့် တိုက်ခန်းများအား ငှားရမ်းမှုများသည့် မြို့နယ်များမှာ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗိုလ်တထောင်မြို့နယ်ရှိ တိုက်ခန်းများ တွင်လည်း ပရိဘောဂများအလှဆင် ကာ ငှားရမ်းမှုများ ရှိလာခဲ့သည်။

”အဲဒီလိုတိုက်ခန်းမျိုးတွေကိုများသောအားဖြင့်
နိုင်ငံခြားသား တွေ ကြိုက်နှစ်သက်ကြတယ်။အခု နောက်ပိုင်း နိုင်ငံခြားသားတွေလည်း အများကြီး ဝင်ရောက်လာကြတော့ လနဲ့ ချီနေတဲ့သူတွေက ဟိုတယ်တွေ မှာ ငှားမနေတော့ဘဲ ရှုခင်းကောင်းတဲ့ လုံးချင်းတိုက်လေးတွေမှာ နေကြ တာ များလာတယ်” ဟု အိမ်လုံးချင်း၊ တိုက်ခန်းငှားရမ်းခြင်းနှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ မချယ်ရီက ပြောသည်။

ပရိဘောဂပါဝင်သည့် တိုက်ခန်း၊ ကွန်ဒိုများဟု ဆိုရာတွင် ဧည့်ခန်းသုံး ဆိုဖာများ၊ အဲကွန်း၊ တီဗီ၊ အိပ်ခန်း တွင်းသုံး အဝတ်ဗီရို၊ မှန်တင်ခုံ၊ ခုတင်၊ မီးဖိုချောင်သုံး ဂက်စ်မီးဖို၊ ပန်းကန်စင်၊ ရေချိုးခန်းသုံး အဝတ် လျှော်စက် အစရှိသည့် ပစ္စည်းများ ပါဝင်ပြီး ငှားရမ်းနေထိုင်မည့်သူများ မှာ အသင့်နေထိုင်ရုံ တိုက်ခန်းများ အဖြစ် ငှားရမ်းလာကြကြောင်း သိရ သည်။

ယင်းတိုက်ခန်းများအား ငှားရမ်း မှုမှာ အနည်းဆုံး တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းကြသည်။ အလားတူ လူနေ တိုက်ခန်းများအပြင် ရုံးခန်းများကို လည်း လုပ်ငန်းသုံးပစ္စည်းဖြစ်သည့် စားပွဲများ၊ ထိုင်ခုံများ၊ အဲကွန်းများပါ ဝင်သည့် မီနီတိုက်ခန်းများအား ငှား ရမ်းနေမှုများ ရှိနေကြောင်း သိရ သည်။ ၎င်းတိုက်ခန်းများမှာမူ အနိမ့် ဆုံး တစ်လ ကျပ် ၁ဝ သိန်း ဝန်းကျင်မှ ဒေါ်လာ ၁,ဝဝဝ ကျော်အထိ ဈေး ရှိကြောင်း သိရသည်။

ထိုတိုက်ခန်းများအား ငှားရမ်း အသုံးပြုသူများ နောက်ပိုင်း၌ ပိုမို များပြားလာနိုင်ပြီး ထိုသို့ငှားရမ်းမှု များပြားလာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ အိမ်ခြံမြေလုပ်ငန်းလည်း တိုး တက်လာမည်ဖြစ်ကြောင်း အိမ်ခြံမြေ အရေးလေ့လာသူများက သုံးသပ်ကြ သည်။ ပြည်ပနိုင်ငံများ၌ ပရိဘောဂ ပစ္စည်းပါသည့် အသင့်နေ တိုက်ခန်း ငှားရမ်းနေမှု တွင်ကျယ်ခြင်းသည် ကြာမြင့်နေခဲ့သော်လည်း မြန်မာ နိုင်ငံအနေဖြင့်ဆိုလျှင် နောက်ကျနေ သည့် ဈေးကွက်တစ်ခု ဖြစ်သည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service