မုံရွာမြို့တွင် အဆင့်မြင့် ကွန်ဒိုအိမ်ရာ စီမံကိန်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1022 Views

မုံရွာမြို့တွင် အဆင့်မြင့် ကွန်ဒိုအိမ်ရာ စီမံကိန်း တည်ဆောက်မည်

တိုင်းမြို့တော် မုံရွာမြို့တွင် ပထမဦးဆုံး အဖြစ် အဆင့်မြင့် ကွန်ဒို အိမ်ရာစီမံကိန်း တစ်ခုကို ယခု နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ကွန်ဒိုအိမ်ရာ တည်ဆောက်မည့် View ကုမ္မဏီထံမှ သိရသည်။

မုံရွာမြို့ ဒေါနခြံ ရပ်ကွက်၌ တည်ဆောက်မည့် အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီးတွင် အခန်းပေါင်း (၁၂၈) ခန်း ပါဝင်မည်ဖြစ်ပြီး၊ အခန်း တစ်ခန်းလျှင် စတုရန်းပေ (၁၂၀၀) မှ (၂၀၀၀) အထိ အကျယ်အ၀န်းရှိပြီး အထပ်ပေါင်း (၁၅) ထပ်အထိ တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

''ချင်တွင်းမြစ် အလှကိုလည်း လှမ်းကြည့်နိုင်အောင် View ကိုလည်း စီမံထားပါတယ်။ ကားပါကင်လည်း ထည့်သွင်း တည်ဆောက်မယ်။ အထပ်မြင့် ကွန်ဒို တည်ဆောက်မှာပါ။ အိမ်ရာ အတွင်းမှာလည်း နေထိုင်သူတွေ အဆင်ပြေစေဖို့ လုံခြုံရေး စနစ်ကိုလည်း ထည့်သွင်း တည်ဆောက် ပေးသွားမယ်။ အခန်းတိုင်းကို ကုတ်တံခါးတွေကိုပဲ တပ်ဆင်ပေးသွားမယ်။

ဈေးနှူန်းကတော့ သိန်း (၁၀၀၀) ကနေ သိန်း(၃၀၀၀) အကြား သတ်မှတ် ထားပါတယ်။ အခန်း အမျိုးအစားကို လိုက်ပြီး ရောင်းချပေးသွားမယ်'' ဟု Rose Wood ကုမ္ပဏီမှ ဥက္ကဋ္ဌ ဖြစ်သူ ကိုထက်နိုင်ဝင်းက The Messenger Media သို့ပြောသည်။

အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီးအား ယခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင် တည်ဆောက်ရန် လျာထားပြီး MOU ထိုးပြီးပါက ဆောက်လုပ်မှု အပိုင်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

'' Rose Wood ကုမ္ပဏီက တင်ဒါအောင်သွားတာပါ။ စင်ကာပူ ဒီဇိုင်းကို ရေးဆွဲပြီး တည်ဆောက်ပေးမှာပါ။ ကွန်ဒို အိမ်ရာထဲမှာလည်း နိုင်ငံတကာ အဆင့်မီ တည်ဆောက်မှုတွေကို ၀န်ဆောင်မှု ပေးနိုင်အောင် စီမံချက်တွေ ပါရှိပါတယ်။

ပြီးတော့ လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အတွက် စွန့်ပစ် ရေဆိုးတွေကို ရေသန့်စနစ်ပြောင်းပြီး ထုတ်လွှတ်ဖို့ကိုလည်း ညွှန်ကြား ထားပါတယ်'' ဟု တိုင်းဒေသကြီး အိုးအိမ်နှင့် မြို့ရွာ ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တိုင်းဦးစီးမူး ဦးနိုင်လင်းက The Messenger Media သို့ပြောသည်။

အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီး၏ ဖောင်ဒေးရှင်း အပိုင်းကို ငလျင်ပြင်းအား (၆ ဒသမ ၅) အဆင့်ထိ ခံနိုင်အောင် တည်ဆောက် ပေးသွားမည်ဖြစ်ပြီး၊ ယင်းအိမ်ရာအတွင်း၌ Ball Room ၊ Business Center ၊ Meeting Room တို့အပြင် Small Market တစ်ခုကိုလည်း ထည့်သွင်းကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီးနှင့် အတူ အထပ်မြင့် ဟိုတယ် တစ်ခုကိုပါ ပူးတွဲ တည်ဆောက်မည် ဖြစ်သဖြင့် အမေရိကန် ဒေါ်လာသန်း (၂၈၀) ခန့် ကုန်ကျမည် ဖြစ်ကြောင်း အဆိုပါ Rose Wood ကုမ္ပဏီထံမှ သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service