ကျောတခင်းစာအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ မြို့ပြသုမနတွေရဲ့ အိမ်မက်ကမ္ဘာလေး - Property News in Myanmar from iMyanmarHouse.com
1381 Views

ကျောတခင်းစာအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ မြို့ပြသုမနတွေရဲ့ အိမ်မက်ကမ္ဘာလေး

အကျယ်ငါးပေ အရှည် ၁၀ ပေခန့်သာ ရှိနိုင်တဲ့ ဓနိမိုး၊ ထရံကာ အခန်းကျဉ်းကလေးထဲမှာတော့
အနံ့အသက်ပေါင်းစုံ ထောင်းထောင်းထလို့ နေပါတယ်၊ အဆင်ပြေသလို တန်းထားတဲ့ အ၀တ်တန်းနှစ်တန်း
ပေါ်မှာ တို့လို့တွဲလောင်း ဖြစ်နေတဲ့ အ၀တ်အစား ခပ်နွမ်းနွမ်းတွေ ချိတ်ထားသလို၊ အညာစောင်တစ်ထည်
နဲ့ ထုတ်ပိုးထားတဲ့ အိပ်ယာလိပ်၊ ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ ကျောင်းစာအုပ်တွေ ၊ မင်းသားမင်းသမီးပုံပါတဲ့
ပြက္ခဒိန်တွေ နဲ့ ဒီအခန်းလေးရဲ့ လေးပေး အကွာလောက်မှာ ဆောက်ထားပြီး တာပေါ်လင်စတွေနဲ့ အဆင်ပြေအောင် ဆောက်ထားတဲ့ မစင်စွန့်ရာ ဗိမာန်ကနေ အနံ့ဆိုးတွေ အိမ်ထဲထိ လှိုင်လှိုင်ရောက်ရှိလို့လာနေ
ပါတယ်။

“ ကြာလာတော့ ဒီအနံတွေကရိုးလာပါပြီ။ ကိုယ့်ဘေးမှာလေလည်တဲ့သူကိုတောင် စိတ်မဆိုးတက်တော့ဘူး” လို့ အိမ်သာကိုလက်ညှိးထိုးပြရင်း ဒေါ်နီလာ က ဆိုပါတယ်။

ဒီကျုးကျော်တဲငယ်ထဲကို ဒေါ်နီလာ လာရောက်နေထိုင်ဖြစ်တဲ့ အကြောင်းလေးကိုလည်း ရှင်းပြပါတယ်၊ နာဂစ်မုန်တိုင်းအပြီးမှာ သူ့ရဲ့ဇာတိ ချက်မြုတ် ဧရာဝတီတိုင်းမှာ အလုပ်အကိုင်ရှားတဲ့ အပြင် ယောင်္ကျားဖြစ်သူကလည်း နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ အတွက် ကျန်ရစ်ရှာတဲ့ ကလေးသုံးယောက်ရဲ့စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး အတွက် အလုပ်အကိုင် အဆင်ပြေနိုင်မယ့် ရန်ကုန်မြို့တော်သို့ ချီတက်လာတာ ဖြစ်ပြီး သူတို့ရွာက တော်တော်များများလည်း သူ့လိုဘဲ ရန်ကုန်မြို့မှာနေထိုင်လုပ်
ကိုင်ဖို့ ကြိုးစား လာတယ်လို့ ပြောပြပါတယ်။

ရန်ကုန်မြို့မှာဒေါ်နီလာ တို့လို မိသားစုတွေ ကျောတခင်းစာ အတွက် ကျုးကျော်တဲလေးတွေမှာ အားပြုနေရ
တာ တွေ အများကြီးရှိပါတယ်၊ ကျုးကျော်တဲ ထိုးတယ်ဆိုတာ အပြောလွယ်သလောက်လည်း အလုပ်ခက်တဲ့အပြင် အဆက်အသွယ် လည်း ရှိဖို့လိုပါတယ် ဆိုပြီး ကျုးကျော်တဲ တစ်လုံးဖြစ်ဖို့ အတွက် ကျော်ဖြတ်ခဲ့ရတဲ့
အခက်အခဲ တွေကို ပြောပြပါတယ်။

အကျယ် ၁၀ ပေသာ ခွင့်ပြုတဲ့ အပြင် လစဉ်ကြေးအဖြစ် ပုံမှန် ၂၀၀၀ ထည့်ဝင်ရပြီး၊ လစဉ်လဆန်းငါးရက်နေ့
မှာ ရပ်ကွက်အာဏာပိုင်တွေ ဆိုတဲ့ လူတွေ လာပြီး ပိုက်ဆံ လာသိမ်းလေ့ရှိတယ်လို့ ပြောပြသလို၊ ကနဦး
တဲ ဆောက်မယ်ဆိုရင်လည်း ငွေ ၃၀၀၀၀ ပေးရတယ်လို့ ဒဂုံအရှေ့ပိုင်းက မြေကွက်လွတ်ပေါ်မှာ ကျုးကျော်
တဲ ထိုးနေထိုင်နေတဲ့ ဆိုက္ကားဆရာ ကိုကျော်ဦးကလည်း ရင်ဖွင့်ပြောပြပါတယ်။

အကြောင်းအရာမျိုးစုံနဲ့ နိုင်ငံအနှံအပြားကရန်ကုန်မြို့တွင်းကိုပြောင်းရွေ့လာတဲ့ လူဦးရေ များပြာလာတာ
ကြောင်လည်း အိမ်ဌားခဈေးတွေမြင့်တက်လာပြီး ၀င်ငွေနည်းမိသားစုတွေရဲ့ ကျောတခင်းစာ အိမ်မက်
တွေကိုပါခြိမ်းခြောက်လို့လာပါတယ်။

အစိုးရ၏တရားဝင်စာရင်းများက လည်းရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရဲ့ လူနေသိပ်သည်းဆဟာ ရှစ်ဆယ်ရာခိုင်နှုန်းရောက်ရှိလာကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်၊ လှိုင်သာယာတစ်မြို့နယ်ထဲမှာတောင် ကျူးနေထိုင်သူ အခုလက်ရှိခုနှစ်သောင်း လောက်ရှိပါတယ်၊ နှစ်စဉ်သောင်းဂဏာန်းဝန်းကျင် ရွေ့ပြောင်းလာကြတယ်၊ မနှစ်က သြဂုတ်လကုန်ပိုင်းက ကျူးနေထိုင်သူ ငါးသောင်းဝန်းကျင်ရှိတယ်လို့ လှိုင်သာယာမြှို့နယ် အုပ်ချုပ်ရေးမှုးကဖြေကြားပါတယ်။

ရန်ကုန်မြို့လယ်အတွင်းရှိအိမ်ခန်း၊ တိုက်ခန်းဌားခဈေးတွေဟာအနိမ့်ဆုံးကျပ်ရှစ်သောင်းအထက်မှာသာရှိနေ
တယ်၊နေထိုင်သူဦးရေများပြီးအခန်းလိုအပ်ချက်တွေကြောင့် အိမ်ဌားဈေးနှုန်းတွေဟာအတက်ဘက်ကိုဦး
တည်နေပါတယ်။ လူနေထူထပ်လာတဲ့ နေရာအချို့မှာလွန်ခဲ့တဲ့ ငါးနှစ်ကတစ်ခန်းလုံးဈေးနှုန်းနှင့် အခုအခန်း
ကန့်ဈေးနှုန်းကတူညီပါတယ်လို့ သာကေတ ၁၂ ရပ်ကွက်ကဓမာရုံလမ်မှ ရပ်ကွက်ပွဲစားဒေါ်သန္တာကသုံးသပ်
ပါတယ်။

အများစုက ၀င်ငွေလစဉ်တိုးမလာကြပေမယ့် အိမ်ဌားစရိတ်ကနေရာတိုင်းမှာတိုးနေပါတယ်၊ တိုးလာတဲ့အိမ် ဌားစရိတ်က ၀င်ငွေနည်းမိသားစု ၀င်ငွေတစ်ဝက်ကို နေရာယူထားတယ်၊ စားရေးနဲ့ မသုံးမဖြစ်ကုန်ကျစရိတ်တွေကြောင့် ဒီမိသားစုတွေဟာကျောတစ်ခင်းစာ ရဖို့ လောက်သာနေစရိတ်ကိုသုံးစွဲလာကြတယ်။

လူခုနှစ်ဦးနေထိုင်ရတာကိုယေဘူယျတွက်ချက်ရင် လူတစ်ယောက်ကအနံတစ်ပေ၊ အလျားခြောက်ပေ
လောက်အခန်းကျဉ်းလေးမှာအသက်ရှင်ရရုံလောက်ပါ ၊ သည်အိမ်ခန်းကပုဇွန်တောင် မြှို့နယ်ဆိပ်ကမ်း
ဝန်းကျင်နားရှိတိုက်တန်းလျားကပ်လျက် ဘေးလမ်းအကျယ်လောက်မှာအဖီဆွဲထားတဲ့ အခန်းဖြစ်တယ်၊
ဆိုက်ကားဆရာ ဦးသာဝင်းတို့မိသားစု ခုနှစ်ဦးပိုင် အိမ်ခန်းပါ၊သားသုံးဦးကအိမ်နဲ့နီးတဲ့ ဆိပ်ကမ်းနားမှာသွား
အိပ်ကြတယ်၊ ဦးသာဝင်းက “ မိသားစုစုံစုံညီညီမအိပ်ရတာငါးနှစ်ရှိပြီ ” ကိုယ်ပိုင်အဖီဆွဲခွင့်ရပေမယ့် တိုက်
ခန်းပိုင်ရှင်ကိုမြေဌားခတစ်လတစ်သောင်းပေးရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာပြည်တွင်ရွေ့ပြောင်းနေထိုင်လာမှု အကြီးမားဆုံးလမ်းကြောင်းကြီးငါးခုရှိပါတယ်၊ ရွေ့ပြောင်း
နေထိုင်တဲ့လမ်းကြောင်းငါးခုက ဧရာဝတီတိုင်းမှ ရန်ကုန်သို့၊ မနလေးတိုင်းမှ ရန်ကုန်သို့၊ ပဲခူးတိုင်းမှရန်ကုန်
သို့၊ မန္တလေးတိုင်းမှ ရှမ်းပြည်သို့ အစရှိသည့် နေရာတွေကိုရွေ့ပြောင်းကြတာပါ၊ ဒီလမ်းကြောင်းကြီးငါးခုမှာ
သုံးခုကရန်ကုန်တိုင်းထဲကို တိုးဝင်လာကြတာဖြစ်တယ်၊ အာဆီင်္ယံနိုင်ငံတွေထဲကလူဦးရေသိပ်သည်းဆ
တတိယအများစုဖြစ်တဲ့ ရန်ကုန်မြို့ ကိုပြည်တွင်းမှ အများဆုံးရွေ့ပြောင်းလာကျတဲ့ ၁၉၉၁၊၂၀၀၁၊၂၀၀၇ ခုနှစ်တွင် တိုင်းတာထားတဲ့စာရင်းထဲမှာဖော်ပြထားတယ်။

၂၀၀၇ စာရင်းအရဧရာဝတီ တိုင်းမှ နေထိုင်သူလူတစ်ထောင်မှာငါးဆယ့်ခုနှစ်ယောက် ကသူတို့ဒေသကိုစွန့်ခွာ
သွားကြတယ်၊ရန်ကုန်နှင့်ကပ်လျက် ပဲခူးမှာတောင် လူတစ်ထောင်မှာ နှစ်ဆယ့်နှစ်ယောက်ကဒေသကိုစွန့်ခွာ
သွားတယ် လို့ ကုလသမဂလူဦးရေရန်ပုံငွေ အဖွဲ့ UNFPA နဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဦးစီးဌာ
န၏ ၂၀၁၃ စက်တင်ဘာလအတွင်း LEVELS, Trends and Patterns of Internal migration in Myanmar
အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service