စောင့်ကြည့်ရမယ့် ‘ဆ’ ရပ်ကွက် အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1091 Views

စောင့်ကြည့်ရမယ့် ‘ဆ’ ရပ်ကွက် အိမ်ခြံမြေဈေးကွက်

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ မြို့သစ်ရပ်ကွက်ကြီးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရေးပါတဲ့အပိုင်းက ပါဝင်နေပါတယ်။

မြို့ရဲ့ အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ မြို့သစ်ရပ်ကွက်ကြီးမှာ အကြမ်းဖျင်းအားဖြင့် လူနေကျဲပါးတဲ့ဧရိယာနဲ့ လိုအပ်တဲ့ မြို့ပြဆိုင်ရာအခြေခံအဆောက်အအုံ
ုံတွေ ပြည့်စုံနေတဲ့ ဧရိယာအဖြစ် တွေ့မြင်နိုင်မှာဖြစ်ပြီး၊ အဲဒီအထဲမှာ ဈေးကွက်ဝင်အလားအလာကောင်းတဲ့ ရပ်ကွက်ကြီးတွေလည်း အများအပြား ရှိနေပြီဖြစ်ပါတယ်။

‘ဆ’ ရပ်ကွက်ဟာ အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာရဲ့ အနောက်ဘက်အစွန်ဆုံး အပိုင်းမှာရှိပြီး မြို့နယ်အနေနဲ့
ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ရှိပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလကို ပြန်လှည့်ကြည့်ရင် ‘ဆ’ ရပ်ကွက် ဟာ
မြို့သစ်ဧရိယာရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တန်းရပ်ကွက်သုံးခုလောက်ထဲမှာ စာရင်းမ၀င်ပေမယ့် လက်ရှိမှာတော့အရင်ကထက်များစွာသာလွန်တဲ့အခြေ
အနေကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူ တွေအနေနဲ့ ‘ဆ’ ရပ်ကွက်ကို စိတ်ဝင်စားသင့်တဲ့ အကြောင်းအရင်းတွေထဲမှာ
ပြောင်းလဲ ဖွံ့ဖြိုးလာတဲ့ အိမ်မြေအကွက်အကွင်းနဲ့ လမ်းပန်းဆက်သွယ်ရေး သိသာကောင်းမွန်လာမှုက အကောင်းဆုံးအချက်တွေဖြစ်နေပါတယ်။

အဓိကအားဖြင့် ‘ဆ’ ရပ်ကွက်နဲ့ သိပ္ပံလမ်းကို တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ ၇၃ လမ်းမကြီး
ကောင်းမွန်လာမှုနဲ့ ၇၃ လမ်းနဲ့ သိပ္ပံလမ်းပေါ်က မြို့ပြဆိုင်ရာအခြေခံအဆောက်အအုံတွေက ‘ဆ’ ရပ်ကွက်ရဲ့
အိမ်ခြံမြေဈေးကွက်ကို အထက်ရောက်အောင်ဆက်ပြီး တွန်းပို့ပေးဦးမှာဖြစ်ကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။

လတ်တလောမှာ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်သိပ်မဖြစ်ပေမယ့် ‘ဆ’ ရပ်ကွက်ရဲ့အိမ်မြေဈေးနှုန်းကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ခေါ်ဈေးတွေ သိသိသာသာမြင့်လာခဲ့တာကို တွေ့ရပါတယ်။

‘ဆ’ရပ်ကွက်ရဲ့အကောင်းဆုံးလမ်းတွေလို့ဆိုရမယ့်
တောင်မြောက်သွား ၆၈ လမ်းနဲ့ အရှေ့အနောက်သွား
ငုရွှေဝါလမ်းတွေပေါ်က အိမ်မြေဈေးနှုန်းတွေဟာ လူလတ်တန်းစားတွေလိုက်မီဖို့ခက်ခဲတဲ့ ဈေးနှုန်းတန်းကို
ရောက်နေကြောင်းဈေးကွက်သတင်းတွေအရ သိရပါတယ်။

ဈေးကွက်မှာ အရောင်းအ၀ယ်ပုံမှန် အလုပ်ဖြစ်တဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကအဲဒီလမ်းပေါ်တင် မြေကွက်တစ်ကွက်ကိုပျမ်းမျှကျပ်သိန်း၇,၀၀၀၀န်းကျင်အထိ ဈေး ခေါ်တာမျိုးရှိခဲ့ပြီးလက်ရှိမှာလည်းလက်တွေ့အရောင်းအ၀ယ်ဖြစ်ဖို့ခက်ခဲတဲ့ နှုန်းထားမျိုး ဈေးခေါ်တာများကြောင်း သိရပါတယ်။

မြို့သစ်ဧရိယာရဲ့ အနောက်ဖျားကျတဲ့အပိုင်းတွေဟာ အခြေကျပြီးဖြစ်တဲ့အားသာချက် တစ်ခုတည်းနဲ့တင် အရောင်းအ၀ယ်အေးနေပေမယ့် ပုံမှန်ပေါက်ဈေးနဲ့ ဈေးခေါ်တဲ့အခါ အမှန်တကယ်နေထိုင်လိုသူတွေနဲ့
အလုပ်ဖြစ်တတ်ကြောင်း အကျိုးဆောင်တချို့ ကပြောပါတယ်။

ဒီအနေအထားမှာ ‘ဆ’ ရပ်ကွက်ထဲမှာ ပုံမှန်ပေါက်ဈေးနဲ့ ဈေးခေါ်တဲ့ အိမ်မြေဆိုရင် ၀ယ်ဖို့စဉ်းစားသူတွေအနေနဲ့ အလုပ်လုပ်တာ
အမှားမရှိနိုင်ကြောင်း အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service