တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့ အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့ - Property Knowledge in Myanmar from iMyanmarHouse.com
5737 Views

တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့ အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့

Knowledge | Posted by Si Thu Aung

တိုက်ခန်းဝယ်ယူတဲ့အခါ စာချုပ်စာတမ်းချုပ်ဆိုကတည်းက မြေရှင်ကို အမည်ပြောင်းခနဲ့ လခကို ဘယ်လောက်နှုန်းထားဆိုတာမျိုး တစ်ပါတည်းချုပ်ဆိုမှသာ နောက်ပိုင်းအငြင်းပွားမှု လျော့နည်းနိုင်မယ်လို့ သိရပါတယ်။
တိုက်ခန်းဝယ်သူတချို့ကြုံတွေ.ရတဲ့ ပြသနာက တစ်ဆင့်ပြန်ရောင်းတဲ့အခါ ဈေးနှုန်းသေချာမသတ်မှတ်ထားမိတာကြောင့် အမည်ပြောင်းခကို မြေပိုင်ရှင်တောင်းသလောက်ပေးကြရသလို မြေရှင်ကို ပေးနေရတဲ့ လစဉ်လခကြေးငွေတွေကြောင့်လည်း အငြင်းပွားမှုတွေ ဖြစ်နေကြတာပါ။

အခုလိုပေးရတဲ့အပေါ် တချို့က ပေးစရာမလိုဘူး။ တချို့ကလည်း ပေးရတယ်ဆိုပြီး အပျောက်စနစ် အရောင်းအဝယ် လုပ်တဲ့အခါမှာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ရှေ့နေအသင်းဥက္ကဌ ဦးကျော်ဇေယျက ‘အပျောက်ခန်းအရောင်းအဝယ်လုပ်တဲ့အခါမှာ ဘာသဘောတူညီချက်မှ မြေရှင်နဲ. အိမ်ရှင်ကြား လုပ်ထားတာမရှိဘူးဆို အပျောက်ခန်းပြန်ရောင်းတဲ့အခါမှာ အသိပေးစရာမလိုဘူး’ လို့ပြောပါတယ်။
မြေရှင် သဘောတူညီမှုလိုတယ်ဆိုပေမဲ့ ကန်ထရိုက်တာက သူရတဲ့အခန်းကို ဝယ်သူကို တိုက်ရိုက်ရောင်းတဲ့အခါ မြေရှင်သဘောတူညီမှု မပါလည်း ရပါတယ်။ သည်လိုမျိုးအခန်းဆို ပထမဆုံးချုပ်ဆိုတဲ့ စာချုပ်က ကန်ထရိုက်တာနဲ. ဖြစ်တာကြောင့် အမည်ပြောင်းခပေးစရာမလိုပါဘူး။ ဒါကလည်း အမည်ပြောင်းခကို တချို့မြေရှင်တွေက မတန်မဆတောင်းဆိုကြတာတွေ ရှိသောကြောင့် ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ့နေ ဦးမောင်မောင်က ‘အများစုက ပထမစာချုပ်မှာ မြေရှင်နဲ့ သဘောတူညီချက်တွေ ပါနေတာရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ပါတဲ့ တန်ဖိုးအတိုင်း ပေးတာလက်မခံရင်တော့ ဝယ်သူက ပျက်ကွက်တာ မဟုတ်တော့ဘူး၊ တချို.စာချုပ်မှာ နှုန်းထားတစ်ခါတည်း ထည့်မချုပ်တဲ့ အခါမှာ ပြဿနာရှိတယ်။ မြေရှင်တောင်းသလောက်ပေးရတာမျိုးတွေ ရှိလာတယ်’ လို့ပြောပါတယ်။

တချို့ဆို အရောင်းအဝယ်ဖြစ်ပြီးခါမှ စရန်ချပြီးမှ မြေရှင်ကို ပေးရတဲ့ အမည်ပြောင်းခအတွက် ညှိနှိုင်းမရလို. ပွဲပျက်သွားတာမျိုးလည်း ရှိတယ်လို. သိရတယ်။

သည်နောက်ပိုင်းမှာတော့ တချို.နားလည်သူတွေက အမည်ပြောင်းခကို ဘယ်လောက်ဆိုတာမျိုးထည့်ချုပ်ဆိုကြတယ်။
လစဉ်မြေရှင်ကို လာပေးရတာကလည်း ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပြီး ဒါတွေက အပျောက်စနစ်နဲ. ဝယ်ထားတာ ဆိုပေမဲ့ အိမ်ငှားအမျိုးအစားထဲမှာ ပါတာကြောင့်လို. သိရတယ်။

လှိုင်မြို.နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ‘တချို့က လစဉ်ပေးရသလို တချို.က နှစ်ချုပ်နဲ.ပေးထားရတယ်၊ တစ်လကို ၃၀၀၀ လောက်ပေးရတာ ပြသနာမဟုတ်ပေမယ့် အန္တရာယ်ရှိ အဆောက်အအုံဖြစ်လို့ ဖြိုပြီးရင် မြေပိုင်ရှင်က မြေပိုင်ပြီး သူပေးတဲ့အခန်းကို ပြန်ယူရမယ်ဆိုတာမျိုးတွေကျ မဖြစ်သင့်ဘူး၊ ဥပဒေလိုအပ်မယ်လို့တော့ထင်တယ်’ လို.ပြောပါတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service