တစ်ရွာပြောင်းပေမယ့် သူကောင်းမဖြစ်ကြသေးတဲ့ ကျူးတို့ဘ၀များ - Property News in Myanmar from iMyanmarHouse.com
1424 Views

တစ်ရွာပြောင်းပေမယ့် သူကောင်းမဖြစ်ကြသေးတဲ့ ကျူးတို့ဘ၀များ

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အရှိဆုံး မြို့တော်လည်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအတွက် အခွန်အများဆုံးကို ရရှိနိုင်သော မြို့တော်ဖြစ်သည်ဟုဆိုလျှင်လည်းမှားအံ့မထင်။ မြန်မာနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန်များမှာလည်း ရန်ကုန်မြို့ တွင်သာ အများဆုံးဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ရနိုင်သဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ လာ ရောက်အခြေချနေထိုင်သူများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရသည်။


တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်ဆိုထုံးနှလုံးမူ
ပြောင်းရွှေ့လာသူများတွင် နာဂစ်မုန်တိုင်းဒဏ်နှင့် မြို့ရွာများရေကြီးနစ်မြှုပ်ခြင်းတို့ကြောင့် မိမိတို့၏ ပိုင်ဆိုင်မှု များဆုံးရှုံးမှုများကြသဖြင့် နေရပ်ကိုစွန့်ခွာလာကြသူများကိုလည်း တွေ့ရသည်။

ထို့အတူအခြားသော ကျေးလက်လူမှုစီးပွားဘ၀များ နိမ့်ကျမှုများကြောင့်ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သောသူများကိုလည်း တွေ့ရသည်။ ရွှေ့ပြောင်းလာသူများတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့မှ ရွှေ့ပြောင်းဝင်ရောက်လာသူအများဆုံးဖြစ်သည်ကို လေ့လာတွေ့
ရှိရသည်။

ရွှေ့ပြောင်းလာပြီဆိုကတည်းက စီးပွားရေးပြေလည်၍ လာရောက်ကြသူများမဟုတ်ဘဲ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် ထုံးနှလုံးမူပြီး မိသားစုစွန့်စားပြီး ရောက်လာကြသူများဖြစ်ကြသည်။ အကယ်ရောက် လာတော့လည်း ထင်သလောက် အလုပ်အကိုင်က မကောင်းသဖြင့် (၆)လ (၁)နှစ် အိမ်ငှားရမ်းနေထိုင်ကြရ သည်။

ယခုအခါ အိမ်ငှားဈေးများကြီးမြင့်လာမှုကြောင့် အိမ်ငှားဘ၀မှ မြေငှားဘ၀သို့ ပြောင်းရွှေ့ရပြန်သည်။ မြေငှားပြန်တော့လည်း မြေရှင်မကြိုက်တော့လျှင် အကြောင်းအမျိုးမျိုးပြကာ ၆ လ/(၁)နှစ်ပြည့်လျှင် အိမ်ဖျက်၍ ဖယ်ရှားခံရတာမျိုးလည်း ကြုံရသည်။

ထိုထိုသော အခက်အခဲများနှင့် ကြုံတွေ့လာရသည့်အခါ ပို၍ အဆင်ပြေနိုင်သော အခွင့်အလမ်းကောင်းများကို ရှာဖွေတတ်ကြသည်မှာ လူ့သဘာဝဖြစ်သည်။ အမတေရှိရာ အမတေစု ဆိုသလို ဒုက္ခရောက်သူအချင်းချင်း ဆုံတွေ့ကြသည့်အခါ အိမ်လခ သက်သာပြီး မိသားစုပါ ချောင်ချောင်ချိချိနေနိုင်သည်။

ရန်ကုန်မြို့သစ် မြို့စွန်က ကျူးကျော်တဲများဆီသို့ လမ်းညွှန်တတ်ကြသည်။အိမ်ငှား၊ မြေငှားမှ ကျူးကျော်အငှားဆီသို့ပြောင်းမည်သူမဆို ရေနစ်နေသည့်အချိန်တွင်ဝါးကူမည့်သူမရှိသော်လည်း မြက်တစ်ပင်ပဲ တွေ့ရ၊ တွေ့ရ အလွတ်မခံနိုင်ကြပေ။ အရအမိအသုံးချရတော့သည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း မြို့နယ်များရှိ လူစည်ကားသော ရပ်ကွက်တွင် အိမ်ငှားလျှင် ထရံကာ၊ သွတ်မိုး၊ ပျဉ်ထောင်အိမ်တစ်အိမ်လျှင် အိမ်ငှားခ တစ်လ ကျပ် ငါးသောင်းရှိသည်။ ပျဉ်ထောင်၊ သွပ်မိုးနှင့် လုံးချင်း ၁၀ ပေတိုက်အိမ်များဆိုလျှင် (၇)သောင်းကျပ်မှ တစ်သိန်းကျပ်အထိ ပေးငှားမှ ရနိုင်သည်။

ဒက်မသိတော့ဇရက်ချိုးထင် မြေအကြောင်းနားမလည်တော့ လယ်သမားပိုင်ရှင်ထင်ထိုသို့သော အခြေအနေမျိုးကို လက်လွတ်မခံသော ငွေရှင်အချို့မှာလယ်သမားများထံမှ
ပေါချောင်း ကောင်း နှစ်သိန်းသုံးသိန်းဖြင့် ၀ယ်ထားသော (၂၀ ပေ × ၄၀ ပေ) ကျူးမြေကွက်များပေါ်တွင် သွတ်မိုး၊ ထရံကာ၊ ကြမ်းခင်းအိမ်တစ်လုံးဆောက်၍ တစ်လ (၂)သောင်း (၃)သောင်းဖြင့် ငှားရမ်းကြသည်။

ငွေရှင်များထံမှ ငှားရမ်း နေထိုင်ခွင့်ရရှိကြသဖြင့် အသက်ရှုပေါက်ချောင်မည်ကြံကာရှိသေး။ မိမိတို့နေသော မြေများမှာ လယ်သမားမြေ မဟုတ်ဘဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်ပိုင်မြေ)များကို လွှဲပြောင်းထားသော ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေများဖြစ်သည်။ဆိုတာ အတင်းအဓမ္မဖယ်ရှားခြင်း ခံကြရတော့သည်။

မောင်သင်းပျံ့ပြောသောကျူးသတင်းဆောင်းပါး
လှိုင်သာယာမြို့နယ်တွင် နေရာပေါင်း (၆၀)ခန့်၌ အိမ်ထောင်စုပေါင်း (၇၀၀၀)ခန့် ကျူးကျော်နေထိုင်လျက်ရှိ ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးရှိ မင်းကြီးမဟာမင်းခေါင်လမ်း၊ တစ်လျှောက်မှ ကျူးကျော်တဲများသည် သိသာပေါ်လွင် အထင်ရှားဆုံး ကျူးများဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရွှေသံလွင်စက် မှုဇုန်၊ ဧရာဝတီလမ်းတွင် ကျူးကျော်တဲပေါင်း (၃၀၀)ကျော်ရှိပြီး ငါးနှစ်အောက်ကလေးများ အပါအ၀င် လူဦးရေ (၂၀၀၀)ကျော် နေထိုင်ကြသည်ဟု သိရသည်။

ကျူးသူက ကျူး၊ ဆောက်သူက ဆောက်၊ လှိုင်သာယာသန်းထိုက်ရဲ့ မြန်မာ့အလင်းသတင်း (၂-၈-၁၅)
ဇူလိုင်လ(၃၀)ရက်ကလည်း(၁၅)ရက်ကွက် မြေတိုင်ရပ်ကွက် (၂၈)ရှိ ၀န်ထမ်းကြီးများအိမ်ရာအတွင်း ဆောက် လုပ်နေထိုင်လျက်ရှိသော နေအိမ်အလုံး (၅၀)အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးညီညီနှင့် ၀န်ထမ်းအင်အား (၅၀၀)ဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။ ယင်းသို့ ဖယ်ရှားရာတွင် ဘူဒိုဇာယာဉ်၊ ငါးစီး ဘက်ဟိုးယာဉ်တစ်စီးတို့ အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ (၁၅)ရပ်ကွက်နှင့်ကပ်လျက် (၁၉)ရပ်ကွက်ရှိအလုပ်သမားဆေးရုံဆောက်ရန် မြေနေရာရှင်းလင်းခဲ့စဉ်ကလည်း နိုင်ငံရေး ခုတုံး လုပ်၍ စီးပွားရေးလုပ်စားနေသောအုပ်စုတစ်ခုက ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ဝင်နှစ်ဦးကို လေးခွဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ခဲ့ရသည်ဟုလည်း သိရသည်။

မြေယာဈေးကွက်ကို ထိန်းချုပ်၍ ကစားနေသူများ
ကျူးကျော်နေထိုင်သူအများအပြားမှာ ၀င်ငွေနှင့် ထွက်ငွေ မမျှတမှုကြောင့် ယခုကဲ့သို့ ကျူးရပ်ကွက်များတွင် ကျင်လည်နေရခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြေယာပြဿနာများ ရှုပ်ထွေးမှုဖြစ်စေရန် မြေယာဈေးကွက် ကို ထိန်းချုပ်ဈေးက စားနေသော ငွေရှင်များ၊ မြေယာပြဿနာတွင် လက်ကိုင်တုတ်အဖြစ် ငွေကြေးယူ၍ ဆောင်ရွက်ပေးရန် အသင့်ရှိနေသောအဖွဲ့များ၊ မြို့နယ်၏ မြေယာပြဿနာတွင် ပါဝင်ပတ်သက်နေသောဌာနများကလည်း မြေယာပြဿနာဖြစ်ပွားမှုကို အသက်သွင်းပေးသကဲ့သို့ ရှိနေသည်ဟု (၃၀-၇-၂၀၁၅)နေ့ထုတ် မြန်မာ့အလင်းမှကျူးသတင်းဆောင်းပါးတွင် စာရေးသူ မောင်သင်းပျံ့က ဆိုထားသည်။

မြေယာကျူးကျော်လက်လွှဲရောင်းချသူများ၊ ကောင်းစားသွား
၂၀၁၂ ခုနှစ်မှ ယနေ့အထိ နိုင်ငံပိုင်မြေနှင့် ပလပ်မြေများ စက်မှုဇုန်နှင့် ကုမ္ပဏီပိုင်မြေများ လယ်ယာမြေများအား စီးပွားရေးသမားများက ၀ယ်ယူကာ အကွက်ရိုက်၍ ပြန်လည်ရောင်းချခြင်း၊ လယ်သမားနှင့် လယ်သိမ်းကုမ္ပဏီတို့ ပြဿနာဖြစ်ပွားခြင်း မြေယာဈေးကောင်းလာမှုကြောင့် အုပ်စုဖွဲ့၍ နည်းလမ်းမျိုးစုံဖြင့် နေရာရယူကာ အရောင်းအ၀ယ်ပြုလုပ်ခြင်း၊ နိုင်ငံရေးပါတီအမည်ခံ၍ စည်ပင်ပိုင်မြေအိုးအိမ်ပိုင်မြေတို့ကို အကွက်ရိုက်ရောင်း စားခြင်း၊ အဖွဲ့အစည်းအချို့ကလည်း ဌာနပိုင်မြေ၊ ပလပ်မြေ၊ သချိုင်းဟောင်းမြေပါမကျန် ကျောက်တိုင်နှင့် သံဆူးကြိုးခတ်ကာ မြေယာကျူးကျော်လက်လွှဲရောင်းချခြင်းတို့ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေကြောင်း သိရပြန်သည်။

ယခုအခါ နိုင်ငံတော်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းများတွင် ဖတ်ရှု နေရပါသည်။ ထို့အတူ စက်ရုံအလုပ်သမားများအတွက် အလုပ်သမားဆေးရုံ တည်ဆောက်မြေနေရာများ သတ်မှတ်ထားပြီးကြောင်း သတင်းကောင်းများ ကြားသိနေရသည့်အတွက် ကျူးကျော်သူများ နေထိုင်ရေး စိတ်အေးရအောင် အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်ပါစေဟုသာ ဆုတောင်းနေမိပါတော့သည်။
ကျူးကျော်အိမ်ငှားများဘ၀မှ အမြန်ဆုံးလွှတ်နိုင်ကြပါစေ …

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service