လူနေအဆောက်အအုံသစ်များ ဆောက်လုပ်ပြီး လူနေထိုင်ခွင့်ရရှိရန် တင်ပြမှုများ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၁,၃ဝဝ ကျော် ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
1302 Views

လူနေအဆောက်အအုံသစ်များ ဆောက်လုပ်ပြီး လူနေထိုင်ခွင့်ရရှိရန် တင်ပြမှုများ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၁,၃ဝဝ ကျော် ခွင့်ပြုထား

ရန်ကုန်မြို့တော် စည်ပင်သာ ယာနယ်နိမိတ်အတွင်း အဆောက် အအုံဆောက်လုပ်ပြီးစီး၍ လူနေထိုင် ခွင့် BCC (Building Completion Certificate) အား ၂ဝ၁၅ ခုနှစ် အတွင်း ၁,၃ဝဝ ကျော် ခွင့်ပြုခဲ့ ကြောင်း သိရသည်။

”အဆောက်အအုံ ဆောက်လုပ် ပြီးစီးတဲ့အခါ နေထိုင်ခွင့် လက်မှတ် ဃြဃ လျှောက်ထားတဲ့အခါမှာ အထပ် နိမ့် အဆောက်အအုံတွေဆို စည်ပင် ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ညီရင် သုံးရက် အတွင်း ခွင့်ပြုပေးသလို အထပ်မြင့် အဆောက်အအုံတွေဆို ကွင်းဆင်း စစ်ဆေးပြီး ပြင်ဖို့လိုမလို စိစစ်ပြီး တစ်ပတ်အတွင်းမှာ ခွင့်ပြုပေးပါ တယ်”ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ လက် ထောက်ဌာနမှူး ဒေါ်တင်တင်ကြည် က ပြောသည်။

အဆောက်အအုံဆောက်လုပ် ပြီး နေထိုင်ခွင့် လျှောက်ထားရာတွင် စည်ပင်သာယာ၏ ‘စံ’ သတ်မှတ် ချက်နှင့် ကိုက်ညီမှု မရှိခြင်း၊ ယခု နောက်ပိုင်း၌ ခွင့်ပြုချက်မဲ့ ဆောက် လုပ်ပြီးနေထိုင်သော အဆောက် အအုံအရေအတွက် ပိုမိုများပြားလာ ခြင်းတို့ကြောင့် ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အားပေးရေးကော်မတီနှင့် ပူးပေါင်းကာ နေထိုင်ခွင့် လျှောက် ထားခြင်း မရှိသော အဆောက် အအုံများအား မီတာချထားပေးခြင်း ကို ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ရပ်ဆိုင်းခဲ့သည်။

ထိုသို့ စည်းကမ်းပိုင်း တင်းကျပ် လိုက်ခြင်းကြောင့် ယခင်ကထက် အဆောက်အအုံဆောက်လုပ်ပြီး နေထိုင်ခွင့် BCC လျှောက်ထား သည့် အရေအတွက် များပြားလာ ကြောင်း သိရသည်။

”အဲဒီလိုလုပ်ရတာကလည်း အဆောက်အအုံဆောက်လုပ်တဲ့ အခါမှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပြီး ခွင့်ပြုချက်မဲ့ နေထိုင်တဲ့ အရေအတွက် က ပိုများနေတယ်။ အဲဒီလို ခွင့်ပြုချက် မဲ့ နေထိုင်ရင် ဒဏ်ကြေးပေးရမယ် ဆိုလည်း နေကြတာပဲ။ ဒါကြောင့် မီတာမချပေးဘူးဆိုမှ ခွင့်ပြုမိန့် တင်လာကြတယ်”ဟု အင်ဂျင်နီယာ အဆောက်အအုံ) ဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆောက်အအုံဆောက်လုပ် ပြီး နေထိုင်ခွင့် လျှောက်ထားရာတွင် စစ်ဆေးချက် မှတ်တမ်း၊ ခွင့်ပြု အဆောက်အအုံ ဒီဇိုင်းပုံစံငယ်နှင့် အတူ မီးသတ်ဦးစီးဌာန၊ ပြည်တွင်း အခွန်ဌာနနှင့် လျှပ်စစ်ဓာတ်အား ပေးရေးကော်မတီနှင့် အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှုဌာန) ၏ ထောက်ခံ ချက်များဖြင့် ပူးတွဲတင်ပြမှသာ ခွင့်ပြု ပေးကြောင်း သိရသည်။

”ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှု အများဆုံး မြို့နယ်ကတော့ မြောက် ပိုင်းနဲ့ အရှေ့ပိုင်းခရိုင် များတယ်။ ခွင့်ပြုချက်မဲ့ဆောက်ပြီးခွင့်ပြုချက်မဲ့ နေထိုင်တာများတဲ့
အတွက် ခွင့်ပြု ချက်မဲ့ဆောက်လို့ ဒဏ်ကြေးပေးနေ ရတာမို့ လူနေထိုင်ခွင့် လျှောက် ထားလာကြတယ်”ဟု အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ ဌာနမှူးက ပြောသည်။

ယခင်နှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်အား ၄,ဝဝဝ ကျော်၊ သာ ခွင့်ပြုခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလအထိ လျှောက်ထား သည့် အရေအတွက်မှာ ၄,ဝဝဝ ကျော် ရှိခဲ့ရာမှ ယခုနှစ်တွင် ၆,ဝဝဝ ကျော် အထိ တိုးလာကြောင်း ဌာနအနေ နှင့်လည်း ပုံမှန်ဆိုလျှင် တစ်လကို အလုံးရေ ၄ဝဝ သာ ခွင့်ပြုခဲ့သော် လည်း ဇူလိုင်လ၌ အဆောက်အအုံ အလုံးရေ ၉ဝဝ အထိ ခွင့်ပြုပေး ခဲ့ကြောင်း အဆိုပါဌာနမှူးက ပြော သည်။

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခဲ့သည့် အလုံး ရေ ၃,၁၇၁ လုံး ဖြစ်ပြီး အထပ်မြင့် ဆောက်လုပ်မှု ၁,၆ဝဝ၊ အထပ်နိမ့် ဆောက်လုပ်မှု ၁,၄၉ဝ နှင့် ခြံစည်းရိုး ကာရံမှု ၈၁ ခုအား ခွင့်ပြုပေးခဲ့ ကြောင်း အင်ဂျင်နီယာ (အဆောက် အအုံ) ဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ အဆောက် အအုံဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ လျှောက်ထားလာသည့် အဆောက် အအုံ အရေအတွက်အား ယခင်နှစ် များထက် အလုံးရေ ၂,ဝဝဝ ကျော် ပိုမို ခွင့်ပြုပေးထားကြောင်း သိရ သည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service