တိုက်ခန်း၊ ကွန်ဒိုဈေးကွက်အေး ၀ယ်သူအခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေမရှိသေး - Property News in Myanmar from iMyanmarHouse.com
1241 Views

တိုက်ခန်း၊ ကွန်ဒိုဈေးကွက်အေး ၀ယ်သူအခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေမရှိသေး

ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး စည်မျဉ်း၊စည်းကမ်းတွေမရှိတာ၊ ဆောက်လက်စနဲ့ ရပ်ဆိုင်းထားရတာမျိုးတွေ၊ ၀ယ်သူရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေမရှိတာတွေကြောင့် တိုက်ခန်း၊ ကွန်ဒို ဈေးကွက် အေးနေတယ်လို့ သိရပါတယ်။

အဆောက်အအုံကို အပြီးသတ်မဆောက်လုပ်နိုင်ပဲ ရပ်တန့်ထားကြတာတွေ၊ ဈေးကွက်အတွင်း ယုံကြည်မှုမခိုင်မာတဲ့အနေအထားတွေကြောင့် ဈေးကွက်ကအေးလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့နဲ့ အကျိုးဆောင်တချို့က ပြောကြတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က"ဆောက်လုပ်တာရော၊ ရောင်းချမှုပုံစုံတွေကိုပါစည်းမျည်းစည်းကမ်းအရထိန်းချုပ်မထားနိုင်ဘူး ဖြစ်နေတယ်၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် လိုက်နာရမယ့် သီးသန့်ပုံစံဆိုတာ မရှိဘူး၊ တချို့က၀ယ်သူတွေရဲ့ ပျော့ကွက်ကိုထည့်သွင်းပြီး သူတို့ကိုယ်တိုင် ရေးသားထားတဲ့ အချက်နဲ့ ချုပ်ဆိုကြတယ်၊ အကျင့်ပျက်ကုမ္ပဏီတွေ ရှိတော့ တကယ်လုပ်နေတဲ့ သူတွေအတွက် ထိခိုက်တယ်"လို့ ပြောပါတယ်။

ပြည်ပနိုင်ငံအချို့မှာ ကြိုပွိုင့်စနစ်နဲ့ ရောင်းချတဲ့အခါ ပြဌာန်းထားတဲ့ဥပဒေတွေရှိ
တယ်။ အခုက ဈေးကွက်ထဲမှာ ကြိုပွိုင့်စနစ်နဲ့ ရောင်းချတာတွေရှိပေမယ့် ကြိုရတဲ့ငွေကို ဆောက်လုပ်ရေးလုပ်ငန်းအတွက် မဟုတ်ပဲ တခြားစီးပွားရေးတွေဘက်မှာပါထည့်သွင်း
လုပ်ကြတာကြောင့် ငွေမပေါ်တော့ပဲလုပ်ငန်းရပ်ဆိုင်းထားတာတွေ ရှိလာတယ်။ ကြိုပွိုင့်စနစ်နဲ့ အခန်းတွေကို ရောင်းချပြီးရတဲ့ငွေနဲ့ သည်ဆောက်ရေးမှာပဲ အသုံးပြုမယ်ဆိုတာမျိုး သတ်မှတ်ထားသင့်တယ်လို့ သိရတယ်။

တရားဥပဒေအကြောင်းအရ ၀ယ်သူရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ဥပဒေကိုအတိအကျမရှိတာ၊ လူတစ်ဦးက တိုက်ခန်း တစ်ခန်းဝယ်တဲ့အခါ ဘာတွေ၇ရှိနိုင်သလဲဆိုတာ ဥပဒေအရရော၊ စာချုပ်တွေ ချုပ်ဆိုတဲ့ အခါမှာလည်း ရှုပ်ထွေးနေကြတာလို့ ပြောပါတယ်။ တချို့ဆောက်လုပ်ရေးတွေကလုပ်ငန်းအတွက် ငွေကြေး
မလည်ပတ်နိုင်တော့ပဲ ရပ်ဆိုင်းထားတာတွေ ရှိတယ်။ နာမည်ကြီးဆောက်လုပ်ရေး စီမံကိန်းတချို့ကို ရပ်ဆိုင်းပြီး ဖျက်သိမ်းလိုက်တာတွေ ကြောင့်လည်း ယုံကြည်မှုအားလျော့သွား နည်းသွားကြတာလို့ သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အကျိုးဆောင် ဦးဝင်းနိုင်က "ဆောက်လုပ်ရေးသမား အများစုက အဆောက်အအုံတစ်ခုကိုအပြီးသတ်ဆောက်နိုင်ဖို့ ငွေအလုံအလောက်ရှိတဲ့ သူထက်မရှိတဲ့သူက များတယ်၊ ကြိုပွိုင့်စနစ်နဲ့ရလာမယ့် ငွေကိုမျှော်လင့်ပြီးစွန့်စားလုပ်ကြ
တယ်၊ ဆောက်လုပ်စရိတ်တွေ မြင့်တက်လာတာရော၊ ၀ယ်အားက တည်ဆောက်ထားတဲ့ အခန်းတွေရဲ့ ရာခိုင်နှုန်းနဲ့ ယှဉ်ရင်အများဆုံး(၃၀)ရာခိုင်နှုန်းလောက်ပဲ ရောင်းထွက်
တယ်၊ အရင်ကလို ဈေးကစားဖို့ ၀ယ်ကြတဲ့ သူတွေကလဲ ၀ယ်ယူမှု ရပ်လိုက်တော့ နေဖို့ဝယ်တာလောက်ပဲ ရှိတော့တယ်"လို့ ဈေးကွက်အတွင်းကအဖြစ်အပျက်
တွေကိုရှင်းပြပါတယ်။

Credit: Aye Mon (MD)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service