မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာ ရှိနေသော်လည်း မြေကြီး၊မြေပုံ မမှန်ကန်သည့် ဖြစ်ရပ်များနှင့်ယင်းတို့ကို ရယူထားပြီး စိုက်ပျိုးထုတ်လုပ်မှု မရှိသည့် ဖြစ်ရပ်များကြောင့်ေ - Property News in Myanmar from iMyanmarHouse.com
1636 Views

မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာ ရှိနေသော်လည်း မြေကြီး၊မြေပုံ မမှန်ကန်သည့် ဖြစ်ရပ်များနှင့်ယင်းတို့ကို ရယူထားပြီး စိုက်ပျိုးထုတ်လုပ်မှု မရှိသည့် ဖြစ်ရပ်များကြောင့်ေ

မြန်မာနိုင်ငံတွင် ဖော်ထုတ်နိုင်သည့် မြေလွတ်၊ မြေရိုင်းများစွာ ရှိနေသော်လည်း မြေကြီး၊မြေပုံ မမှန်ကန်သည့် ဖြစ်ရပ်များနှင့် မြေလွတ်၊ မြေရိုင်းများ ရယူထားပြီး အမှန်တကယ်စိုက်ပျိုး ထုတ်လုပ်မှုမရှိသည့် ဖြစ်ရပ်များကြောင့် မြေယာအသစ်များ လိုအပ်ပါလျက် ဖော်ထုတ်ရန် အခက်အခဲများရှိနေကြောင်း သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်း၌ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း(ရန်ကုန်ရုံး ခွဲ)မှ ကျင်းပသည့် စိုက်ပျိုးရေး ဟောပြောပွဲတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

“မြေယာဖော်ထုတ်တဲ့ အခါမှာ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ Comprehensive Land Law မရှိသေးဘူး။ အခု ဒုတိယသမ္မတ ဦးဆောင်ပြီးတော့ မြေယာမူဝါဒနဲ့ မြေယာဥပဒေနဲ့ ပတ်သက်ပြီး ရေးဆွဲနေတယ်။ အခုကျွန်တော်တို့က သစ်တောမြေလို့ သစ်တောက ပြောလိုက်တယ်။ စိုက်ပျိုးမြေကို စိုက်ပျိုးရေးက ကိုင်တယ်။ အိမ်ဂရန်တို့ ဘာတို့ကို ပြည်ထဲရေးက ကိုင်တယ်ဆိုတော့၊ ဒါပေမဲ့ မြေပုံပေါ်မှာက သစ်တောမြေ၊ မြေပြင်မှာက မြို့တွေဖြစ်ကုန်ပြီ။ နောက်တစ်ခါ မြေပုံပေါ်မှာတော့ သစ်တောကြိုးဝိုင်းပဲ၊ သစ်ပင် တစ်ပင်မှမရှိဘူး။ အားလုံး ယာတွေဖြစ်ကုန်ပြီ၊ အဓိက ကျွန်တော်တို့ဆီမှာ မြေကြီး၊မြေပုံ မမှန်ကန်သေးတဲ့ ကိစ္စပဲ။ အဲဒီတော့ မြေယာဖော်ထုတ်ရေးကို လုပ်ပြီဆိုရင် မြေကြီး၊မြေပုံ မှန်ကန်အောင်လုပ်ပြီးတော့ အမှန်တကယ် ရသင့်ရထိုက်တဲ့ သူတွေကိုရအောင် ဥပဒေပါအတိုင်းရှိတဲ့ ဥပဒေနဲ့ပဲ အရင်စလုပ်ဖို့လိုတယ်”ဟု ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ထို့ကြောင့် ၎င်းအနေဖြင့် ယင်းအစီအစဉ်အား ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ဖော်ရန် Land Development Corporation တစ်ခုအား ထူထောင်ရန် အစိုးရ အကြံပြုထားကြောင်းလည်း သိရသည်။

“တချို့နေရာတွေဆိုရင်တော့ ရေကြီး၊ရေနက်ကွင်းတွေမှာ ရေမ၀င်အောင် တာပတ်ပေးထားတာတို့ ရေနုတ်မြောင်းတူးပေးထားတာတို့ လုပ်ရင် မြေယာအသစ်တွေ ပေါ်လာနိုင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ကရင်တို့၊ ရခိုင်တို့ ဘက်မှာလည်း ရှိပါတယ်။ အဲဒီလို နေရာတွေမှာဆိုရင်တော့ ပိုရှင်းပါတယ်။ အဲဒီလိုဖော်လိုက်လို့ ပေါ်လာတဲ့မြေကို လိုတဲ့သူအနီးအနားက လူကိုပေးလိုက်ပေါ့။ အခုကတော့ အရင်ပေးထားတဲ့ သူတွေရဲ့ မြေကိုပြန်ယူရင်တောင်မှ အဲဒီမှာ ကျူးကျော်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့က ဦးစားပေးပြီး ပြန်လုပ်ဖို့လိုတယ်။ ခက်တာက ဒါတွေကို လုပ်စားတဲ့ လူတန်းစားကလည်း ပေါ်လာတယ်။ ဒီမြေကွက်တစ်ခုကို လုပ်တော့မယ်လို့ပြောရင် မနက်ဖြန်လောက်မှ လုပ်မယ်ကြားရင် ဒီညလိုမျိုးမှာ တဲထိုးပြီး ငါတို့ဒီနေရာမှာ နေတာပါဆိုပြီး လုပ်တဲ့သူတွေကလည်း ရှိသေးတယ်။ တချို့လည်း မင်းတို့ဒီမြေကို ငါရအောင် လုပ်ပေးမယ်။ ဘယ်လောက်ပိုက်ဆံပေး၊ ငါနဲ့လိုက် ဆန္ဒပြဆိုပြီး အဲလိုလုပ်စားနေတဲ့ သူတွေကလည်း ရှိသေးတယ်။ ဒီအပေါ်မှာ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတဲ့ကိစ္စ၊ Corruption ကိစ္စတွေကိုတော့ ပြတ်ပြတ်သားသား လုပ်နိုင်ဖို့တော့လိုတယ်။ အဘက်ဘက်က လုပ်နိုင်ဖို့တော့ လိုပါတယ်”ဟု ၎င်းက ပြောကြားသည်။

“အခုဖြစ်နေတဲ့ မြေယာပြဿနာတွေ အများစုကလည်း ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မြေကွက်တွေကို ဒစ်ဂျစ်တယ်ပုံစံနဲ့ မသွားနိုင်ဘူး။ လက်နဲ့ဆွဲရတာတွေရှိတယ်။ ဒါတွေကလည်း အငြင်းပွားစရာ ဖြစ်စေတယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မြေယာအား စနစ်တကျ ဖော်ထုတ်မှု၊ ဈေးကွက်ရရှိမှု၊ ယှဉ်ပြိုင်နိုင်မှု၊ Supply Chain နှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မှုမှာလည်း လယ်ယာကဏ္ဍ တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း ၎င်းက ပြောကြားသည်။

“စောစောက ကျွန်တော်ပြောသလို မြန်မာပြည်မှာ မြေတွေရှိပါတယ်။ ၁၉၉၁ လောက်မှာ မြေလွတ်၊ မြေလပ်တွေကို ယူကြပါဆိုပြီးတော့ ပေးခဲ့ဖူးတယ်။ အခုချိန်အထိ ကျွန်တော်သိသလောက် ကိန်းဂဏန်းအရ နှစ်သန်းခွဲလောက် ရှိတယ်။ အဲဒီအထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ မြေယာဖော်ထုတ်ပြီး စိုက်ပျိုးနိုင်တယ်။ ကျန်တဲ့ ရာခိုင်နှုန်း ၉၀ လောက်က ဒီအတိုင်းချည်းပဲ ရှိသေးတယ်။ ဥပမာ- ရာဘာသမားတွေကတော့ တော်တော်များများ စိုက်ကြတယ်။ ဆီအုန်းသမားလည်း စိုက်သင့်သလောက် စိုက်ကြတယ်။ ဒါပေမဲ့ တခြားသီးနှံတွေမှာတော့ ယူထားတဲ့မြေတွေဟာ ဘာမှ ပေါ်ပေါ်ထင်ထင် မဖြစ်လာဘူး။ တချို့လည်း အခုပြန်ပေးလိုက်တာတွေ ရှိတယ်။ ၂၀၁၂ ခုနှစ် မြေယာဥပဒေနှစ်ခုမှာ အထူးသဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေမှာ အတိအကျ ပါပြီးသား။ ခွင့်ပြုထားသော မြေတွေကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ထုတ်ဖော်နိုင်ခြင်း မရှိဘူးဆိုရင် နိုင်ငံတော်မှ ပြန်လည်ယူပြီးသကဲ့သို့ သတ်မှတ်မည်လို့ပါတယ်။ ဒါက ကျွန်တော်စောစောက ပြောခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ ဆိုင်တယ်။ ဒါကို Enforce လုပ်ဖို့ပဲ ရှိတယ်။ ဥပဒေက ရှိပြီးသား။ ကာလဆိုတာကလည်း ၄ နှစ်အတွင်း ဖော်ရမယ်လို့ ပါတယ်။ တကယ်သာ ဥပဒေအရ ဘာညာလုပ်မယ်ဆိုရင် မစိုက်ဘဲ ချန်ထားတဲ့ဟာတွေကို ပြန်ယူဖို့ပဲ ရှိတော့တယ်”ဟု ဦးတင်ထွဋ်ဦးက ပြောကြားသည်။

Credit: Eleven News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service