အိမ်ခြံမြေ အခွန်လျှော့ချရန် ရှိသော်လည်းတရားဝင်ထုတ်ပြန်ခြင်း မရှိသေး - Property News in Myanmar from iMyanmarHouse.com
1334 Views

အိမ်ခြံမြေ အခွန်လျှော့ချရန် ရှိသော်လည်းတရားဝင်ထုတ်ပြန်ခြင်း မရှိသေး

အိမ်ခြံမြေဈေးကွက်အတွင်း လက်ရှိပေါ်ထွက်လျက်ရှိသော အိမ်ခြံမြေအရောင်းအ၀ယ်အခွန်နှုန်းထားများကိုယခုဘဏ္ဍာနှစ်တွင် လျှော့ချပေးမည်ဆိုသည့်သတင်းကြောင့်အခွန်နှုန်းထားများသက်သာကာ ဈေးကွက်ပိုမိုကောင်းမွန်လာနိုင်သော်လည်း အဆိုပါသတင်းကြောင့်မသမာမှုများ ပိုမိုပေါ်ထွက်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

အဆိုပါအခွန်နှုန်းထားသစ်နှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနကတရားဝင်ပြင်ဆင်သတ်မှတ်မှု ပေါ်ထွက်လာခြင်း မရှိသေးပဲ ဈေးကွက်အတွင်း၌သာ အခွန်နှုန်းထားအဟောင်းနှင့် ပေါ်ထွက်လျက်ရှိသည့် နှုန်းထားအသစ်များအကြားတရားမ၀င်ဈေးကစားမှုများသာ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အခွန်နှုန်းထားတွေ ပြင်ဆင်လိုက်ပြီလို့သတင်းတွေထွက်နေပေမယ့်အခွန်ဌာနမှာတော့အခွန်နှုန်းထားကို ပြောင်းလဲကြောင်း တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ဌာနတွင်း
သတင်းထွက်တယ်လို့ ပြောရမလားပဲ။ လက်ရှိအချိန်မှာ အခွန်နှုန်း ထားအဟောင်းနဲ့အသစ်ကြား ဈေးကစား မှုတွေ ဖြစ်နေပါတယ်။

သက်သာတဲ့အခွန် နှုန်းထားနဲ့အခွန်ဆောင်ပေးမယ်ဆိုပြီး အခွန်ဈေးကစားမှုတွေလည်း ဈေးကွက်ထဲမှာရှိနိုင်ပါတယ်"ဟုဝါရင့်အိမ်ခြံမြေအကျိုး ဆောင်ဟောင်းတစ်ဦးဖြစ်သူ အာရှ ဆောက်လုပ်ရေးလုပ်ငန်းအထွေထွေမန်နေဂျာဦးရန်အောင်က ပြောသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ကျပ် သိန်း ၅၀၀ ခန့်ထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ၁,၅၀၀ခန့်အထိကို တစ်ဆယ်ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံရာမှယခုနှစ်တွင် ကျပ်သိန်း ၁,၀၀၀ ထိကို သုံးရာခိုင်နှုန်းနှင့် ကျပ် သိန်း ၁,၀၀၀ မှ သိန်း ၅,၀၀၀ ထိကိုငါးရာခိုင်နှုန်းနှင့် သိန်း ၁၅,၀၀၀ အထက် ကိုမှ ၃၀ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံမည်ဟုသတင်းမီဒီယာများတွင် ဖော်ပြခဲ့သော် လည်း ယခုချိန်ထိ တရားဝင်ကြေညာချက် ထွက်ပေါ်မလာသေးပေ။

ယင်းကဲ့သို့ အခွန်ဈေး အပြောင်းလဲ သည့် သတင်းကြောင့် အခွန်ဈေးကစားခြင်းများကို သတိပြုသင့်ကြောင်း ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "အခွန်က ခုထိတရားဝင်ထုတ်ပြန်လိုက် ခြင်းမရှိပေမယ့် ဈေးအလိုက်ဆောင်ရတဲ့အခွန်ရာခိုင်နှုန်းတွေကိုလျှော့ပေးပြီးတစ်စတုရန်းပေအခွန်ဈေးတွေကို ပိုမြှင့်မယ်လို့ ကြားနေတယ်။ အခွန်
ရာခိုင်နှုန်းတွေဈေးလျှော့ချလိုက်ပြီးနည်းနည်းစည်းကမ်းတင်းကျပ်လာမယ်။

အရင်ကလိုလျှော့ပြောလို့မရတော့ဘူး။အခွန်မှူးတွေကိုလည်း ဒီမြို့နယ်မှာ အခွန်ဘယ်လောက်ရအောင်ရှာရမယ်ဆိုပြီး တင်းကျပ်လာတော့ပိုက်စိပ်တိုက်လာတာကို တွေ့နိုင်တယ်"ဟုဦးရန်အောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အခွန်နှုန်းထား
ပြောင်းလဲခြင်းဖြင့်သိသာစွာအရောင်းအ၀ယ်တိုးတက်မလာနိုင်ကြောင်းအချို့အိမ်ခြံမြေလုပ်ငန်းရှင်များက
ပြောသည်။

"အခွန်နှုန်းထားတွေ လျှော့ချလိုက် လည်းလက်ရှိအေးနေတဲ့ အိမ်ခြံမြေဈေးကွက်မှာအရောင်းအ၀ယ်က ချက်ချင်း သွက်လာမှာ မဟုတ်ဘူး။ မြို့သစ်စီမံကိန်းတွေ အကောင်အထည်ဖော်နေပေမယ့်ဝယ်သူတွေက စောင့်ကြည့်တဲ့ အနေအထား ဖြစ်နေတယ်"ဟု အိမ်ခြံမြေအကျိုး
ဆောင် ဦးအောင်သူက ပြောသည်။

သို့သော်အခွန်နှုန်းထားလျှော့ချခြင်းများကြောင့်အခွန်ဆောင်သူဦးရေပိုမိုများပြားလာခြင်းနှင့်အတူအိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်ဘက်တွင်ပိုမိုအားကောင်းလာနိုင်ကြောင်း အချို့အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

"အခွန်နှုန်းထားလျှော့ချလိုက်လို့ အိမ်ခြံမြေဈေးကွက် ပိုမိုအရောင်းအ၀ယ်ဖြစ်လာနိုင်ပါတယ်။ဒီလိုလူ
တိုင်းဆောင်နိုင်မယ့်အခွန်နှုန်းထားတစ်ခုကို လျှော့ချလိုက် တော့အခွန်အတွက်ပူပင်စရာမလိုတော့အရောင်းအ၀ယ်ပိုဖြစ်ကြမယ်လို့ထင်ပါတယ်"ဟုသစ္စာအိမ်ခြံမြေအကျိုးဆောင် ဒေါ်သူဇာမေက ပြောသည်။

ရန်ကုန်အရှေ့ပိုင်း မြို့သစ်စီမံကိန်း၊ အနောက်တောင်ပိုင်း
မြို့သစ်စီမံကိန်း စသည့် မြို့သစ်စီမံကိန်းများအကောင် အထည်ဖော်နေချိန်တွင်အခွန်နှုန်းထားများကို လျှော့ချပေးသည့်အတွက် ထိုမြေကွက်များကို ၀ယ်ရောင်းလုပ်သူများ ပိုမို စိတ်ဝင်စားလာနိုင်ကြောင်း၎င်းက ပြောသည်။

ထို့ပြင်ရန်ကုန်မြို့၏တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက်များကိုလည်းလာမည့်အောက်တိုဘာလတွင် အသစ်ပြန်လည် သတ်မှတ်မည်ဖြစ်သည်။

Credit : mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service