ဒဂုံစီးတီး ၁ စီမံကိန်းအတွက် မြေနေရာ အစားထိုးပေးမည် - Property News in Myanmar from iMyanmarHouse.com
1437 Views

ဒဂုံစီးတီး ၁ စီမံကိန်းအတွက် မြေနေရာ အစားထိုးပေးမည်

ရွှေတိဂုံဘုရားအနီးတွင် တည်ဆောက်မည့် ဒဂုံစီးတီး ၁ အိမ်ရာစီမံကိန်းကိုဇူလိုင်လအစောပိုင်းကဖျက်သိမ်း
ခဲ့ပြီးနောက်ယင်း စီမံကိန်းအတွက် မြေနေရာသစ်တစ်ခုကို မကြာမီအချိန်အတွင်း ပြန်လည်အစားထိုးပေးအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရဲ့ရှယ်ယာရှင်တွေနဲ့ဝယ်သူတွေအတွက် ကျေနပ်မှုဖြစ်စေမယ့် မြေယာအစားထိုးပေးမယ့်အစီအစဉ်ကို အစိုးရက အခုဆောင်ရွက်နေပါတယ်။ အစိုးရက အမြန်ဆုံးအပြီးသတ်ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်”ဟုအဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကဒဂုံစီးတီး၁ နှင့်အခြားစီမံကိန်းလေးခုကိုရပ်ဆိုင်းရန်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ဇူလိုင်လအစောပိုင်းကညွန်ကြားခဲ့သည်။

မြေနေရာအစားထိုးမှုကိုကမ္ဘာအေးဘုရားလမ်းပေါ်တွင် နေရာချထားပေးမည်ဟုစီမံကိန်းအတွင်းပါဝင်သူတစ်ဦးက ပြောသော်လည်းMargaLandmarkကုမ္ပဏီကငြင်းဆိုခဲ့သည်။

ထို့ပြင်ပြီးခဲ့သည့်လအစောပိုင်းကထုတ်ပြန်ချက်တစ်ခုကိုလည်း ကုမ္ပဏီကထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက် တွင်လည်း စီမံကိန်းကိုမရမ်းကုန်းမြို့နယ်သို့ ပြန်လည်နေရာချထားပေးမည်ဆိုသည်မှာမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ Marga Landmark ၏ တာဝန်ရှိသူက ဖျက်သိမ်းခဲ့သည့် ဒဂုံစီးတီး ၁စီမံကိန်းအတွင်းတိုက်ခန်းများကြိုတင်ဝယ်ယူထားသူများကို ငွေပြန်အမ်းရန်ကုမ္ပဏီက ဆောင်ရွက်နေ ကြောင်းပြောသည်။

“လက်ရှိဝယ်သူတွေဟာသူတို့ရဲ့ကြိုပွိုင့်ဝယ်ယူထားမှုတွေကို လွှဲပြောင်းပေးနိုင်ပြီးစိတ်ဝင်စားစရာအပိုဆုကြေးတွေနဲ့အတူ
နေရာအသစ်က တိုက်ခန်းတွေကို လျှော့ဈေး နဲ့ ဦးဆုံးစိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်။ ငွေပြန်အမ်းစေချင်သူတွေအတွက်ကတော့အစိုးရဆီကနေ လျော်ကြေးရတာနဲ့ ချက်ချင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး သီးခြားစာရင်း စစ်ဆေးမှုတစ်ခုကိုလည်း ဆောင်ရွက်သွားပါမယ်”ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

အစိုးရထံမှ တရားဝင်သတင်းရရှိသည့်အခါ လက်ရှိ တိုက်ခန်းများဝယ်ယူထားသူများအတွက်အသေးစိတ်အစီအစဉ်တစ်ခုကို ကုမ္ပဏီက ကြေညာသွားမည်ဖြစ်ပြီး စိုးရိမ်နေကြသော ၀ယ်သူများနှင့်ပတ်သက်ပြီး ကုမ္ပဏီကို ကူညီဆောင်ရွက်မှုပေးရန်အတွက်အထူးကော်မတီတစ်ရပ်ကိုလည်း အစိုးရကဖွဲ့စည်းနေကြောင်း ၎င်းကပြောသည်။

Marga Landmark ကဲ့သို့ အလားတူ ဖျက်သိမ်းခံခဲ့ရသော နာမည်ဆင် ဒဂုံစီးတီး ၂ ၏ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆက်နွှယ်မှုမရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

“အစုရှယ်ယာရှင်အများစုဟာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ Marga Landmark ဟာဒဂုံစီးတီး ၂နဲ့ဆက်နွှယ်သော မည်သည့်အကြောင်းကိစ္စနဲ့မှ ပါဝင်ပတ်သက် ခြင်းမရှိပါဘူး။ ဒဂုံစီးတီး ၂ ဟာ ပြည်တွင်း ကုမ္ပဏီတစ်ခုကဆောင်ရွက်နေတဲ့ကျွန်တော်တို့နဲ့လုံးဝမသက်ဆိုင်တဲ့ သီးခြားစီမံကိန်းတစ်ခုပါ”ဟု ၎င်းကပြောသည်။

ဒဂုံစီးတီး ၁ နှင့် ၂ တို့မှာ ဖျက်သိမ်းခံခဲ့ရသည့် စီမံကိန်းငါးခုအတွင်း လူသိအများဆုံး စီမံကိန်းများဖြစ်သည်။ မြန်မာကုမ္ပဏီတစ်ခုဖြစ်သော
သုခရတနာသည်ဒဂုံစီးတီး၂၏ ပြည်တွင်းမိတ်ဖက်
ကုမ္ပဏီဖြစ်သည်။

ဒဂုံစီးတီး ၂ စီမံကိန်းကို ဟောင်ကောင်၊ ဩစတြေးလျ၊တောင်ကိုရီးယားနှင့်ဗြိတိန်နိုင်ငံတို့မှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့က ဦးဆောင်ဆောင်ရွက်ခြင်းဖြစ်သည်။
သုခရတနာသည်ဒဂုံစီးတီး၂အတွက်အဓိက ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည်။

Credit : The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service