ရန်ကုန်ဘူတာကြီး စီမံကိန်းတင်ဒါ တစ်နှစ်ကျော်သော်လည်း အောင်မြင်သူမရှိ၍ ဒုတိယအကြိမ် တင်ဒါပြန်ခေါ် - Property News in Myanmar from iMyanmarHouse.com
906 Views

ရန်ကုန်ဘူတာကြီး စီမံကိန်းတင်ဒါ တစ်နှစ်ကျော်သော်လည်း အောင်မြင်သူမရှိ၍ ဒုတိယအကြိမ် တင်ဒါပြန်ခေါ်

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဒုတိယအကြိမ်တင်ဒါ ပြန်လည်ခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ စီမံကိန်းအတွက် ၂၀၁၄ ဧပြီက တင်ဒါစတင်ခေါ် ယူခဲ့ပြီး တစ်နှစ်ကျော်ကြာ စိစစ်မှုများ ပြုလုပ်ခဲ့သော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီမရှိ ဟုဆိုကာ ရွေးချယ်မှုကို ဇူလိုင်လကုန်တွင် ရပ်နားခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံခေါ်ယူခြင်းဖြစ်သည်ဟု မြန်မာ့မီးရထားမှ သိရသည်။ ‘‘လုပ်ငန်းပမာဏ ကြီးမားတဲ့အတွက် စိစစ်မှုတွေ စနစ်တကျ လုပ်ရတယ်။

ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ တော်တော်များများလည်း စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ ရွေးချယ်ရေးအဖွဲ့ စိတ်ကြိုက်မရရှိတဲ့အတွက်နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ စီစဉ်လိုက်တာပါ’’ဟု မြန်မာ့မီးရထားမှအကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်ဘူတာကြီးပိုင်မြေ ၇၄၆ ဟက်တာ(၆၃ ဒသမ ၆၂၂ ဧက) ပေါ်တွင် ရထားလုပ်ငန်းနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာအဆောက်အအုံများ၊ အပန်းဖြေနေရာများ၊ ဟိုတယ်များ ဆောက်လုပ်ရန်နှင့် ပို့ဆောင်ရေးစနစ်များ ပါဝင်သည့် စီမံကိန်းအတွက်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြီးခဲ့သည့် နှစ်ကတင်ဒါခေါ်ယူမှုတွင်နိုင်ငံတကာကုမ္ပဏီများက အဆိုပြုလွှာ ၃၄ စောင်ပေးပို့ထားခဲ့ပြီး နောက်ဆုံးအဆင့် တင်ဒါ၌ကုမ္ပဏီအဖွဲ့သုံးခုသာ ၀င်ရောက်ယှဉ်ပြိုင်ရန် ကျန်ရှိခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် မြန်မာနိုင်ငံအပါအ၀င် မလေး ရှား၊ အီတလီ၊ ကိုရီးယား၊ ကာ တာ၊ ပြင်သစ်၊ဂျပန်၊ စင်ကာပူ၊ ကနေဒါနှင့်ဗီယက်နမ်တို့က လျှောက်ထားခဲ့ကြခြင်း
ဖြစ်သည်။

ယခု ဒုတိယအကြိမ် တင်ဒါ ခေါ်ယူမှုတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူများလည်း ပြန်လည်လျှောက်ထားနိုင်ပြီး နိုဝင်ဘာလ၆ရက်နောက်ဆုံးထား လျှောက်ထားရန် ကြေညာထားသည်။ ရထားပို့ဆောင်ရေး ၀န်ကြီးသည် ရထားပြေးဆွဲမှုမှ နှစ်စဉ် ကျပ် ၄၅ ဘီလီယံခန့် အရှုံးပေါ် နေခြင်းကြောင့် ၀င်ငွေပြန်လည် ဖြည့်တင်းနိုင်ရန် ရထားပိုင်မြေတွင်ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်သောစီမံကိန်းများ ပြုလုပ်စေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက၂၀၁၄ နှစ်ကုန်၌ ပြောသည်။

Credit : 7 Day News Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service