အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ပေးခြင်း ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
1275 Views

အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ပေးခြင်း ရပ်ဆိုင်း

ရန်ကုန်မြို့ဧရိယာအတွင်းအချို့သောအဆောက်အအုံများမှာ သက်တမ်းအားဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သဖြင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုမှုများ ရှိခဲ့သောကြောင့် ယခင်က သတ်မှတ်ကြေညာပေးခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်အတွင်း၌ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် မရှိတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
သိရသည်။

”အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ဖို့ဆိုတာ ကာယကံ ရှင်ကိုယ်တိုင်က လျှောက်ထားတင်ပြမှ အချက်အလက် မှန်မမှန် စစ်ဆေးပြီး ခွင့်ပြုရတာ။ အဲဒီလိုလည်း ခွင့်ပြုပေးလိုက်ရော အခွင့်အရေး လိုချင်တဲ့ သူတွေက အချက်အလက် မပြည့်စုံဘဲနဲ့ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြေညာပေးပါဆိုပြီးလာတောင်းဆိုတာတွေ ရှိတဲ့အတွက် အခုတော့ ခွင့်မပြုပေးတော့ပါဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာ(အဆောက်အအုံ)ဌာနမှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း အန္တရာယ်ရှိ အဆောက်အုံအဖြစ် သတ်မှတ် ကြေညာပေးရန် လျှောက်ထားမှုအပေါ် အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ကြေညာပေးခဲ့သည့်အဆောက်အအုံပေါင်း၁၉လုံးရှိပြီးအသစ်ပြန်လည် ဆောက်လုပ်ခွင့်ပြုခဲ့သည့် အရေအတွက် ၃၅ လုံးရှိကာ လူနေထိုင်ခွင့်ပြုသည့် အဆောက်အအုံပေါင်း ၁၆ လုံးခန့် ရှိကြောင်း သိရသည်။

မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက်အအုံ များ၏ ဖွဲ့စည်း တည်ဆောက်မှု ဆိုင်ရာ အစိတ်အပိုင်းများ အားနည်း ချို့ယွင်းမှုကြောင့် အဆောက်အအုံ ယိုယွင်းပျက်စီးကာ နေထိုင်သူများကို အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင် ရှိပြီးဆက်လက် နေထိုင်ရန်သင့်လျော်ခြင်းမရှိပါကယင်းအဆောက်အအုံအား အန္တရာယ်ရှိ အဆောက်အအုံအဖြစ် စစ်ဆေးပေးရန် မြို့တော်စည်ပင်သို့ လျှောက်ထားရမည်ဟု ယခင်က ထုတ်ပြန်ကြေညာထားခဲ့ကြောင်း သိရသည်။

စည်ပင်သာယာ၏ လုပ်ထုံးစည်းမျဉ်းများအရ အဆောက်အအုံတစ်ခုကိုအန္တရာယ်ရှိအဆောက်အအုံအဖြစ် စစ်ဆေးသတ်မှတ်ပြီး၍သတင်းစာမှ ကြေညာသည့်အခါ မြေပိုင်ဆိုင်မှု ရှိသူများအနေဖြင့် ရက်ပေါင်း ၃ဝ အတွင်း ယင်းအဆောက်အအုံနှင့် ပတ်သက်သော အထောက်အထားများ တင်ပြပေးရမည်ဖြစ်ကာ အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်သည့်ဆိုင်းဘုတ်ချိတ်ဆွဲပြီးပါက ယင်းအဆောက်အအုံတွင် မူလနေထိုင်သူများ ဆက်လက်နေထိုင်ခြင်း မပြုရဟု သတ်မှတ်ထားကြောင်း သိရသည်။

အန္တရာယ်ရှိ အဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အနေဖြင့် မူလနေထိုင်သူကို သင့်တင့်သော နေရာသစ်တွင် ယာယီနေထိုင်ရန် နေရာချထားပေးခြင်း၊ မြေပိုင်ရှင်က သတ်မှတ် တည်ဆောက်စရိတ်ကို ကန်ထရိုက်တာသို့ သုံးရစ်ခွဲကာ ပေးသွင်းရခြင်း၊အဆောက်အအုံအသစ်ကို မြေညီထပ်အမြင့် အနည်းဆုံး ၁ဝ ပေနှင့် ကျန်အထပ်များကို အနည်းဆုံး အမြင့်ကိုးပေစီသတ်မှတ်တည်ဆောက်ရခြင်းတို့ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး တည်ဆောက်မည့် အဆောက်အအုံ၏ အမြင့်ကို ပြောင်းလဲလိုပါက သက်ဆိုင်ရာ မြေရှင်အပါအဝင် အဆောက်အအုံနှင့် သက်ဆိုင်သူအားလုံးက လိုင်စင်ရ ကန်ထရိုက်တာနှင့် ပူးပေါင်းကာ တည်ဆောက်ရမည်ဖြစ်သည်။

အဆိုပါ အန္တရာယ်ရှိ အဆောက်အအုံကို ဖျက်သိမ်းပြီး အသစ်တည်ဆောက်ရာ၌ မြေပိုင်ဆိုင်မှု စစ်ဆေးခြင်း၊ မြေရှင်မှန်ကန်ပါကလိုင်စင်ရကန်ထရိုက်
တာနှင့် ဆောက်လုပ်ရန် သတ်မှတ်ခြင်း၊ လိုင်စင်ရ ကန်ထရိုက်တာက ဆောက်လုပ်လိုသည့် အဆောက်အအုံပုံစံကို တင်ပြခြင်း၊ ကန်ထရိုက်တာ တင်ပြလာမှုအပေါ် မူတည်ပြီး ဌာနက လုပ်ထုံးလုပ်နည်း မှန်မမှန် စစ်ဆေးအတည်ပြုခြင်း၊ အတည်ပြုပုံစံနှင့်အညီ အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာမြေရှင်၊ နေထိုင်သူနှင့်
ကန်ထရိုက်တာတို့ကို ခေါ်ယူညှိနှိုင်းခြင်း၊ ညှိနှိုင်းပြီးသည့်နောက် သုံးဦးသုံးဖလှယ် စာချုပ်ချုပ်ဆိုကာ ဌာနမှ စိစစ်ခွင့်ပြုပြီး လိုင်စင်ရ ကန်ထရိုက်တာ၏ တာဝန်ယူ ကြီးကြပ်မှုဖြင့် အဆောက်အအုံအသစ်ကို ပြီးစီးအောင် ဆောက်လုပ်ပြီးပါကအဆောက်အအုံသစ်တွင် နေထိုင်သူများကို ပြန်လည်နေရာချထားပြီး အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ်(BCC) ထုတ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များအား အဆင့်ဆင့် ဆောင်ရွက်ရကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် နယ်နိမိတ်အတွင်း ၂ဝ၁၂ ခုနှစ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကြေညာပေးရန် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက် လျှောက်ထားသည့် အဆောက်အအုံပေါင်း ၁၃ဝခန့်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ)ဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ်မှတ်ပေးရန် လာရောက် လျှောက်ထားသည့် အဆောက်အအုံများမှာ ပုဇွန်တောင်မြို့နယ်၊ပန်းဘဲတန်းမြို့နယ်၊လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင်ရှိသောအဆောက်အအုံများဖြစ်ပြီး မြို့တော်စည်ပင်က ခွင့်ပြုကြေညာပေးခဲ့ကြောင်း သိရသည်။

Credit : The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service