ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံ ၈၀ ကျော်ခွင့်ပြုပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
1121 Views

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံ ၈၀ ကျော်ခွင့်ပြုပြီးဖြစ်

ရန်ကုန်မြို့တွင် လက်ရှိ အချိန်အထိ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများတည်ဆောက် ရန် အဆောက်အအုံ ၈၇ လုံးခွင့် ပြုထားပြီးဖြစ်ကြောင်းရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီမှ သတင်းရရှိသည်။

၁၃ ထပ်နှင့်အထက် အ ဆောက်အအုံများဖြစ်သည့်အ တွက် ရန်ကုန်မြို့တွင် အမြင့်ဆုံးဖြစ်လာမည့် အဆောက်အအုံများပါဝင်လာပြီး ယင်းတို့အနက် အမြင့် ဆုံးအနေဖြင့်တာမွေမြို့နယ်မှ မြန်မာ့စီးပွားရေးဦးပိုင်မြေတွင် တည်ဆောက်မည့်အဆောက်အအုံမှာ၃၄ထပ်အဆောက်အအုံပါဝင်လာကြောင်းအင်ဂျင်နီယာ နှင့်အဆောက်အအုံဌာနမှ ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြထား သည်။

အချို့အဆောက်အအုံများ မှာ ၂၄ ထပ်၊ ၃၂ထပ်ဟူ၍ အမျိုးမျိုးတည်ဆောက်ရန် ခွင့်ပြုချက်ရရှိထားပြီး ထိပ်တန်းဆောက်လုပ် ရေးကုမ္ပဏီများဖြစ်သည့် FMI၊ရွှေတောင်၊ အေ၀မ်း၊ဒဂုံအင်တာနေရှင်နယ်၊ အေးရှားဝေါကုမ္ပဏီ များမှအထပ် မြင့်အဆောက်အအုံ များ ပါဝင်လာသည်။

အဆောက်အအုံအချို့သည် ခွင့်ပြုချက်ရပြီး၍ စတင်တည်ဆောက်မှုအချို့ရှိနေပြီးအချို့အဆောက်အအုံများမှာမူခွင့်ပြုချက်ရပြီးဖြစ်သော်လည်းစီမံကိန်းမစတင်နိုင်သေးကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်မြို့လယ် ကောင်မှ ၀န်ကြီးဌာနမြေတွင် အ ထပ်မြင့်အဆောက်အအုံများ အ ကောင်အထည်ဖော်ရန် ပုဂ္ဂလိက ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင် သည့် စီမံကိန်းများလည်းပါဝင် လာခဲ့သည်။ ထင်သာမြင်သာရှိ သည့်စီမံကိန်းများအဖြစ် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့် ပါဝင်သည့် ဗီယက်နမ်မှ HAGL စီမံကိန်း၊ လူအများစုစိတ်ဝင်စား နေသည့် ရွှေနန်းတော် စိန်ရွှေရ တနာဆိုင်မှ တည်ဆောက်မည့် 68 residence ၊ FMI ကုမ္ပဏီမှ တည်ဆောက်နေသည့် ကြယ်စင် အိမ်ရာစီမံကိန်းအပိုင်း (၃) တို့ပါ ၀င်လာခဲ့သည်။

ကြီးမားသည့်စီမံကိန်းများ ဖြစ်သော်လည်း လက်ရှိဆောက် လုပ်ရေးလောကတွင် ဈေးကွက်ဝယ်လိုအားလျော့ကျခြင်းကြောင့် အရောင်းထိုင်းနေချိန်၌ လုပ်ငန်း ရှင်ကြီးများပိုင်ဆိုင်သည့် ဆောက်လုပ်ရေးစီမံကိန်းကြီးအချို့မှာ ငွေကြေးလည်ပတ်မှုနည်းလာသ ဖြင့်တည်ဆောက်မှုမစတင်နိုင်သည့်စီမံကိန်းများလည်းရှိ ကြောင်း ဆောက်လုပ်ရေးလော က အသိုင်းအ၀ိုင်းတွင် သတင်း များထွက်ပေါ်လျက်ရှိသည်။

အချို့ဆောက်လုပ်ရေးလုပ် ငန်းများသည် လုပ်ငန်းရှင်ကိုယ် တိုင်ငွေမလည်ပတ်သဖြင့် ဘဏ် ချေးငွေဖြင့် ဆက်လက်တည် ဆောက်နေပြီး အချို့လုပ်ငန်းများ သည် ဟန်ပြသာဖြစ်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ် ဦးကပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၃နှစ်အတွင်း အထပ်မြင့်အဆောက်အအုံ တည်ဆောက်ခွင့် ပမာဏအများဆုံး ခွင့်ပြုခဲ့သည်။

ရန်ကုန်တွင်အထပ်မြင့်အ ဆောက်အအုံများတည်ဆောက် ခြင်းကိုရန်ကုန်မြို့၏ကန့်သတ်ထားသော၁၅ နေရာမှလွဲပြီးကျန် သည့်နေရာများတွင် ဆောက် လုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာက ညွှန်ကြား ထားသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service