လေးစားစရာအကောင်းဆုံး နိုင်ငံအဖြစ် ကနေဒါ ရွေးချယ်ခံရ - Property News in Myanmar from iMyanmarHouse.com
791 Views

လေးစားစရာအကောင်းဆုံး နိုင်ငံအဖြစ် ကနေဒါ ရွေးချယ်ခံရ

လေးစားစရာ အကောင်းဆုံး နိုင်ငံများ စာရင်းကို နှစ်စဉ် ထုတ်ပြန်လျက်ရှိရာ ယခုနှစ်အဖို့ ကနေဒါ နိုင်ငံက ထိပ်ဆုံး ရွေးချယ်ခံရကြောင်း သိရသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း ကနေဒါသည် လေးနှစ်တိုင်တိုင် လေးစားစရာ အကောင်းဆုံး ထိပ်ဆုံး နိုင်ငံ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ကသာ ဆွစ်ဇာလန်နောက် ရောက်ကာ ဒုတိယဖြင့် ရပ်တည်ခဲ့ရသည်။ ကမ္ဘာလှည့် ခရီးသည်များ၏ မဲပေး အကဲဖြတ်မှုများပေါ် မူတည်ပြီး ရွေးချယ်ခြင်း ဖြစ်သည်။

မဲပေးသူ (၇၈ ဒသမ ၁ ရာခိုင်နှုန်း) က ကနေဒါကို လေးစားစရာ အကောင်းဆုံး နိုင်ငံ အဖြစ် မဲပေးခဲ့ကြသည်။ ကနေဒါသည် ထိရောက်သော အစိုးရ၊ အားကောင်းသော ဖွံ့ဖြိုးမှု၊ မြင့်မားသော လူမှုဝန်းကျင် အရည်အသွေး ရှိသည်ဟု ကမ္ဘာလှည့် ခရီးသည် အများစုကြီးက မဲပေးခဲ့ကြသည်။ နှစ်စဉ် အဆင့် သတ်မှတ်ချက်ကို Reputation Institute က ထုတ်ပြန်ခြင်း ဖြစ်ပြီး '၂၀၁၅ ခုနှစ် လေးစားစရာ အကောင်းဆုံး နိုင်ငံများစာရင်း' ဟု နာမည် ပေးထားသည်။

စာရင်းတွင် နိုင်ငံပေါင်း (၅၅) နိုင်ငံကို အဆင့် သတ်မှတ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံချင်း၏ နည်းပညာ ဖွံ့ဖြိုးမှု၊ လူ့စွမ်းအား အရင်းအမြစ် အသုံးပြုမှု၊ လူမှုကဏ္ဍ မူဝါဒ၊ စီးပွားကဏ္ဍမူဝါဒ၊ ပတ်ဝန်းကျင်ကောင်း၊ နိုင်ငံတကာ အလယ် ရပ်တည်သည့် ဂုဏ်ရည်များကို အကဲဖြတ်ကာ အဆင့် သတ်မှတ်ခြင်း ဖြစ်သည်။ ထိပ်ဆုံးတွင် ကနေဒါ ရပ်တည်ပြီး၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ သြစတြေးလျတို့က ထိပ်ဆုံး ငါးနိုင်ငံအဖြစ် အစဉ်လိုက် ရပ်တည်သည်။

ဗြိတိန်နိုင်ငံက အဆင့် (၁၃) တွင် ရပ်တည်သည်။ အိုင်ယာလန်ကား အဆင့် (၁၁) ဖြင့် ရပ်တည်သည်။ အမေရိကန် နိုင်ငံကား ထိပ်ဆုံးနိုင်ငံ (၂၀) စာရင်းထဲကိုပင်မ၀င်။ ရုရှားသည်လည်း ယူကရိန်း အရေးနှင့် ကရိုင်းမီးယား အရေးတို့တွင် နာမည် ထိခိုက်မှုများ ရှိခဲ့သဖြင့် ထိပ်ပိုင်းစာရင်းထဲ မ၀င်နိုင်ခဲ့။ ကမ္ဘာလှည့် ခရီးသည် ပိုမိုဝင်ရောက်ရေး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု တိုးမြင့်ရရှိရေးတွင် နိုင်ငံ၏လေးစားခံရမှု ဂုဏ်သတင်းကောင်းသည် အထူးအရေးကြီးသည်။ နာမည်ကောင်း ထွက်လေ ထိုကဏ္ဍနှစ်ရပ်တွင် နိုင်ငံသည် တိုးတက်လေ ဖြစ်သည်။

ထို့အပြင် နိုင်ငံ အရွယ်အစားနှင့် သြဇာထက် နိုင်ငံသားများ ပျော်ရွှင်ကျေနပ်နှုန်းက ထိုနိုင်ငံ၏ လေးစားခံရနှုန်း အပေါ် ပိုအဆုံးအဖြတ် ပေးကြောင်းလည်း သိရသည်။

၁။ ကနေဒါ ၇၈ ဒသမ ၁ ရာခိုင်နှုန်း
၂။ နော်ဝေ ၇၇ ဒသမ ၁ ရာခိုင်နှုန်း
၃။ ဆွီဒင် ၇၆ ဒသမ ၆ ရာခိုင်နှုန်း
၎။ ဆွစ်ဇာလန် ၇၆ ဒသမ ၄ ရာခိုင်နှုန်း
၅။ သြစတြေးလျ ၇၆ ဒသမ ၃ ရာခိုင်နှုန်း
၆။ ဖင်လန် ၇၅ ဒသမ ၁ ရာခိုင်နှုန်း
၇။ နယူးဇီလန် ၇၅ ဒသမ ၀ ရာခိုင်နှုန်း
၈။ ဒိန်းမတ် ၇၄ ဒသမ ၅ ရာခိုင်နှုန်း
၉။ နယ်သာလန် ၇၃ ဒသမ ၇ ရာခိုင်နှုန်း
၁၀။ ဘယ်ဂျီယမ် ၇၂ ဒသမ ၃ ရာခိုင်နှုန်း

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service