စာတစ်ကြောင်း၏ တန်ဖိုး ကိစ္စအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
3470 Views

စာတစ်ကြောင်း၏ တန်ဖိုး ကိစ္စအကြောင်း သိကောင်းစရာ

Knowledge | Posted by Zarni Kyaw

ကျစ်လစ်သိပ်သည်းစွာ ချုပ်ဆိုထားသော စာချုပ်တစ်ခု၏ စာကြောင်းတစ်ကြောင်းသည် တန်ဖိုးအားဖြင့် ကြီးမားတတ်ပါသည်။ ရံဖန်ရံခါ စာလုံးတစ်လုံးသည်ပင် နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ပြည့်၍နေပါသည်။ စာလုံးတစ်လုံးကို ဖြုတ်လိုက်ပါက စာ၏တန်ဖိုး ကျသွားနိုင်ပါသည်။ ဖြုတ်လိုက်သည့် စာလုံးနေရာတွင် အခြား စာတစ်လုံး အစားထိုးခြင်းဖြင့် စာ၏အဓိပ္ပာယ်ကို ပြောင်းလဲစေပါသည်။ ထိုအခါ စာချုပ်၏တန်ဖိုးပါ ပြောင်းလဲသွားနိုင်ပါသည်။

``ပြုရမည်´´နှင့် ``ပြုနိုင်သည်´´ဟူသော စကားလုံး နှစ်လုံးသည် အဓိပ္ပာယ်အားဖြင့် မူများစွာ ခြားနားလှပါသည်။ Shall နှင့် May သည် ဥပဒေပြဋ္ဌာန်းမှုတွင် အရေးပါသောကိစ္စ ဖြစ်ပါသည်။ Shall သည် မပြုမနေရ ပြုကိုပြုရမည့်သဘော ဖြစ်ပါသည်။ May မှာမူ ပြုလိုက ပြုနိုင်သည်။ မပြုလိုက မပြုဘဲ နေနိုင်သည်ဆိုသည့်သဘော အဓိပ္ပာယ်ဖြစ်ပါသည်။

အလားတူ စာချုပ်ချုပ်ရာတွင် စာတစ်ကြောင်း ကျန်ရစ်ခြင်း၊ ယင်းကျန်ရစ်ခဲ့သည့် စာတစ်ကြောင်းကြောင့် အခက်ကြုံရခြင်း၊ စာတစ်ကြောင်း၏ တန်ဖိုးကို သိစေနိုင်ခြင်းအလို့ငှာ နမူနာ ဖြစ်စဉ်တစ်ရပ်ကို ကောက်နုတ်တင်ပြပါမည်။

အရောင်းအဝယ်စာချုပ်တစ်ခုတွင် ဖြစ်ပါသည်။ ရောင်းသူက ဦးဘ ဖြစ်ပြီး၊ ဝယ်သူက ဦးမြ ဖြစ်ပါသည်။ ဦးဘ အမည်ပေါက်ပိုင် မြေကွက်ကို ကျပ်သိန်း(၁၀၀)တိတိဖြင့် ဦးမြက ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ်တစ်ရပ် ပြုလုပ်ချုပ်ဆိုပါသည်။ စာချုပ်ချုပ်သောနေ့တွင် ငွေကျပ် သိန်း(၂၀)ကို စရန်ငွေအဖြစ် ဦးမြက ဦးဘကို ပေးပါသည်။ တစ်လပြည့်သောနေ့တွင် ငွေကို အပြီးပေးချေရန်နှင့် ဦးဘက ဦးမြကို မှတ်ပုံတင်စာချုပ်ပြုလုပ်၍ အပြီးလွှဲပြောင်းပေးရန် သဘောတူခဲ့ကြပါသည်။

ဤသို့ ဦးမြမှ စရန်ငွေပေး ဝယ်ထားပြီးနောက်တွင် ထိုမြေကို ဝယ်ယူလိုသူများ ပေါ်ပေါက်၍လာပါသည်။ ဦးမြ စရန်ပေး၍ ဝယ်ထားမှန်းသိသဖြင့် ဦးမြအားပြန်ရောင်းပါရန် ဝယ်လိုသူတစ်ဦးက တောင်းဆိုပါသည်။
ငွေကျပ်သိန်း(၁၅၀)ပေး၍ ဝယ်ပါသည်။ ဦးမြလည်း အမြတ်ရသည့်အတွက် နောက်ဝယ်သူအား သိန်း(၁၅၀)ဖြင့် ရောင်းချလိုက်ပါသည်။ သို့သော် ဦးမြသည် မြေအမည်ပေါက်သူ မဟုတ်သေး။ သို့ဖြစ်ရာ တရားဝင် မှတ်ပုံတင်စာချုပ်ကြီး ပြုလုပ်၍ ၎င်းထံမှ ဝယ်သူအား လွှဲပြောင်းမပေးနိုင်သေးသည့် အနေအထားဖြစ်ပါသည်။

ထို့ကြောင့် ဦးမြက ဦးဘအား အကူအညီတောင်းပါသည်။ တစ်လပြည့်သည့်နေ့တွင် ဦးမြမှ ငွေအပြီး ပေးချေပါက ဦးဘကလည်း ဦးမြသို့ တရားဝင်မှတ်ပုံတင်စာချုပ် ပြုလုပ်၍ အပြီးလွှဲပြောင်းပေးမည်ဆိုသည့် သဘောတူညီချက်အတိုင်း တစ်လပြည့်သည့်နေ့တွင် ကျန်ငွေသိန်း(၈၀)ကို အပြီးပေးချေပါမည်။သို့သော်တရားဝင်မှတ်ပုံတင်စာချုပ်ပြုလုပ်ပြီး လွှဲပြောင်းရာတွင် မိမိအမည်အစား မိမိထံမှ ထပ်ဝယ်သူအမည်သို့သာ လွှဲပြောင်းချုပ်ဆိုပေးပါရန် တင်ပြပါသည်။

ထိုအခါ ဦးဘက စာချုပ်ပါ သဘောတူညီချက်အရ ဦးမြသို့သာ လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် အခြားသူသို့ လွှဲပြောင်းမပေးနိုင်ကြောင်း၊ အခြားသူသို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်းကိုလည်း သဘောတူညီမှု မရှိကြောင်းဖြင့် ငြင်းဆိုပါသည်။

အကယ်၍ ဦးမြညွှန်ပြသူ၏ အမည်သို့ လွှဲပြောင်းပေးရမည်ဆိုပါက စာချုပ်တွင် သဘောတူထားမှုမရှိသောအချက်ကို ပြုလုပ်ပေးရာ ရောက်ပါမည်။ထိုအချက်ကို ပြုလုပ်ပေးစေလိုပါက ငွေ(၁၀)သိန်း ပေးရမည်ဟု ပြောဆိုလာပါသည်။

ဦးမြသည်ဦးဘ တောင်းဆိုသည့်အတိုင်း ငွေ(၁၀)သိန်းကို
ပေးလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် မှတ်ပုံတင်စာချုပ်ကြီးချုပ်ရာတွင် ၎င်းအမည် မပါဝင်တော့သည်ဖြစ်၍ အမြတ်ခွန်ကိစ္စများစွာ လွတ်ကင်းသွားသောကြောင့် ဖြစ်ပါသည်။

အကယ်၍သာ ဦးမြသည် ဦးဘနှင့် ချုပ်ဆိုသည့်စာချုအ်တွင် အောက်ပါစာကြောင်းကို ထည့်သွင်းချုပ်ဆိုထားခဲ့မည်ဆိုပါက ဦးဘ ထပ်တောင်းသည့် ငွေကို ပေးရန်မလိုဟု ဆိုရပါမည်။ ယခုမူ အောက်ပါစာကြောင်း ကျန်ရှိခဲ့ခြင်းကြောင့် ဦးဘ တောင်းသည့် ငွေ(၁၀)သိန်းကို ဦးမြ ပေးလိုက်ရပါသည်။ ကျန်ခဲ့သည့် စာကြောင်းတစ်ကြောင်းသည် ဦးဘ တောင်းသောငွေ(၁၀)သိန်းနှင့် ညီမျှသောတန်ဖိုး ရှိနေပါသည်။

``ဦးမြမှ ငွေအပြီးပေးချေ၍ ဦးဘက မှတ်ပုံတင်စာချုပ်ဖြင့် အပြီးလွှဲပြောင်းပေးရာတွင် ဦးမြ (သို့မဟုတ်) ဦးမြမှ ညွှန်ပြသောသူသို့ လွှဲပြောင်းပေးမည်ဆိုသော အချက်ကို ရောင်းသူ ဦးဘက သဘောတူပါသည်။´´ဟူ၏။

Credit: U Kyaw Zaya (Law)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service