အိမ်ခြံမြေအခြေခံသတ်မှတ် ဈေးမကျနိုင်သော်လည်း ခေါ်ဈေး မြင့် အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းနိုင် - Property News in Myanmar from iMyanmarHouse.com
1530 Views

အိမ်ခြံမြေအခြေခံသတ်မှတ် ဈေးမကျနိုင်သော်လည်း ခေါ်ဈေး မြင့် အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းနိုင်

ယခုလက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်ပေါ်နေသော်လည်း ကာလ အိမ်ခြံ မြေ အခြေခံသတ်မှတ်ဈေးနှုန်းမှာ မကျဆင်းနိုင်သော်လည်း ခေါ်ဈေးမြင့် အိမ်ခြံမြေဈေးနှုန်းများမှာတော့ ကျဆင်း လာနိုင်ကြောင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်လေ့လာသုံးသပ်သူအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ လက်ရှိအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အားဖြင့်အေးနေပြီး၊ ဈေးနှုန်းအားဖြင့်လည်း မတည် ငြိမ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးနေသည့်အ တွက် ဈေးနှုန်းပါကျဆင်းလာနိုင်ကြောင်း ဈေးကွက်အတွင်းသတင်းများပြန့်နှံနေကြောင်းလည်းသိရသည်။ သို့ ရာတွင် အိမ်ခြံမြေဈေးကွက်သုံးသပ်သူများမှာ လက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်မှာ ဆက်လက်ပြီး အရောင်းအဝယ်အေးနိုင်ပြီး ဈေးနှုန်းအားဖြင့် အခြေခံသတ်မှတ်ထားသည့်ဈေးနှုန်းများမှာ မကျနိုင်သော်လည်း ခေါ်ဈေးမြင့် အိမ်ခြံမြေတို့သာ ဈေးနှုန်းကျနိုင်ကြောင်း သုံးသပ်ထားသည်။ “ အရောင်းအဝယ်ကတော့ အေးနေဦးမှာပဲ။ အခြေခံ သတ်မှတ်ထားတဲ့ဈေးတွေ ကတော့ မကျနိုင်ဘူး။ အရမ်းခေါ်ဈေးမြင့်တဲ့ မြေကွက်တွေ ကတော့ ဈေးနည်းနည်းကျလာနိုင်တယ်။

ဈေးကျတာမလိုချင်ရင်တော့ မရောင်းဘဲကိုင်ထားဖို့ပဲရှိတယ်” ဟု ဝါရင့် အိမ်ခြံမြေဈေးကွက်လေ့လာသုံးသပ်သည့် ပညာရှင်တစ်ဦးက iMyanmarHouse သို့ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိ ဒေါ်လာဈေးမြင့်တက်နေခြင်းကလည်း ပြည်တွင်းစီးပွားရေးကို ခက်ခဲမှုဖြစ်ပေါ်စေသည့်အတွက် ယခုပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာလည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် အရောင်းအဝယ်တန့်နေပြီး ဒေါ်လာ ဈေးမှာလည်း တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ်အထိမြင့်တက်လာနိုင်ကြောင်း သိရသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service