မန္တလေး အိမ်ခြံမြေ ရာဖြတ်တန်ဖိုးအား ပြန်လည်ပြင်ဆင်ပေးရန် တင်ပြသွားမည် - Property News in Myanmar from iMyanmarHouse.com
1313 Views

မန္တလေး အိမ်ခြံမြေ ရာဖြတ်တန်ဖိုးအား ပြန်လည်ပြင်ဆင်ပေးရန် တင်ပြသွားမည်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အိမ်ခြံမြေစည်းကြပ်နှုန်းထားတွင် ဈေးကွက်ပေါက်ဈေးထက် များနေသောကြောင့် နှုန်းထားအသစ် ပြန်လည်ပြင်ဆင်ပြီး ၀န်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ပြောသည်။

၎င်းက “ရာဖြတ်တန်ဖိုးတွေက ထွက်ပြီ၊ အနိမ့်ဆုံးတန်ဖိုးသတ်မှတ်တာကိုက အမှန်တကယ်အပြင်ပေါက်ဈေးထက် များနေတယ်၊ အဲဒါကြောင့် ပြန်ပြင်ပြီး ပြန်တင်ပါ့မယ်”ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးက ဇွန်လနောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည့် ယခု ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေစည်းကြပ်နှုန်းထား (ရာဖြတ်တန်ဖိုး)တွင် မန္တလေးမြို့လယ်ကောင်ဖြစ်သည့် ချမ်းအေးသာစံမြို့နယ်နှင့်မန္တလေးမြို့သစ်စီမံကိန်းများရှိသည့် ချမ်းမြသာစည်မြို့နယ်တို့မှအိမ်၊ခြံ၊မြေရာဖြတ်တန်ဖိုးတို့သည် လက်ရှိ ပေါက်ဈေးထက် များနေသည်ဟု ဆိုသည်။

မန္တလေးမြို့တွင် အမှန်တကယ်ဈေးကွက်တွင် အများစု အရောင်းအ၀ယ်ဖြစ်လျက်ရှိသည့် မြေအကျယ်အ၀န်း အတိုင်းအတာသည် ပေ ၄၀ x ၆၀ အကျယ် မြေကွက်များ ဖြစ်သော်လည်း ရာဖြတ်တန်ဖိုးတွက်ချက်သတ်မှတ်ရာတွင် တစ်ဧက နှုန်းဖြင့် သတ်မှတ်သောကြောင့်လည်း ယခုလို ဈေးကွက်နှင့် ကွာဟမှုဖြစ်ရသည့်အကြောင်းအရင်းတစ်ချက်လည်း
ဖြစ်သည်ဟုမန္တလေးမြို့ရှိအိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးနေလင်းအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာမြင့်ကြူက “အားလုံးကျေနပ်အောင် ဥပဒေနဲ့အညီလုပ်ပေးရမှာပါပဲ၊သူတို့များတယ်လို့ပြောတဲ့ နေရာတွေမှာ Spot Check လုပ်သွားမယ်၊ တကယ်များနေရင် ပြင်ပေးဖို့ ၀န်မလေးပါဘူး၊ အဲဒီအတွက် ဘယ်ဘက်မှ ဘက်မလိုက်ပါဘူး၊ ကျနော်က Judge ပဲ”ဟု ဆိုသည်။

အထက်ပါဌာနအသီးသီးအလိုက် တင်ပြသည့် ဈေးနှုန်းများကိုလည်းကောင်း၊ မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များထံမှ အကြံဥာဏ်များကိုလည်း ရယူကာအားလုံးစုပေါင်းပြီးသင့်လျော်သည့်
နှုန်းထားတစ်ခုဖြစ်အောင် သတ်မှတ်ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောကြားသည်။

ထိုသို့ ရာဖြတ်တန်ဖိုးတွက်ချက်ရာတွင် အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီးအဆင့် ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး၊စီမံကိန်းရေးဆွဲရေးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ပါဝင်ဖွဲ့စည်းထားသည့်တာဝန်ယူဆောင်ရွက်
ရခြင်းဖြစ်သည်။

ထို့အပြင် အိမ်ခြံမြေအကျိုးဆောင်များက ရာဖြတ်တန်ဖိုးအား တစ်ဧကဈေးဖြင့်တွက်ချက်ခြင်းထက် ပေနှင့်တွက်ချက်ပေးရန် တောင်းဆိုချက်အပေါ်တိုင်းဒေသကြီးအိမ်ခြံမြေကာလတန်ဖိုးစိစစ်ရေးအဖွဲ့နှင့်ညှိနှိုင်းပြီးအဆင်ပြေပါက ဆောင်ရွက်ပေးမည်ဟု ၀န်ကြီးက ပြောသည်။

ယခင်ဘဏ္ဍာနှစ်က အိမ်ခြံမြေစည်းကြပ်နှုန်းထားတွင်လည်း မန္တလေးခရိုင် ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ် တို့တွင် ပေါက်ဈေးထက် များနေသည်ဟု ဆိုသောကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှကွင်းဆင်းစစ်ဆေးကာ ပြန်လည်
ပြင်ဆင်ပေးခဲ့သည်ဟု ဆိုသည်။

ရာဖြတ်နှုန်းထားသည် လက်ရှိဈေးထက် များပြားနေပါက “အခွန်ရာဖြတ် မခံတော့ဘဲ GP (General Power)၊ SP (Special Power) လွှဲပြီး အရောင်းအ၀ယ်လုပ်ကြမယ်၊ အိမ်ခြံမြေပိုင်ဆိုင်မှုတရားဝင် မှတ်ပုံတင်စာချုပ်မချုပ်ရင် ပိုင်ဆိုင်မှုအရ အငြင်းပွားစရာတွေ ဖြစ်လာနိုင်မယ်”ဟု မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဦးတင်မောင်က ပြောသည်။

အသင်းက ပြန်လည်ပြုပြင်နေသည့် ရာဖြတ်နှုန်းထားများအား ယခုဇူလိုင်လကုန်တွင် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြမည်ဟု ဆိုသည်။

Credit : Irrawaddy News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service