စည်ပင်ပိုင်မြေများကို မည်သူ့ကိုမျှ အပိုင်ပေးထားခြင်းမရှိဘဲ အငှားချစနစ်ဖြင့်သာ လုပ်ပိုင်ခွင့်ပြုလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1381 Views

စည်ပင်ပိုင်မြေများကို မည်သူ့ကိုမျှ အပိုင်ပေးထားခြင်းမရှိဘဲ အငှားချစနစ်ဖြင့်သာ လုပ်ပိုင်ခွင့်ပြုလျက်ရှိ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် မြေကွက်လွတ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ချထားပေးရာတွင်မြို့ပြဖွံ့ဖြိုးရေးအတွက် မည်သူ့ကိုမျှ အပိုင်ပေးခြင်းမရှိဘဲBOTစနစ်ဖြင့်သာ
နှစ်ရှည်ငှားရမ်းပေးနေကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ သတင်းရရှိသည်။

”ဘယ်သူ့ကိုမှ အပိုင်ပေးလိုက်တာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ မြို့ပြဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး အငှားချပေးထားတာပဲ ရှိပါတယ် ”ဟု မြေယာဌာနမှ ဒုဌာနမှူး ဒေါက်တာ တိုးအောင်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အုပ်ချုပ်နေသည့် နယ်နိမိတ်မှာ မြို့နယ်ပေါင်း ၃၃ မြို့ နယ်၊ အကျယ်အဝန်း၃ဝ၆စတုရန်းမိုင်ရှိပြီးယင်းဧရိယာအတွင်း နေထိုင်သူ ၅ ဒသမ ၂၁ သန်း ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိအချို့သော မြေကွက်လွတ်များမှာ သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးမှ ရယူပိုင်ဆိုင်ထားသည့် မြေကွက်လွတ်များ၊ တပ်မတော်မှ ပိုင်ဆိုင်သည့် မြေကွက်လွတ်များ၊ ပုဂ္ဂလိကပိုင် မြေကွက်လွတ်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်
မြေကွက်လွတ်များ ဟူ၍ ခေါင်းစဉ်အမျိုးမျိုးဖြင့် ရယူထားကြပြီး ဝန်ကြီးဌာနအသီးသီးမှ မိမိတို့၏ အစီအစဉ်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို
လုပ်ဆောင်လျက် ရှိနေသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဧရိယာအတွင်း မြို့တော်စည်ပင်ပိုင် မြေကွက်လွတ်များ၏
အကျယ်အဝန်း၊ ထိုမြေကွက်လွတ်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မည်သို့သောစနစ်ဖြင့် လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုထားသည်ဆိုခြင်းနှင့်
ပတ်သက်၍ The Trade Times ၏ မေးမြန်းချက်ကို ဒေါက်တာ တိုးအောင်က ”အဲဒါကတော့ ပြောရ ခက်တယ်။
စည်ပင်ပိုင်မြေကလည်း နည်းနည်းပဲရှိတယ်။
စည်ပင်မြေကို ပုဂ္ဂလိကို ပေးလိုက်တာလည်း ရှိပါတယ်။ ဧရိယာအတိအကျပြောဖို့ ခက်တယ်။ Data တွေကို ပြန်ပြီးပြုစု ရဖို့လည်း ရှိတယ်”ဟု ပြောသည်။

စည်ပင်ပိုင်မြေများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းချထားရာတွင် တည်ဆောက်-လုပ်ကိုင်လွှဲပြောင်းသည့်စနစ်
(Build, Operate, Tranfer-BOT) ဟူသည်မှာ ကနဦး နှစ် ၅ဝ၊ ထပ်တိုး ၁ဝ နှစ် နှစ်ကြိမ်စီဖြင့် စုစုပေါင်း နှစ် ၇ဝ
ငှားရမ်းပေးသည့် စနစ်ဖြစ်သည်။

”တပ်ပဲပိုင်ပိုင်၊ စည်ပင်ကပဲ ပိုင်ပိုင် နောက်ဆုံးတိတိကျကျ ပြောရရင် ပြည်သူပိုင်မြေပဲ။
နာမည်သာ ကွဲကြတာ။ BOT နဲ့ ချပေးတယ်ဆိုရင်လည်း အနာဂတ် ပြည်သူအကျိုးအတွက်ဆိုရင် လက်ခံလို့ရပါတယ်။
ဥပမာရှန်ဂရီလာဟိုတယ်ဆိုတာစည်ပင်အပိုင်၊ နှစ်ရှည်သူ့ကို ငှားထားတယ်။ ပြီးရင် သူ ပြန်အပ်ရမယ်။BOT နဲ့ ချပေးတော့မယ်ဆိုရင်ခင်ဗျားဘယ်လောက်မြတ်မယ်၊ခင်ဗျားဘယ်လောက်ရမယ်ဆိုတာ ကို တွက်ချက်ပြနိုင်ရမယ်။
Future Plan ကြည့်ပြီး ငှားတဲ့ နှစ်ကို ပြန် သတ်မှတ်မယ်။ အခုငှားနေတဲ့ နှစ် ၅ဝ လည်း မပေးသင့်ပါဘူး” ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် (၇) ဦးခင် လှိုင်က The Trade Times နှင့်
သီးခြားတွေ့ဆုံစဉ် ပြောသည်။

ကနဦး နှစ် ၅ဝ ငှားရမ်းပေးကာ ထပ်တိုး ၁ဝ နှစ် နှစ်ကြိမ် စုစု ပေါင်း နှစ် ၇ဝ ကိုBOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့ခြင်းသည် နောင်အနာဂတ်တွင် ပိုင်ဆိုင်မှုဆိုင်ရာ ပြဿသနာများကို ဖြစ်ပွားစေ နိုင်သည့်
အပြင်ခေတ်မီမြို့ပြဖွံ့ဖြိုး ရေးအတွက် လုပ်ငန်းများအား တိုးချဲ့ရာတွင်လည်း မြေနေရာရှားပါးမှု ပြဿသနာများ
ဖြစ်ပွားစေသည့်အတွက်BOT စနစ်ဖြင့် မြေနေရာများကို ငှားရမ်းမည်ဆိုပါက ပညာရှင်များနှင့် တိုင်ပင်ကာ ရေရှည်အကျိုး တွက်ချက်ပြီးမှသာငှားရမ်းပေးရန် လိုအပ်ကြောင်း အိမ်ခြံမြေအရေးစိတ်ဝင်စားသူများကသုံးသပ်အကြံ
ပြုကြသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service