မြို့သစ်စီမံကိန်း ခုနစ်ခုအတွင်းရှိ လယ်မြေများကို တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ သာ ပေးလျော်ရန် လွှတ်တော်က အတည်ပြုထား - Property News in Myanmar from iMyanmarHouse.com
1733 Views

မြို့သစ်စီမံကိန်း ခုနစ်ခုအတွင်းရှိ လယ်မြေများကို တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ သာ ပေးလျော်ရန် လွှတ်တော်က အတည်ပြုထား

ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် ဖော်ထုတ်မည့်မြို့သစ်စီမံကိန်း ခုနစ်ခုအတွက်မြေ ဧက တစ်သိန်းကျော် အသုံးပြုသွားမည်ဖြစ်ကာယင်းလယ်မြေများကိုလည်း
မြေတစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ နှုန်းဖြင့်သာ
ပေးလျော်သွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြလာသည့်ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း၂ဝ၄ဝအရ မြေဧက
ပေါင်းတစ်သိန်းကျော်တွင် အကောင်အထည်ဖော်မည့်
မြို့သစ်စီမံကိန်း ခုနစ်ခုအတွက် လိုအပ်သည့် မြေနေရာများ ရရှိဆောင်ရွက်နိုင်ရန် မူလလက်ငုတ်လက်ရင်း ပိုင်ဆိုင်သည့်
လယ်သမားများကိုလည်း တစ်ဧကလျှင် ကျပ် ၁ဝဝ နှုန်းဖြင့် ပေးလျော်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က တင်ပြခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံဆွေးနွေး အတည်ပြုခဲ့ပြီး ဖြစ်သည်။

”အစိုးရက လုပ်တဲ့လမ်းကြောင်းတွေက
မှားနေလို့ ကျွန်တော်ကန့်ကွက်ထားတယ်။ တစ်ဧကကို သိန်း ၁ဝဝ လျော်မယ်လို့ပဲ ပြောသွားတယ်။ ဒီကိစ္စက ပြဿသနာကြီးတယ်။
အရင်ခေတ်က လှည်းကူးဘက်ခြမ်းမှာ ပုဂ္ဂိုလ်ကြီးတစ်ယောက်က မြေတွေကိုသိမ်းပြီး တစ်ဧကကို သုံးသိန်းပဲ လျော်ခဲ့တယ်။ပြီးတော့ မြေကို ပြန်ခွဲပြီး ရောင်းတာ တော်တော်မြတ်သွားတယ်။ ဒီနေ့ သူကအထင်ကရ ပုဂ္ဂိုလ်ကြီး ဖြစ်နေတယ်။စီမံကိန်းတွေကိုလက်ရှိအစိုးရကအကောင်အထည်ဖော်တာဖြစ်ပြီး စကားရပ်အနေနဲ့ပဲပါတာ တွေ့ရတယ်။
လက်တွေ့မှာဘယ်လိုရှင်းကြမလဲဆိုတာ နောက်အနေအထားပုံစံနဲ့ရှင်းရမှာ ဖြစ်တယ်။ လတ်တလောပုံစံ ဖြေရှင်းတဲ့
အခြေအနေပဲ ဖြစ်နိုင်တယ်။ တိုင်းဒေသကြီးအစိုးရ လုပ်နည်းလုပ်ဟန်ကမှားလို့ ကန့်ကွက်ထားတယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၅) အုပ်ချုပ်ရေး အပိုဒ်ခွဲ ၂၅၁ အရတိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများ နှင့်သော်လည်းကောင်း၊
ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး (သို့) ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့်သာ
အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖော်ပြထားသည်။

မြို့သစ်စီမံကိန်း ခုနစ်ခုအတွက် မြေများကို သိမ်းဆည်းဆောင်ရွက်သွားမည်ဆိုသော်လည်း စီမံကိန်းဧရိယာအတွက် နေထိုင်နေသည့် မူလပိုင်ရှင် လယ်သမားများအတွက် ခိုင်မာသေချာသည့် အာမခံချက်များ၊ ကတိကဝတ်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ဦးစွာပေးအပ်ထားပြီးမှသာ စီမံကိန်းလုပ်ငန်းများကို အောင်အောင်မြင်မြင်ဖြင့် အကောင်အထည်ဖော်နိုင် မည်ဖြစ်သည်။

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂ဝ၄ဝ အရ ရန်ကုန်မြို့တော်သစ်များတိုးချဲ့ရန်အတွက် ဦးစားပေးအစီအစဉ်များဖြင့် လွှတ်တော်တွင် တင်ပြခဲ့ပြီး ဦးစားပေး (၁) အဖြစ် ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇,၃၇၅ ဧက၊(၂) ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ် ၂၁,၇၁၆ ဧက၊ (၃) သန်လျင် မြို့သစ် ၂၁,၁၉၃ ဧက၊ (၄) ဒလ မြို့သစ် ၁၅,၁၇၃ ဧက၊(၅) ထန်းတပင်မြို့သစ် ၂၄,၇၄၈ ဧက၊ (၆) မှော်ဘီမြို့သစ် ၁၁,၅၉၄ ဧကနှင့် ဦးစားပေး (၇) အနေဖြင့် လှည်းကူး မြို့သစ် ၆,၉၃၃ ဧက
စုစုပေါင်း ၁၁၈,၇၃၂ ဧက ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းမှာ ဒုတိယဦးစားပေးစီမံကိန်းတွင် ပါဝင်သည်။

”လွှတ်တော်မှာအတည်ပြုထားတာက မြို့သစ်စီမံကိန်း ခုနစ်ခုအတွက် မြေသိမ်းဖို့ပဲအတည်ပြုခဲ့တာဖြစ်တယ်။ ဒါ့အပြင် လွှတ်တော်ကိုတင်ပြလာတဲ့ အချက်အလက်တွေအရလည်း မြေတွေကို တစ်ဧက သိန်း ၁ဝဝ နှုန်းနဲ့ပဲ လျော်မယ်လို့ သိရတယ်။

မြေကြိုဝယ်ထားတဲ့လူကိုတော့ သိန်း ၁,ဝဝဝ လျော်ပြီး လယ်သမားကျတော့ သိန်း ၁ဝဝ လျော်မယ်ဆိုရင် ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး။ အခုလက်ရှိ ဈေးကြီးကြီးနဲ့ ဝယ်ထားတဲ့သူတွေ နစ်နာနိုင်တယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက
ပြောသည်။

စီမံကိန်းဧရိယာအတွင်းမြေများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်ဝယ်ယူထားသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သလို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်သာမကမကြာသေးခင်ကာလ၌
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ယှဉ်ပြိုင်မှု ဥပဒေများနှင့်လည်းအရေးယူနိုင်သည်။

”စီမံကိန်းတစ်ခုကိုသတင်းကြိုသိလို့ မြေကိုကြိုတင်ဝယ်ထားရင် ငွေကြေးခဝါချမှုဥပဒေအပြင်ယှဉ်ပြိုင်မှုဥပဒေတွေနဲ
့လည်းငြိစွန်းတယ်။စီမံကိန်းလုပ်မယ်ဆိုရင်လည်း မြေသိမ်း
လုပ်ငန်းစမယ်။ တစ်ဧကကို သိန်း ၁ဝဝ လို့ သတ်မှတ်ထားရင် အားလုံးကို သိန်း ၁ဝဝ နဲ့ လျော်ရမယ်”ဟု ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service