ဧရာဝတီတိုင်းအတွင်း အကောင်အထည်ဖော်မည့် စက်မှုဇုန်များ လျှပ်စစ်မီးနှင့် မြေနေရာပြဿနာကြောင့် ကြန့်ကြာနေ - Property News in Myanmar from iMyanmarHouse.com
701 Views

ဧရာဝတီတိုင်းအတွင်း အကောင်အထည်ဖော်မည့် စက်မှုဇုန်များ လျှပ်စစ်မီးနှင့် မြေနေရာပြဿနာကြောင့် ကြန့်ကြာနေ

ဧရာဝတီတိုင်းတွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်ခုနစ်ခုအနက် ငါးခုသည် လျှပ်စစ်မီးနှင့် မြေနေရာ အခက်အခဲကြောင့် အကောင်အထည်ဖော်ရန်ကြန့်ကြာနေပြီး ရပ်နားထားရကြောင်း သတင်းရရှိသည်။ လက်ရှိလုပ်ငန်းလည်ပတ်နေသော ပုသိမ်စက်မှုဇုန်နှင့်
တည်ဆောက်ရေး လုပ်ငန်းများလုပ်ကိုင်နေသည့် ကန်ကြီးထောင့်စက်မှုဇုန်တို့သာရှိပြီး ကျန်စက်မှုဇုန်များမှာ ရပ်နားထားကြောင်းဧရာဝတီတိုင်းစက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးစောမြသိန်း ကပြောသည်။

‘‘ကိုယ့်တိုင်းဒေသကြီးထဲမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံမရှိတာကလည်း လျှပ်စစ်ကို ခန့်မှန်းလို့ မရဘူး။ လယ်မြေ၀ယ်ဖို့ကလည်း စီမံကိန်းကြားတာနဲ့ ဈေးတွေတက်ကုန်လို့ အဆင်မပြေဘူး’’ဟု၎င်းကဆိုသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်စက်မှုဇုန်အပါအ၀င် ကန်ကြီးထောင့်၊ မအူပင်၊ ညောင်တုန်း၊ မြောင်းမြ၊ ၀ါးခယ်မနှင့်ဒေးဒရဲတို့တွင် စက်မှုလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများအတွက် စက်မှုဇုန်များ အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။

ယင်းတို့အနက် ပုသိမ်စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံလေးရုံဖြင့် လည်ပတ်နေပြီး၁၂ရုံ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဦးစောမြသိန်းကဆိုသည်။
ကန်ကြီးထောင့် စက်မှုဇုန်တစ်ခုတည်းသာလျှင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ မအူပင် စက်မှုဇုန်တွင် ADIDAS ကုမ္ပဏီက စက်ရုံဆောက်ရန် တင်ပြထား သော်လည်း မြေယာနှင့် လျှပ်စစ် မီးအခက်အခဲများကြောင့်ယခုအ ချိန်အထိ အကောင်အထည်မဖော်နိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

မအူပင်မြို့နယ်တွင် စက်ရုံစီမံကိန်း နှစ်ခုရှိပြီး မအူပင်မြို့မှ တစ်မိုင်ကျော်ကွာဝေးသည့် မင်းဘောကျေးရွာနှင့်နှစ်မိုင်ကျော် ဝေးသည့် ပန်သပွတ်ရွာတို့တွင် ဖြစ်သည်။ ထိုနေရာတွင် လယ်မြေများကို နိုင်ငံခြားကုမ္ပဏီများ လာရောက်ဝယ်ယူခြင်းမရှိသေးသော်လည်း မြေယာပွဲစားများက ၀ယ်ယူမှုများရှိနေကြောင်း မအူပင်မြို့ ဒေသခံများထံမှသိရသည်။

လယ်မြေများဝယ်ယူရာတွင် တစ်ဧကလျှင် ကျပ်သိန်း၂၀မှ ၂၅သိန်းအထိ ပေးဝယ်သဖြင့် လယ်သမားများ မရောင်းလိုကြောင်း သိရသည်။ လယ်သမားအများစုမှာ လယ်ယာမြေများကို ရောင်းချခြင်းမရှိသေးဘဲ အကြွေးဆပ်ရန် လိုအပ်သည့် လယ်သမားများသာ
ရောင်းချနေကြောင်းဒေသခံများထံမှ သိရသည်။

Credit: 7 Day News Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service